Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 18, 2014

ဒလကားကူး ကူးတို့ဆိပ်၌ ကုန်တင်ယာဉ် မြစ်ကမ်းစပ်သို့ ပက်လက်လန်လိမ့်ကျ



ဒလ ဖေဖော်ဝါရီ ၁၈

ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ်၌ ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၇ နာရီ ၁၅ မိနစ် နှင်းပိတ်ကျနေချိန်တွင် ကုန်တင်ယာဉ်တစ်စီး ဒလကားကူး ကူးတို့လေဆိပ်၌ မြစ်ကမ်းစပ်သို့ ပက်လက်လန်လိမ့်ကျမှု ဖြစ်ပွားခဲ့သည်။ မျက်မြင်တွေ့ရှိသူ တစ်ဦးက “ဒလဘက်မှ အဲဒီကုန်တင်ကားက ဒီဇက်ကူးဆိပ် ကျောက်ခုံတံတား လမ်းအတိုင်း ဆင်းသွားပြီး RORO II ဇက်ပေါ်အတက်မှာ နှင်းတွေကျနေတော့ နှင်းအစိုနဲ့ချော်ထွက်ပြီး နောက်ပြန်ဆုတ် လိမ့်ကျလာပါတယ်။ ယာဉ်နောက်လိုက်ကလည်း ကျမ်းတုံးနဲ့ လိုက်ခုတာမရဘဲ ကျောက်ခုံ လမ်း နောက်ဘက် ခြမ်းနံဘေး ရန်ကုန်မြစ်ကမ်းစပ်ထဲကို ပက်လက်လန် လိမ့်ကျသွားတာပါ”ဟု ဖွင့်ဟ ပြောပြခဲ့သည်။

အဆိုပါကုန်တင်ကားမှာ ပျော်ဘွယ်ကြီးကျေးရွာနေ ယာဉ်မောင်းစိန်မြင့် (၂၄ နှစ်)မောင်းနှင်လာသော ယာဉ်အမှတ် ၆က/-------ကင်န်တာ အမျိုးအစား ဖြူစိမ်းကျားဖြစ်ပြီး လိုက်ပါလာသူ ယာဉ်နောက်လိုက်နှင့် ယာဉ်မောင်းတို့ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ယာဉ်မှာ ပက်လက် လန်သွားကာ လေကာမှန်ပျက်စီးပြီး ရှေ့ခန်းအမိုး ချိုင့်ဝင်သွားခဲ့သည်။

အမှုကို အမှတ်(၄၉)ယာဉ်ထိန်း ရဲတပ်ဖွဲ့စု ရဲအုပ်မျိုးအောင်က တရားလိုပြု၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ စိန်မြင့် (၂၄ နှစ်)ကို ဒလမြို့မရဲစခန်းက အမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar

No comments:

Post a Comment