Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 15, 2014

ညောင်ကန်အေး ဆရာတော် ဘုရားကြီးနှင့် အဘမင်းသိင်္ခ၏ မြေတောင်းနည်း

တစ်ညသ၌ ကျွန်ုပ်တို့သည် အင်းစိန်၊ ကြို့ ကုန်းရပ်ရှိ ညောင်ကန်အေးကျောင်း တိုက်သို့ ရောက် သွားခဲ့ကြလေ၏။ ညောင်ကန်အေး ဆရာတော်ဘုရားကြီး ကျန်း မာရေး အနည်းငယ် ချူချာသည်ဟု သတင်းကြား သောကြောင့် ဆရာတော်ကြီးအား သွားရောက်ကန် တော့ကြခြင်းဖြစ်လေ၏။ အဘမင်းသိင်္ခ၏ တပည့်များဖြစ်ကြသော လှည်းကူးမြို့တွင် ဗေဒင်လည်းဟော၊ သာသနာရေး၊ သာရေးနာရေး ဝေယျာဝစ္စများနှင့်လည်း ၂၄ နာရီ ဆိုသလို အလုပ်များနေတတ်သည့် မယဉ်ယဉ်(ခေါ်) ဆရာမအေးချမ်းမြတ်နှင့် ချောက်မြို့မှ ဗေဒင်ဆရာမ ကြီး ဒေါ်စောလဲ့နွယ် မိသားစုတို့သည် ရှေးမဆွက ပင် ညောင်ကန်အေးဆရာတော်ကြီး၏ ဒကာရင်းများ ဖြစ်ကြလေ၏။
၂၀ဝ၉ ခုနှစ်မှစ၍ နှစ်စဉ် သြဂုတ်လ ၁ ရက်သို့ရောက်လေတိုင်း ကျွန်ုပ်တို့သည် အဘမင်း သိင်္ခ ဤမြေကမ္ဘာမှ ပြန်လည်ထွက်ခွာသွားခြင်း အ ထိမ်းအမှတ်အဖြစ် ဝါဆိုဆွမ်းနှင့် ဝါဆိုသင်္က္န်းကပ် ခြင်းတို့ကို ပြုလုပ်ကြလေရာ မယဉ်ယဉ်နှင့် ဆရာမ စောလဲ့နွယ်တို့က ချိတ်ဆက်ပေးသောကြောင့် ညောင်ကန်အေးကျောင်းတိုက်တွင် အဘမင်းသိင်္ခ࿿ ၏ကုသိုလ်အဖြစ် သင်္က္န်းကပ်လှူပွဲ၊ ဆွမ်းကပ်လှူ ပွဲများကို ပြုလုပ်ဖြစ်ခဲ့ကြလေ၏။
ထိုအခါကျမှပင် ကျွန်ုပ်တို့အနေနှင့်လည်း စကားစပ်မိကြကာ ၁၉၈၈ ခုနှစ်ဆီက ညောင်ကန် အေးဆရာတော်ကြီးနှင့် အဘမင်းသိင်္ခ၏ ဘဝတစ် ကွေ့တွင် ပတ်သက်ခဲ့ကြပုံများကို သိခွင့် ရခဲ့ကြရ ပါလေတော့၏။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးတွင် လူထုတရားပွဲများ၌ တရားဟောပြောခဲ့မှုဖြင့် အဘ မင်းသိင်္ခသည် ဝရမ်းပြေးကြီး ဖြစ်ခဲ့ရလေ၏။ (ကျွန်ုပ် အနေနှင့် အဘမင်းသိင်္ခ၏ နောက် ပေါက်ဝါနုမြေး တပည့်ကလေးတစ်ဦးမျှသာ ဖြစ်လေ သောကြောင့် အဘမင်းသိင်္ခ ဝရမ်းပြေးခဲ့စဉ်ကဘဝ ကို လုံးဝ သိမီခဲ့ခြင်းမရှိခဲ့ပါချေ။ သို့ရာတွင် အဘ၏ ဘဝတစ်ကွေ့မှ မှတ်တမ်းများကို တတ်စွမ်းသမျှ မှတ်တမ်းတင်ထားလိုသောကြောင့် အဘဝရမ်းပြေးခဲ့ စဉ်က ကူညီခဲ့သူ၊ ပံ့ပိုးခဲ့သူများ ရှိသည့်အနက် ဝရမ်း ပြေးကာလ အတော်များများတွင် အနစ်နာခံ ကူညီ ပေးခဲ့ဖူးသော ဆရာကြီးသိဒ္ဓိဆန်းနှင့် ဆရာမကြီး အေးချမ်းမြင့်တို့အား သွားရောက်တွေ့ဆုံ ကန်တော့ ကာ မေးမြန်းထားသည်များ ရှိပါသည်။
အဘ၏ညီတော်မောင် ဆရာဦးဝင်းဇော်၊ ညီမတော် ဒေါ်သန်းနုအောင်၊ ဦးစိုးမိသားစု(ပြည် မြန်မာဗွီဒီယိုရိုက်ကူးရေး)တို့အားလည်း တွေ့ဆုံဂါရဝ ပြု မေးမြန်းရပါဦးမည်။ အချက်အလက်များ စုံလင် သောအခါ အဘမင်းသိင်္ခ၏ ဝရမ်းပြေးဘဝ စိတ်ဝင် စားဖွယ် အကြောင်းအရာများကိုလည်း စွန့်စားခန်း ဝတ္ထုကြီးတစ်ပုဒ်သဖွယ် တင်ဆက်နိုင်ရန် ကြိုး ပမ်းနေပါသည်။) ထိုသို့ အဘမင်းသိင်္ခ၏ ဝရမ်းပြေးဘဝတစ် ကွေ့တွင် ညောင်ကန်အေးကျောင်းတိုက်သည်လည်း တစ်ထောင့်တစ်နေရာမှ အပါအဝင် ဖြစ်ခဲ့ ပါလေ၏။ ထောက်လှမ်းရေးများ၊ အင်ဖော်မာများ၊ သူ့လူကိုယ့် ဘက်သားများ၊ ကိုယ့်လူသူ့ဘက်သားများ ခြေချင်း လိမ်ကာ ပတ်ဝိုင်းပိတ်ဆို့ခံနေရချိန်၌ အဘမင်းသိင်္ခ࿿ သည် ညောင်ကန်အေးကျောင်းတိုက်သို့ ရောက် သွားခဲ့သည်ဟု ဆိုလေ၏။
 " တပည့်တော်ကို ကိုရင်ကြီးဘဝနဲ့ ဒီကျောင်း တိုက်မှာ ခေတ္တခဏ တည်းခိုခွင့်ပြုတော်မူပါဘုရား" ဟု အဘမင်းသိင်္ခ္က လျှောက်ထားလျှင် ညောင်ကန် အေးဆရာတော်ကြီး ကလည်း အခြားမည်သည့်အရာ ကိုမျှ ထည့်မတွက်တော့ဘဲ သတ္တဝါတစ်ခု ဘေးကင်း ရေးအတွက် ခွင့်ပြုပေးတော်မူခဲ့သည်ဟု ဆိုလေ၏။ ထိုစဉ်ကကျောင်းဆောင်သစ်ကြီးတစ်ဆောင် မှာ ဆောက်လုပ်လက်စတန်းလန်းဖြစ်နေရာ လှေ ကားပင် မတပ်ရသေးဘဲ လက်သမားသုံး ဝါးလှေ ကား အကြမ်းသာလျှင် ရှိသေးသည်ဟု ဆို၏။ ဆရာ တော်ကြီးသည် အဘမင်းသိင်္ခ࿿အား ထိုဆောက် လက်စကျောင်းဆောင်၏ အပေါ်ထပ်တွင် တည်းခို စေခဲ့ပြီး - " ဂီလာနကိုရင်ကြီးကို ဆွမ်းမှန်မှန်သွားပို့ကြ၊ သူ့ဟာသူ အေးအေးလူလူနေပါစေ ...၊ ဘယ်သူမှ သွားပြီး ပတ်ပတ်သက်သက် စပ်စပ်ယှက်ယှက် မလုပ်ကြနဲ့ .." ဟုလည်း ဆရာတော်ကြီးက ကျောင်းတိုက်တွင် အမိန့်ထုတ်ပေးခဲ့လေ၏။ ဤသို့ဖြင့် အဘမင်းသိင်္ခ࿿သည် ညောင်ကန် အေးဆရာတော်ဘုရားကြီး၏ မေတ္တာရိပ်အောက်တွင် ဘေးကင်းစွာ ခိုလှုံခွင့် ရခဲ့ဖူးသည်ဟု ကျွန်ုပ်တို့အနေ နှင့် ပြန်လည် ကြားသိရသောအခါ ဆရာတော်ကြီး အား အထူးပင် ပို၍ ကြည်ညိုမိကြရပါလေတော့၏။ ပြည်တွင်းပြည်ပ သာသနာပြုအရာ၌ စွမ်း ရည်ထက်မြက်လှသည့်အပြင် ဗဟုသုတအရာ၌ လည်း နှံ့စပ်တော်မူလှသော ညောင်ကန်အေးဆရာ တော်ကြီးသည် အဘမင်းသိခ်၏ ကုသိုလ်တော်အ ဖြစ် သင်္က္န်းကပ်ပွဲများ၌ ရေစက်ချတရားဟောကြား တော်မူရာ၌ ဗေဒင်ဆရာများအတွက်လည်း ဗဟုသု တလေးများ ဟောပြောဆုံးမလေ့ရှိပါလေ၏။
 " တစ်ခါတုန်းက တက္ကသိုလ်ဆရာကြီးဆီမှာ အဋ္ဌဌာရသပညာတွေ သင်ယူပြီး ပြန်လာကြတဲ့ သူ ငယ်ချင်းနှစ်ယောက်ဟာ လမ်းခရီးတစ်နေရာမှာ နွား နှစ်ကောင် အိပ်နေတာကိုမြင်တော့ အဲဒီနွားအနီနဲ့ နွားအပြာ နှစ်ကောင်မှာ ဘယ်နွားက အရင်ထမလဲ ဗေဒင်ပြိုင်ဟောရအောင်လို့ ပညာပြိုင်ကြတယ် ...၊ တစ်ယောက်က နွားအနီက အရင်ထမှာလို့ ပြောတယ် ...၊ တစ်ယောက်က အပြာက အရင် ထမှာလို့ ပြောတယ် ...၊ နွားအပြာက အရင်ထ သတဲ့ ...၊ အဲဒီတော့ နွားအနီ ထမယ်လို့ဟောတဲ့ လူငယ်က ]ဒီအချိန်မှာ စနေနံ၊ မီးဓာတ်ပေါ်မယ့် အချိန်ကွ၊ ဒါကြောင့် ငါက အနီရောင်နွားအရင်ထ မယ်လို့ဟောတာ၊ ဘာလို့လွဲသွားပါလိမ့်}ဆိုတော့ နောက်တစ်ယောက်က ]အေး ...ငါကလည်း စနေ နံမီးဓာတ်ပေါ်မှာမိုလို့ အပြာအရင်ထမယ်လို့ ဟော တာပါပဲကွာ ...}လို့ ပြန်ပြောလိုက်သတဲ့ ...၊ သူတို့နှစ်ယောက်လုံးရဲ့ ဗေဒင်ပညာအရ တွက်နည်းရော၊ ရလဒ်ရော နှစ်ယောက်လုံး မှန်နေ ပါလျက်နဲ့ နွားအနီနဲ့ နွားအပြာမှာ လာပြီးလွဲနေတယ်၊ အဲဒီတော့ ပညာချင်း၊ ရလဒ်ချင်းတူပေမယ့် အတွေး အခေါ်အယူအဆမှာ သွားပြီး ကွာခြားနေကြတာပေါ့၊ အဲဒီတော့မှ ဒုတိယလူငယ်က -
 " အေး ...ငါကလည်း မီးဓာတ်ပေါ်မှာမို့လို့ နွားအပြာ အရင်ထမှာလို့ ဟောလိုက်တာပါ ...၊ မင်းက မီးဆိုတာနဲ့ အနီရောင်ကိုပြေးပြီး မြင်လိုက် တော့တာကိုး ...၊ တကယ်ကတော့ မီးတောက်မီး ညွန့်တွေရဲ့အပေါ်မှာ မီးခိုးအပြာ ရှိနေတယ်လေကွာ၊ အပြာက အရင်တက်လာတာမို့ ငါက နွားပြာ အရင် ထမှာလို့ ဟောတာပေါ့ကွ ..." လို့ ပြန်ရှင်းပြလိုက် သတဲ့ ... စသည်ဖြင့် ဗေဒင်ပညာရှင်များ အထူးမှတ် သားဆင်ခြင်ဖွယ် ဗဟုသုတများကိုလည်း ဆရာ တော်ကြီးက မိန့်ကြားလေ့ရှိလေ၏။ ဆရာတော်ကြီးသည် ကျွန်ုပ်တို့အပေါ်၌ လည်း တပည့်သားရင်းများပမာ အထူး ဂရုတစိုက် ရှိတော်မူခြင်း၊ အဘမင်းသိင်္ခ࿿အပေါ် ကျေးဇူးတရား ကြီးမားခဲ့ဖူးသော ပုဂ္ဂိုလ်ဖြစ်ခြင်း တို့ကြောင့် ကျွန်ုပ် အနေနှင့်ကလည်း ဆရာတော်ကြီးအပေါ် ဖခင်ကြီး တစ်ဦးပမာ သံယောဇဉ်ကြီးကြရပါလေတော့၏။ အင်းစိန် ကြို့ကုန်းရှိ ညောင်ကန်အေးစာသင် တိုက်ဝန်းအတွင်းတွင် လေးထပ်ယောဂီဆောင်သစ် ကြီး ဆောက်လက်စတန်းလန်းဖြစ်နေရာ ဆရာမ မယဉ်ယဉ်တို့က ဦးဆောင်လျက် တတ်စွမ်းသမျှ လှူဒါန်းလျက်ရှိလေ၏။ ကျွန်ုပ်တို့အနေနှင့်ကလည်း အဘမင်းသိခင်္ပေးခဲ့သော ပညာများဖြင့် ရရှိလာသော Óာဏ်ပူဇော်ခကလေးများထဲမှ စုဆောင်း၍ တတ်စွမ်း သမျှ ကုသိုလ်ပြု လှူဒါန်းလျက် ရှိကြပါလေ၏။ ထို့အပြင် မှော်ဘီမြို့နယ်အတွင်းရှိ ညောင် နှစ်ပင်ဒေသတွင်လည်း ညောင်ကန်အေး စာသင် တိုက်ခွဲနှင့် လောကချမ်းသာအေးစေတီတော်ကြီး စတင်တည်ထားတော်မူ လျက်ရှိလေရာ ကျွန်ုပ်တို့ အနေနှင့်လည်း အဘမင်းသိင်္ခ࿿၏ ကုသိုလ်တော်အ ဖြစ် တတ်စွမ်းသမျှ ပါဝင်လှူဒါန်းလျက် ရှိကြပါလေ ၏။
ယခုလည်း ဆရာတော် ဘုရားကြီး ကျန်းမာ ရေး ချူချာအားနည်းတော်မူသည်ဟု ကြားသော ကြောင့် သွားရောက်ကန်တော့ကြခြင်း ဖြစ်ပါလေ တော့၏။ ရုပ်ခန္ဓာက အားနည်းသော်လည်း ဆရာ တော်ကြီးမှာ ပကတိ ကျန်းမာနေသည့်သဖွယ် ဖူး တွေ့ရသောကြောင့် ကျွန်ုပ်တို့လည်း ဝမ်းသာမိရပါ လေ၏။ ကျွန်ုပ်တို့နှင့်တွေ့ပြီ ဆိုလျှင် ဆရာတော်ကြီး မကြာမကြာ ပြန်ပြောင်းပြောဆိုလေ့ရှိသော အဘ မင်းသိင်္ခ࿿၏ ဓာတ်ယတြာနည်းတစ်ခု ရှိလေ၏။ " အစတုန်းက ညောင်ကန်အေးကျောင်း တိုက်က သေးသေးလေးရယ် ...၊ ဟောဒီကျောင်း ဆောင်သစ်ကြီး ဆောက်ဖို့အတွက်နေရာမှာ စက်ရုံ ဟောင်းကြီးတစ်ခုရှိတယ် ...၊ အလှူရှင်တွေက အဲဒီနေရာကိုရရင် ကျောင်းကြီးဆောက်ပြီး လှူချင် ကြသတဲ့ ...၊ ဒါပေမဲ့ ခက်နေတာက အဲဒီမြေကို ဝယ်လို့မရဘူးဖြစ်နေတယ် ...၊ အဲဒါ ကျုပ်ကို လာပြောကြတော့ ကျုပ်က တော့ အဲဒါ ဘုန်းကြီးတို့ ကိစ္စမှမဟုတ်ဘဲ၊ ဒကာတွေကလည်းကျောင်းလှူချင်ကြောင်း တဂျီဂျီဖြစ်နေကြလေတော့ အဲဒီကိစ္စမျိုး က မင်းသိင်္ခ္တို့ကမှ ကျွမ်းကျင်တာလို့ မိန့်လိုက်ရတယ် ...၊ အဲဒီမှာ ကျောင်းဆောက်လှူဖို့ မြေဝယ်ချင် နေကြတဲ့ ဒကာ၊ ဒကာမ တွေလည်း မင်းသိင်္ခ္ဆီကို ပြေးကြသတဲ့၊ မကြာပါဘူး မြေကွက်ကိစ္စ အဆင်ပြေ သွားပြီး ဒီကျောင်းကြီး ဆောက်ဖြစ်သွား တယ် ...၊ အဲဒါနဲ့ ကျုပ်ကလည်း မေး ကြည့်မိတာ ပေါ့လေ ...၊ ဆရာမင်းသိင်္ခ࿿ က ဘာလုပ်ခိုင်းလိုက်သလဲဆိုတော့ ... " ပြည်တောင်းတစ်လုံးထဲမှာ မြေ ပဲတွေထည့်၊ ပြည်တောင်းဆိုတော့ ပြည် ကိုတောင်းတာပေါ့ ...၊ မြေပဲတွေထည့် ထားတော့ မြေပဲတောင်းတာပေါ့ ..၊ အဲဒီမြေပဲတောင်းကို မင်းမနိုင်အရပ်က ဘုရားမှာ သွားလှူပြီး ဆုတောင်းရမယ် ..." လို့ ပြောလိုက်သတဲ့ ...၊ ကျောင်း လှူချင်တဲ့ ဒကာ၊ ဒကာမတွေ အဲဒီအ တိုင်း ဆောင်ရွက်ပြီး မကြာပါဘူး မြေ ကွက် ဝယ်လို့ရသွားခဲ့တယ် ..." ဟူသော ဓာတ်ယတြာနည်းပင် ဖြစ်ပါလေတော့၏။
ယခုအခါ မြန်မာပြည်အနှံ့တွင် မတရားသဖြင့်ရော၊ တရားသဖြင့်ရော၊ တရားမဝင်ရော၊ တရားဝင်ရော ဇွတ် အတင်း သိမ်းဆည်းခံခဲ့ရသောကြောင့် မိမိတို့၏ ဘိုးဘွားပိုင်လယ်များ၊ မြေများ၊ အမည်ပေါက်မြေများကို ပြန်လည်ရယူလို ကြောင်းဖြင့် ငြိမ်းချမ်းစွာရော၊ ဇွတ်အ တင်းရော ပြန်လည်တောင်းဆိုနေကြ သည့်အသံများကို နေ့စဉ်နှင့်အမျှပွက် လောရိုက်အောင် ကြားနေရသည်ဖြစ် လေရာ ... အဆိုပါ အကြောင်းကြောင်းဖြင့် မြေရလိုကြပါသော ခုနစ်ရက် သားသမီး များအတွက် (တရားသဖြင့်ပေါ့နော် ...) အဘမင်းသိင်္ခ၏ မြေပဲတောင်း ဓာတ်ဆင် နည်းကို အမှတ်တရ ရေးသားဖော်ပြလိုက် ရပါပေတော့သတည်း။
ဤလောက၌ ကံ၊ ဥာဏ်၊ ဝီရိယ သုံးချက် ညီရန် အရေးကြီးလေရာ မြေ ရရှိရေးအတွက် မိမိတို့၏ ဉာဏ်စွမ်း၊ ဝီရိယစွမ်းတွင် ကံ၏ ပံ့ပိုးဖေးမမှုကိုပါ ရရှိနိုင်ကြပါစေကုန်သတည်း။
သဗ္ဗေဓမ္မော ဇင်ယော်နီ

No comments:

Post a Comment