Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 24, 2014

ဘတ်စကတ်ဘော လောကကို မွှေနှောက်ဦးမယ့် ၁၃ နှစ်အရွယ် ချာတိတ်


ကျွန်တော်တို့ ဟာ ဘတ်စကတ်ဘော အားကစားလောကမှာ ထွန်းတောက်လာမယ့် ကြယ်ပွင့်တစ်ပွင့်ကို မကြာမီမြင်တွေ့ ရဖို့ ရှိပါတယ်။ ဘတ်စကတ်ဘောသင်တန်းကျောင်းတွေကနေ လူငယ်ချာတိတ်တွေဖြစ်တဲ့ ဂျူလီယာ နယူးမန်း၊ တွန်မေကာ နဲ့ ဆဲဗန့် ဝုဒ်စ် တို့ ရဲ့ စွမ်းရည်ကို မြင်တွေ့  ခဲ့ရပါပြီးပြီ။

အခု ချေ့ စ်အဒမ်လို့ ခေါ်တဲ့ ချာတိတ်ကတော့ မိုက်ကယ်ဂျော်ဒန်လို အရပ် ခြောက်ပေခြောက်လက်မ မဟုတ်ပါဘူး။ အသက် ၁၃ နှစ်အရွယ်၊ လူကောင်သေးသေး၊ အရပ် ၄ ပေ ၁၁ လက်မသာရှိတဲ့ အဒမ်ဟာ ခုနှစ်တန်းမှာ တက်ရောက်သင်ကြားနေသူဖြစ်ပါတယ်။ မနှစ်က ခြောက်တန်းအရွယ်၊ အရပ် ၄ ပေ ၁၀ လက်မ သာရှိကတည်းက အဒမ်ဟာ တစ်နှစ်ကြီးတဲ့ ခုနှစ်တန်းကျောင်းသားတွေကို ဦးဆောင်ပြီး ကျောင်းပေါင်းစုံ ဘတ်စကတ်ဘောပြိုင်ပွဲမှာ ၅၆ - ၃ ဆိုတဲ့ အပြတ်အသတ်ရလဒ်စံချိန်ကို တင်ပေးနိုင်ခဲ့ပါတယ်။

ချေ့ စ်အဒမ်ရဲ့ ဘောလုံးထိန်းသိမ်းမှု နဲ့ ဖြတ်ကျော်မှု စွမ်းရည်ဟာ ဒီအရွယ် ချာတိတ်တစ်ယောက်အတွက် ထူးခြားနေလွန်းပါတယ်။ အဒမ်ဟာ သူ့ ထက် လူကောင်ကြီးတဲ့ ကစားသမားတွေကြားထဲမှာ ကစားဖော် ကီဇို ရဲ့ အကူအညီနဲ့ ကျားသစ်တစ်ကောင်လို ပြေးလွှားကစားပြီး နိုင်ပွဲတွေကို ဖန်တီးပေးနေသူပါ။

ချီကာဂိုမြို့ သား ချေ့ စ်အဒမ်ရဲ့ အံ့အားသင့်ဖွယ်အရည်အချင်းကို Ballislife Midwest ချန်နယ်က တင်ဆက်မှုအပြီးမှာ NBA ကစားသမားတွေရဲ့ ချီးကျူးအားပေးမှုကို အဒမ်တစ်ယောက် တစ်ခဲနက် ရရှိခဲ့ပါတယ်။ ဒီလိုငယ်ရွယ်တဲ့ အသက်အရွယ် နဲ့  မယုံကြည်နိုင်စရာ ဘတ်စကတ်ဘောအရည်အချင်းကို ပိုင်ဆိုင်ထားတဲ့ အဒမ်ကို အနာဂတ် ဘတ်စကတ်ဘော  ကစားနည်းလောကမှာ ထွန်းတောက်လာမယ့် ကြယ်တစ်ပွင့်လို့ အားလုံးက အသိအမှတ်ပြုစောင့်ကြည့်နေကြပါတယ်။

ချေ့ စ်အဒမ်ရဲ့ ဘတ်စကတ်ဘောအရည်အချင်းကို အောက်ပါလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။
Ref: bleacherreport.com
Trend Myanmar

No comments:

Post a Comment