Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 20, 2014

လယ်သမားတပ်ကြီး ဘန်ကောက်ကို ချီတက်လာပြီ

DVB TV - 20.02.2014 - ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ တကျော့ပြန် အရှိန်မြင့်တက်နေတဲ့အချိန်မှာပဲ ရာနဲ့ချီတဲ့ လယ်သမားတွေဟာ အစိုးရကို ဆန္ဒပြဖို့ ကြာသာပတေးနေ့မှာ မြို့တော်ဆီကို ချီတက်နေကြတာပါ၊ အစိုးရးက စပါးဖိုးငွေကို ပေးချေဖို့ လနဲ့ချီ ပျက်ကွက်နေတာကို ဆန္ဒပြဖို့အတွက် ထိုင်းနိုင်ငံ အလယ်ပိုင်း ဒေသကနေ လယ်သမား ၂၀၀၀ ကျော်ဟာ လယ်ယာသုံး ယာဉ်တွေနဲ့ ချီတက်လာတာပါ၊ လယ်သမားတွေဟာ စားစရာတွေနဲ့ တခြားလိုအပ်တာတွေကို လယ်ထွန်စက်တွေပေါ်မှာ တင်ဆောင်လာပါတယ်။၊ ကြာသာပတေးနေ့ ညနေ၊ ဒါမှမဟုတ် သောကြာနေ့ မနက်စောစောပိုင်းမှာ ဘန်ကောက်မြို့ကို ရောက်ဖို့ ရှိပါတယ်။ ဈေးကွက်ပေါက်ဈေးထက် ပိုပေးတဲ့ အစိုးရ စပါးဝယ်ယူရေးအစိအစဉ်ဟာ ပြည်သူ့အခွန်ငွေသုံပြီး လယ်သမားတွေကို နိုင်ငံရေးအရ မဲဆွယ်စည်းရုံးတဲ့ အစီအစဉ် ဖြစ်တယ်လို့ စွပ်စွဲမှုတွေ တဖက်မှာ ရှိနေပမယ့် ၀န်ကြီးချုပ် ယင့်လခ်ကတော့ လယ်သမားတွေ ၀င်ငွေတိုးဖို့ အစီအစဉ်ဟာ အောင်မြင်မှုရခဲ့တယ်လို့ အင်္ဂါနေ့ည မိန့်ခွန်းမှာ ချေပခဲ့ပါတယ်။ ဒီကိစ္စနဲပတ်သက်လို့ ရှေ့တပတ်ကျရင် အကတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ထိုင်းဝန်ကြီးချုပ် ယင့်လခ်က ဖြေရှင်းချက်ပေးရဖို့ ရှိပါတယ်။ လယ်သမားတွေဟာ မနှစ်နိုဝင်ဘာလကတည်းက စပါးဖိုးငွေကို စောင့်ဆိုင်းနေကြတာပါ။ တနင်္လာနေ့တုန်းကလည်း လယ်သမားအဖွဲ့တဖွဲ့ဟာ ဘန်ကောက်မြို့မှာ ရှိတဲ့ အစိုးရ ယာယီရုံးနားမှာ ၀ိုင်းရံပြီး ၀န်ကြီးချုပ်နဲ့ တွေ့ဆုံခွင့် တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

No comments:

Post a Comment