Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 9, 2014

အမေရိကန် မှစက်ကြီး များဖြင့် ကန်တော်ကြီး ရေသန့် စင်မည်


Sunday, February 9, 2014

ကန်တော်ကြီး ရေသန့် စင်ခြင်း လုပ်ငန်း များကို အမေ ရိကန် မှ စက်ကြီး ခုနစ် လုံးဖြင့် ယခု လကုန် ပိုင်း တွင် စတင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာ ရေး ကော် မတီ အင်ဂျင် နီ ယာ ဌာန (ရေနှင့်သန့်ရှင်းမှု) မှ သိ ရသည်။

ယင်းကဲ့သို့ ဆောင်ရွက်ရန် ပြီးခဲ့သည့် လဆန်းပိုင်းတွင် အမေ ရိကန်နိုင်ငံမှ ပညာရှင် များလာရောက် လေ့ လာမှုများ ပြုလုပ်ခဲ့ပြီး၊ ယခုလတွင် လက်တွေ့ ဆောင်ရွက်တော့မည် ဖြစ်ကြောင်း သိရသည်။ ကန်တော် ကြီး က အခုဆို လည်ပတ် စရာ ကောင်းတဲ့နေရာတစ်ခုဖြစ်နေပေမယ့်ရေ ညှိကြောင့် အနံ့ဆိုးတွေ၊ ရေဆိုးတွေ ကြောင့် လာရောက် အပန်းဖြေတဲ့ လူတွေအတွက် မကောင်းဘူး။ ဒါကြောင့် အမေရိ ကန်က စက် တွေနဲ့ စပြီး ဆောင်ရွက်ဖို့ စီစဉ်တာပါ”” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော် မတီ၊ အင်ဂျင်နီယာ ဌာန (ရေ နှင့် သန့်ရှင်းရေး) မှ ဌာနစုမှူး ဦးညီညီဦးက ပြောသည်။ လက်ရှိတွင်လည်း ကန်တော်ကြီး ရေ သန့်စင်ရန် ဂျပန် နိုင်ငံမှ ကူညီထားသည့် Scum Skimmer စက် ငါးလုံး၊ Algae သန့် စင်စက် တစ်လုံးတို့ဖြင့် ရေသန့်စင်ခြင်းလုပ် ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။ ထို့အပြင် ကော ပါးဆာ လ်လဖိတ်၊ အလူ မီနီယံဆာလ် လ ဖိတ် နှင့် ကလိုရင်းစသည့် ဓာတုဆေးများကို ကန်ရေသန့်ရှင်းစေရန် အသုံးပြု လျက် ရှိကြောင်း၊ ရေပြင်တွင် လည်း အမှိုက်များ ရှင်းလင်းသည့် စက်ခုနစ်လုံးနှင့် Wet Detaintion Pond တစ်ခု ထား ရှိ ဆောင်ရွက် ထား ကြောင်း သိရသည်။

ကန်ပတ်လည်မှာရှိတဲ့ စားသောက် ဆိုင်တွေမှာလည်း ရေသန့်စင်ဖို့အတွက် Small Scale Treatment Plant တွေဆောင်ရွက် ထားရှိပါတယ်”” ဟု ဌာနစုမှူး ဦးညီညီဦးက ပြောသည်။ ထို့အပြင် ရေပြင် သာယာ လှ ပစေ ရန် ရေပန်း ကြီး ငါးလုံး နှင့် ရေပန်းအသေး များ ထပ်မံတပ်ဆင်သွားမည်ဖြစ်ကြောင်းသိရသည်။ ကန် တော်ကြီး ကန်၏ အကျယ်အ၀န်းမှာ ၀ ဒသမ ၂၂ စတုရန်းမိုင်ရှိပြီး၊ ရေပြင် ဧရိယာမှာ (၁၆၀) ဧကနှင့် ကုန်းမြေ ဧရိယာမှ ၁၁၀ ဧက ရှိကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ သိရသည်။

ယခုအခါ ကန်တော်ကြီး ဥယျာဉ် တွင် အများ ပြည်သူ လာရောက် အပန်းဖြေကြရုံ သာမက နိုင်ငံခြား သား ခရီးသွားများလည်း ၀င်ရောက်အပန်းဖြေကြသောကြောင့် မြို့တော် ဂုဏ်အင်္ဂါနှင့် ညီညွတ်စေရန် ကန်ကြီး အ တွင်း ရေသန့်စင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း သိရသည်။

Messenger News Journal

No comments:

Post a Comment