Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 13, 2014

လက်ရှိမြန်မာ့နိုင်ငံရေးနှင့် နိုင်ငံရေးအကျဉ်းသားများအရေး နော်ေ၀၀န်ကြီးချုပ်ဟောင်းနှင့် နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့ ဆွေးနွေး


Published on: February 14, 2014
Written by: ခင်ငြိမ်းသစ်

နော်ဝေဝန်ကြီးချုပ်ဟောင်း မစ္စတာရှယ်မက်နီဘွန်တာဗစ် အပါအဝင် အဖွဲ့ဝင်သုံးဦးနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ဝင်များသည် ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ရုံးခန်း၌ ဖေဖော်ဝါရီ ၁၂ ရက်တွင် တစ်နာရီခွဲကျော်ကြာ တွေ့ဆုံပြီး လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေ၊ နိုင်ငံရေး အကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းသား ဟောင်းများ၏ အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ထိုသို့တွေ့ဆုံစဉ် နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့မှ ဆောင်ရွက်နေသည့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းစဉ်များအား အကူအညီ ပေးမည်ဟုလည်း နော်ဝေဝန်ကြီးချုပ်ဟောင်းက ပြောကြားခဲ့သည်ဟု သိရသည်။

နော်ဝေဝန်ကြီးချုပ်ဟောင်း မစ္စတာ ရှယ်မက်နီဘွန်တာဗစ်က နိုင်ငံရေး အကျဉ်းသားဟောင်းများ လုပ်ကိုင်နေသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ လက်ရှိအကျဉ်းထောင်များအတွင်း ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်စေရန်၊ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံနေရသူများ၏ အခြေအနေ၊ နိုင်ငံရေးအကျဉ်းသား ဟောင်းများအတွက် အသက်မွေးဝမ်းမှုပညာ သင်တန်းများ ပေးအပ်နေသည့် အကြောင်းအရာများနှင့် ပတ်သက်သည့် ကိစ္စများ၊ ဘဝပြန်လည် ထူထောင်ရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များအား ဦးစွာဆွေးနွေး ခဲ့ပြီးနောက် ၂ဝ၁၄ -၂ဝ၁၅ ခုနှစ်တွင် မြန်မာနိုင်ငံရင်ဆိုင်ကြုံတွေ့ဖွယ်ရှိသည့် နိုင်ငံရေး အကျပ်အတည်းများ အကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့သည်။

မစ္စတာရှယ်မက်နီက အကျဉ်းထောင များမှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများ ခွဲခြားဆက်ဆံခံရခြင်း ရှိ မရှိအား မေးမြန်းခဲ့သည့် အပေါ်တွင် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က မြို့ကြီးများပေါ်တွင် ခွဲခြားဆက်ဆံခံရမှုများ ယခင်က ရှိခဲ့သော်လည်း ယခုအချိန်တွင် လျော့နည်းသွားပြီ ဖြစ်သော်လည်း တောပိုင်းတွင် နေထိုင်ရသည့် နိုင်ငံရေးအကျဉ်းသားများ အနေဖြင့် ပြည်သူများ၏ ထိတ်လန့်စိုးရွံ့မှုကို ဆက်လက်မြင်တွေ့ နေရကြောင်းနှင့် တောရွာ ဒေသများတွင် အစိုးရ၏ ဖိနှိပ်မှုယန္တရားမှာ ယခုအချိန်အထိ ဆက်လက်များပြားဆဲ ဖြစ်သဖြင့် နိုင်ငံရေး အကျဉ်းသားများနှင့် ဆက်ဆံပါက မိမိတို့အား စောင့်ကြည့်ခံရမှုများ ဖြစ်လာမည်ကို ဒေသခံပြည်သူများ ကြောက်ရွံ့နေကြဆဲ ဖြစ်သည်ဟု ဖြေကြားခဲ့သည်။

ထို့အပြင် အကျဉ်းထောင်များမှ လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများ အနေဖြင့် နိုင်ငံရေးလောကသို့ ပြန်လည်ဝင်ရောက် လုပ်ကိုင်လိုသော်လည်း မိမိလက်ရှိ ရင်ဆိုင်နေရသည့် စီးပွားရေး၊ လူမှုရေး၊ ပညာရေးစသည့် အခက်အခဲများ၊ ကျန်းမာရေး အခက်အခဲများကြောင့် ပြန်လည်ဝင်ရောက် လုပ်ကိုင်သူ ထက်ဝက်ခန့်သာ ရှိသည်ဟုလည်း ပြောကြားခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသား ဟောင်းအဖွဲ့မှ ဦးတိုးကျော်လှိုင်က ပြောကြားသည်။

-ဖေဖော်ဝါရီ ၁၂ ရက်က ရန်ကုန်မြို့၌ နော်ေ၀၀န်ကြီးချုပ်ဟောင်းနှင့် နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ တွေ့ဆုံဆွေးနွေးစဉ်
Credit To :Eleven Media Group

No comments:

Post a Comment