Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 16, 2014

နာရီတာလေဆိပ်သို့ မြန်မာနိုင်ငံမှ လေကြောင်းလိုင်းများ ဆင်းနိုင်ပြီ

နာရီတာလေဆိပ်သို့ ဆင်းသက်လာသည့် စင်ကာပူလေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်း။ နာရီတာလေဆိပ်သို့ ဆင်းသက်လာသည့် စင်ကာပူလေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်း။
မြန်မာ-ဂျပန်နှစ်နိုင်ငံ လေကြောင်းလိုင်းဆိုင်ရာသဘောတူညီမှု စာချုပ်အား ပြင်ဆင်ချုပ်ဆိုခဲ့သည့်
အတွက် ဂျပန်နိုင်ငံ နာရီတာလေဆိပ်သို့ မြန်မာလေကြောင်းလိုင်းများတိုက်ရိုက်ဆင်းသက်နိုင်ပြီ
ဖြစ်ကြောင်းလေကြောင်းပို့ဆောင် ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း
က ဇန်န၀ါရီလ ၃၁ ရက်နေ့က ပြောသည်။
"အရင်က ဂျပန်နိုင်ငံနဲ့ လက်မှတ်ရေးထိုးထား တဲ့ လေကြောင်းသဘောတူစာချုပ်ကို ပြီးခဲ့တဲ့ရက်
အတွင်း ပြင်ဆင်ပြီးချုပ်ဆိုခဲ့ပါတယ်။ ပြင်ဆင်ချုပ် ဆိုချက်တွေမှာ အဓိကအချက်အနေနဲ့ နာရီတာ
လေဆိပ်ကို မြန်မာ့လေကြောင်းလိုင်းတွေ ဆင်းသက်နိုင်ပြီ ဖြစ်တယ်ဆိုတာပါပါတယ်"ဟု ၎င်းက ပြောသည်။
ခေတ်နှင့် လျော်ညီသည့်စာချုပ်အဖြစ် ပြင်ဆင်ချုပ်ဆိုရာတွင် အဓိကပြင်ဆင်ချုပ်ဆို သည့်အချက်
အလက်မှာ ယခင်က နိုင်ငံတစ် နိုင်ငံမှ လေကြောင်းလိုင်းတစ်ခုကိုသာ ပျံသန်း ခွင့်ပြုခဲ့သည့် Single
Designation အစား ပျံသန်း လိုသည့် လေကြောင်းလိုင်းအား ကန့်သတ် ခြင်းမရှိသည့် Multiple
Designationအဖြစ် ပြောင်းလဲချုပ်ဆိုရခြင်းဖြစ်ကြောင်း ဦးတင် နိုင်ထွန်းက ပြောသည်။
ဇန်န၀ါရီနောက်ဆုံး ပတ်က လေကြောင်းသဘောတူစာချုပ်ကို ပြင်ဆင်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။
မြန်မာတိုင်း(မ်)

No comments:

Post a Comment