Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 21, 2014

လမ်းပြောင်းပြန်မောင်းနှင်လာသောယာဉ်မှ အခြားယာဉ် (၃)စီးအားတိုက်


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

၂၀.၂.၂၀၁၄ရက်နေ့ ၂၀၃၀အချိန် စမ်းချောင်းမြို့နယ်နေ
ထက်အောင်ရှိုင်း၊ (ဘ)ဦးစိုးနိုင်သည် ၈ဂ/--- လိုက်ထရပ်
အဖြူရောင်ယာဉ်အား မြေနီကုန်းတောင်ရပ်ကွက်၊ ဓမ္မာရုံလမ်း
အတိုင်း လမ်းပြောင်းပြန် မောင်းနှင်လာရာ ဓမ္မာရုံလမ်း၊ အမှတ်(၅၉)ရှေ့တွင်ရပ်ထားသော CC/----ပရိုဘောက်အဖြူရောင် ယာဉ်အားတိုက်မိပြီး ယာဘက်သို့ဆွဲရှောင်စဉ် ၎င်းလမ်းအတိုင်း
ယာဉ်မောင်း ဦးအာကာမင်း မောင်းနှင်သည့် 2E/----ပရိုဘောက်
အဖြူရောင်ယာဉ်အားတိုက်မိကာ ဆက်လက်မောင်းနှင်သွားစဉ် ဗားကရာလမ်းနှင့် ဗိုလ်မိုးလမ်းထိပ်အရောက် ယာဉ်မောင်း ဦးထွန်းလွင်မောင်းနှင်သော ၄စ/----ပရိုဘောက် ခဲရောင်ယာဉ်အား ထပ်မံတိုက်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်(၄)စီး ပိန်ချိုင့်ပျက်စီးခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ထက်အောင်ရှိုင်းအား စမ်းချောင်းမြို့မရဲစခန်းယာဉ်(ပ)၃/၂၀၁၄၊ ပုဒ်မ ၂၇၉ဖြင့်
အမှုဖွင့်အရေးယူ ထားရှိကြောင်း သတင်းရရှိပါသည်။

Credit: Original Owner

No comments:

Post a Comment