Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 18, 2014

ရွှေစက်တော်ဘေးမဲ့တောမှမြန်မာ့ကြယ်လိပ်


Tuesday, February 18, 2014

မကွေးတိုင်းဒေသကြီးအတွင်းရှိ ဗုဒ္ဓစက်တော်ရာ နှစ်ဆူကိန်းဝပ်စံ ပယ် ရာရွှေ စက်တော်ဘေး မဲ့တောကို ၁၉၄ဝ ပြည့်နှစ် ဇွန်လ ၉ရက် တွင် စတင်တည်ထောင်ခဲ့ကြောင်း သိရသည်။

၎င်းဘေးမဲ့တောသည် မင်းဘူး (စကု)မြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ ငဖဲမြို့နယ်၊ စေတုတ္တရာမြို့နယ် အထူးသဖြင့် မုန်းချောင်း၊ မန်းချောင်း ကြားမြို့နယ် လေးခုပါဝင်တည်ထောင်ထားသည်။ အကျယ်အဝန်း အားဖြင့် ဘေးမဲ့တောအဓိကနယ်မြေ ၁၇၉ဒသမ၂၅စတုန်ရန်းမိုင်နှင့
ဘေးမဲ့တော၊ ကာကွယ်တောနယ်မြေ ၁ဝဝ ဒသမ ၆ စတုရန်းမိုင် စုစုပေါင်း ၂၇၉ ဒသမ ၈၅ စတုရန်းမိုင်ရှိပြီး ဝက်ဝံ၊ ကျား၊ ကျားသစ်၊ မျောက်၊ ချေ၊ တောဝက်၊ တောကြောင်၊ ရွှေသမင်နှင့်ငှက် အမျိုးပေါင်း ၁ဝ၃ မျိုးအပြင် ကြယ်လိပ်(သို့မဟုတ်) ဆီကျိုလိပ် (သို့မဟုတ်) ပင့်ကူလိပ်တို့ကို တွေ့ရှိရသည်။ ၄င်းကြယ်လိပ်များကို ကမ္ဘာပေါ်တွင် ရွှေစက်တော်ဘေးမဲ့တောတွင်သာ တွေ့မြင်ရကြောင်း သိရသည်။

မြန်မာအမည် - ကြယ်လိပ်(သို့မဟုတ်) ဆီကျိုလိပ် (သို့မဟုတ်)
ပင့်ကူလိပ်
အင်္ဂလိပ်အမည် - Burmese Star Tortoise
သိပ္ပံအမည် - Geochelone Plat ynota ထိန်းသိမ်းကာကွယ်
မှု၊ သစ်တောဥပဒေအရ ထိန်းသိမ်းကာကွယ်
မိတ်လိုက်ချိန် - ဇူလိုင်၊ သြဂုတ်
ဥ - ဥချိန်အောက်တိုဘာ၊ ဥနှုန်းတစ်ကြိမ်ဥလျှင်
လေးလုံး၊ ငါး လုံး၊ ဥပေါက်ချိန် မေလ
အစားအစာ - ဘူး၊ ဖရုံ၊ ခရမ်းချဉ်၊ ကန်စွန်း၊ သခွတ်ပွင့်၊ မလွှပွင့်၊ ဖရဲသီး၊ သခွားသီး
ကျက်စားရာ - အင်တိုင်းတောနိမ့်၊ သန်းဒဟတ်တော၊
ဒေသ အထက်ရွက်ပြတ်တောခြောက်

ကြယ်လိပ်များသည်မန်းရွှေစက်တော်ဘေးမဲ့တောအတွင်း
နေထိုင်ကျက်စားခဲ့ပြီး ယခုအခါသဘာဝတောအတွင်း တဖြည်း ဖြည်းရှားပါးလာပြီ ဖြစ်သဖြင့် ပြင်ပခြံလှောင်မွေးမြူခြင်း အောင် မြင်လျက်ရှိသည်။ ပြင်ပခြံလှောင် မွေးမြူခြင်းမှ တောတွင်းကျက် စားပုန်းအောင်းစေပြီး သဘာဝအစာဖြင့် စမ်းသပ်လေ့လာခဲ့ရာ ကိုးလတာကာလအတွင်း စမ်းသပ်မှုအဆင့်ဆင့်အောင်မြင်နေပြီဖြစ်
ကြောင်းနှင့် 'ကြယ်လိပ်'မျိုးမသုဉ်းစေရန်လူမှုရေးအဖွဲ့အစည်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များ၏ နည်းပညာအကူအညီများဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။

The Union Daily

No comments:

Post a Comment