Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 4, 2014

ဝန်ကြီးဦးအုန်းမြင့် မကွေးတိုင်းတွင် တောင်းပန်ပွဲလုပ်မည်


Tuesday, February 4, 2014

မကွေး၊ မဇ္ဈိမ။ ။မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်သည် မကွေးတိုင်း သစ်ရွာကောက်ကျေးရွာအထက်ကျောင်းတွင် တောင်းပန်ပွဲအခမ်းအနားပြုလုပ်မည်ဖြစ် သည်။

ဝန်ကြီးနှင့် မကွေးတိုင်းဝန်ကြီးချုပ်တို့ သစ်ရွာကောက်ကျေးရွာကို လာရောက်မည်ဖြစ်သဖြင့် မကွေးတိုင်း
အစိုးရအဖွဲ့က တာဝန်ရှိသူတစ်ချို့က ကြိုဆိုနေကြပြီဟု ထိုနေရာတွင်ရောက်ရှိနေသော မဇ္ဈိမ၏ မကွေးသတင်းထောက်က သတင်းပေးပို့သည်။

ယနေ့ (ဇန်နဝါရီလ ၄ရက်) နေ့လည် ၁နာရီက သစ်ရွာကောက်ကျေးရွာ အုပ်ချုပ်ရေးမှူးကတော့ "ကျွန်တော်တို့ တောင်းဆိုထားတာတွေ ရတော့မည်"ဟု ကျေးရွာအတွင်း၌လော်စပီကာဖြင့် လိုက်လံအော်ခဲ့သည်။ သစ်ရွာကောက်ကျေးရွာသူ၊ ကျေးရွာသားများက မကွေးတိုင်း အစိုးရနှင့် ဝန်ကြီးဦးအုန်းမြင့်ထံ ရေသန့်ရရှိရေးအတွက် တောင်းဆို
ထားဖူးသည်။

ဝန်ကြီးဦးအုန်းမြင့်က ၂၀၁၃ခုနှစ် အောက်တိုဘာလအတွင်း၌ တနင်္သာရီ တိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေး ရွာနှင့် ၂၀၁၄၊ ဇန်န၀ါရီလ အတွင်း မကွေးတိုင်းမကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာတို့တွင် အစိုးရကို ထော်လော်ကန့်လန့်လုပ်ပါက တောခိုရန်၊ အစိုးရကို ဆန့်ကျင်လျှင် အချုပ်ထဲထည့် ပစ်မည်၊ အစိုးရကို စေတနာပျက်အောင်လုပ်လျှင် ငွေကြေးထောက်ပံ့မှု လုံးဝပေးမည်မဟုတ်၊ မည်သည့် နိုင်ငံရေးသမားကိုမျှ ဂရုမစိုက်၊ နယ်တကာလှည့်၍ ပါးရိုက်ရဲသူ စသဖြင့် ပြောဆိုမှုများအတွက် ပြန်လည်တောင်းပန်ခြင်းဖြစ်သည်။

ထိုသို့ ပြောဆိုခဲ့မှုများကို ပြည်ထောင်စုအစိုးရအဖွဲ့က အမြန်ဆုံးတာဝန်ယူ ဖြေရှင်းဆောင်ရွက်ပေးရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လောင်းလုံးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးအောင်စိုးက ဇန်နဝါရီလ ၄ရက်နေ့ကပင် ပြည်သူ့လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းခဲ့သည်။

(မဇ္ဈိမသတင်းဌာန)

No comments:

Post a Comment