Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 24, 2014

ပါတီ ရပ်ကျေးဥက္ကဌမှ စက်ရုံအလုပ်သမတစ်ဦးအား လိမ်လည်ခေါ်ဆောင်ကာ သားမယားပြုကျင့်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

၂၃.၂.၂၀၁၄ ရက်နေ့ ၀၉၀၀ အချိန် မ---၊(၁၇)နှစ်၊ အထည်ချုပ်စက်ရုံ အလုပ်သမ၊ လှိုင်သာယာမြို့နယ်နေသူသည် မိဘများထံသို့ပြန်ရန် ကားဂိတ်သို့တစ်ဦးတည်း ထွက်လာစဉ် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးမှ မိတ်ဆက်စကားပြောပြီး ဆိုင်ကယ်ဖြင့်လိုက်ခဲ့ရန်၊ ကယ်ရီခပေးစရာ မလိုကြောင်း ပြောသဖြင့် လိုက်ပါသွားခဲ့ကြောင်း၊ ထန်းတပင်မြို့နယ်၊ သီတာအေးလမ်းဆုံသို့အရောက်တွင် ၎င်းအမျိုးသားမှ ပိုက်ဆံအိတ်ကျန်ခဲ့ကြောင်း ပြောကာ ဆိုင်ကယ်အား ပြန်လှည့်၍ လှိုင်သာယာမြို့နယ်၊ ၅ရပ်ကွက်ရှိ၊ --- တည်းခိုခန်းသို့ရောက်ရှိ ၀င်ရောက် သွားခဲ့ကြောင်း၊ ခဏအကြာ မ---အား ပြစရာရှိသည်ဟု ပြောဆိုခေါ်ကာ အခန်းထဲသို့အရောက်တွင် တံခါးဂျက်ထိုးပြီး အလိုမတူဘဲ သားမယား အဖြစ် ပြုကျင့်ခဲ့ကြောင်း၊ ပြီးနောက် မ--- အားဆိုင်ကယ်ဖြင့် တင်ဆောင်ကာ ရန်ကုန်-ပုသိမ်လမ်းအတိုင်း လိုက်ပို့ခဲ့ရာ ---ရွာထိပ်သို့ အရောက်တွင် ရပ်မပေးဘဲ ဆက်လက်မောင်းနှင်ပြေးခဲ့ သဖြင့် မ---မှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျခဲ့၍ ဒဏ်ရာရရှိခဲ့ကြောင်း၊ အနီးရှိ ဆိုင်ကယ်ကယ်ရီ သမားများမှ ၀ိုင်းဝန်းဖမ်းဆီးပြီး ထန်းတပင်မြို့နယ်၊ တက်သစ်နယ်မြေရဲစခန်းသို့ ပို့အပ်ပေးခဲ့သဖြင့် စစ်ဆေးခဲ့ရာမှ ၎င်းအမျိုးသားမှာ ဇော်ဇော်အောင် (ခ)ကျော်ထက်နိုင်၊ (၃၀)နှစ်၊ ရပ်ကျေးဥက္ကဌ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ (ဘ)ဦးလှထွန်း၊ (၇)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်ဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသို့ပြစ်မှုကျူးလွန်ခဲ့သူ ဇော်ဇော်အောင်(ခ)ကျော်ထက်နိုင်အား အရေးယူပေးပါရန် မ---မှတိုင်တန်းခဲ့သဖြင့် လှိုင်သာယာမြို့မရဲစခန်း (ပ)၂၂၇/၂၀၁၄၊ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီးစစ်ဆေး လျက်ရှိပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အဆိုပါပြစ်မှုအား ကျူးလွန်ခဲ့သည့် ဇော်ဇော်အောင်(ခ)ကျော်ထက်နိုင်သည် တွံတေးမြို့နယ်၊ ပန်းလှိုင်တံတား ကျူးကျော်တဲများဖယ်ရှားစဉ်က အကွက်ချပုံစံများ ပြုလုပ်ရောင်းချခြင်း၊ နေထိုင်ရန်အတွက်အိမ်ထောင်စု စာရင်းစာရွက်များအား၎င်းပါ(၄)ဦးတို့မှ အတုပြုလုပ်လက်မှတ်ရေးထိုး ထုတ်ပေးထားကြောင်း အထောက်အထားများကို သိမ်းဆည်းရမိခဲ့၍ ခလောက်ချိုက်နယ်မြေရဲစခန်း (ပ)၂၈/၂၀၁၄၊ ပုဒ်မ ၄၂၀/၄၆၈ဖြင့် အမှုဖွင့် အရေးယူခြင်းခံထားရသူ ဖြစ်သောကြောင့် ဤအမှုဖြင့်လည်း ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


Yangon Police

No comments:

Post a Comment