Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 9, 2014

အသားဖြူစေမယ့် သဘာဝနည်း


အသားကိုဖြူစေတဲ့ အလှကုန်အများစုမှာ မယ်လနင် (melanin) ကို ထုတ်လုပ်ပေးတဲ့ ဆဲလ်တွေကို သေစေနိုင်တဲ့ hydroquinone ဒါမှမဟုတ် mercury ပါဝင်ကြပါတယ်။ အနည်းငယ်ဆို ကိစ္စမရှိပေမယ့် အချိန်ကြာကြာသုံးစွဲလာရင်တော့ လူခန္ဒာကိုယ်ကို အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။
ဒီဆောင်းပါးမှာဖော်ပြထားတဲ့ နည်းလမ်းလေးကို ယခင် CNN နဲ့ အမျိုးသမီး မဂ္ဂဇင်း တချို့မှာ editior လုပ်ခဲ့ဖူးပြီး သဘာဝအလှကုန် Petite Marie Organics ကိုဦးဆောင်နေတဲ့ Julie Gabirel ရေးတဲ့ The Green Beauty Guide မှ ထုတ်နှုတ်ဖော်ပြထားတာဖြစ်ပါတယ်။ အသားဖြူစေရုံသာမကပဲ မျက်နှာပေါ်မှာရှိတဲ့ အစက်အပျောက်၊အမာရွတ်တွေကိုလည်း မှိန်စေနိုင်ပါတယ်။
လိုအပ်တာတွေက-
ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
သံပုရာရည် လက်ဘက်ရည်ဇွန်း ၄ဇွန်း
ဒိန်ချဉ် လက်ဘက်ရည်ဇွန်း ၃ဇွန်း
ကြက်ဥတစ်လုံး (အကာ) တို့ဖြစ်ကြပါတယ်။
အသုံးပြုပုံ
အထက်မှာဖော်ပြထားတဲ့ ပစ္စည်းတွေကို သမအောင်မွှေပြီးရင် မျက်နှာပေါ်မှာ လိမ်းပေးပါ။ ၁၅ မိနစ်လောက်စောင့်ပြီး ရေကြက်သီးနွေးနဲ့  ဆေးချလိုက်ရုံပါပဲ။ လက်ကျန်ကို ရေခဲသတ္တာထဲမှာ တစ်ပတ်စာလောက် သိမ်းထားနိုင်ပါတယ်။
သံပုရာသီးနဲ့ ဒိန်ချဉ်က အစက်အပျောက်နဲ့ ဝက်ခြံအမာရွတ်တွေကို ဖယ်ရှားပေးပြီး ကြက်ဥအကာက အသားအရည်ပျက်စီးခြင်းမှကာကွယ်ပေးပါတယ်။ ပျားရည်ကတော့ ရောဂါပိုးတွေကို သေစေနိုင်ပြီး အသားကိုနူးညံ့ချောမွေ့စေမှာပါ။
၈ ကြိမ်လောက်လုပ်ပြီးရင်၊ ထူးခြားချက်ကို မြင်တွေ့ရပါလိမ့်မယ်. :)
Credit: Myat Kyi

No comments:

Post a Comment