Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 11, 2014

မိတ္ထီလာရှိ အလိုတော်ပြည့်ပုံတော် ဆင်းတုများအနက် ကမ္ဘာ့အကြီးဆုံး ဆင်းတုအား အမိုးစတင်တပ်ဆင်



Published on: February 11, 2014
Written by: ၀ဏ္ဏ

မိတ္ထီလာမြို့ ရန်ကုန်-မန္တလေး လမ်းဟောင်းအနီး အလိုတော်ပြည့်အောင်မြေ ဓမ္မဗောဓိရိပ်သာတွင် တည်ထားကိုးကွယ်လျက်ရှိသည့် ပလ္လင်တံကဲပါ ဉာဏ်တော်အမြင့် ၃၇ ပေရှိ ကမ္ဘာ့အကြီးဆုံး အလိုတော်ပြည့်ပုံတော် ဆင်းတုအား အမိုးတပ်ဆင်မည့်လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း အလိုတော်ပြည့်အောင်မြေ ဓမ္မဗောဓိရိပ်သာ ဆရာတော်မှ မိန့်ကြားသည်။

“ဒီဆင်းတုက အလိုတော်ပြည့်ပုံစံထဲမှာတော့ ကမ္ဘာ့အကြီးဆုံး၊ ဉာဏ်တော်အမြင့်ဆုံးလို့ သတ်မှတ်လို့ရပါတယ်။ အလိုတော်ပြည့်ပုံစံ ဆင်းတုတွေထဲမှာ ဒီဘုရားဆင်းတုလောက် ဉာဏ်တော်မြင့်တာ ထိုင်း၊ အိန္ဒိယ၊ တရုတ်၊ သိရိလင်္ကာစတဲ့ အရှေ့တောင်အာရှ ဗုဒ္ဓဘာသာနိုင်ငံတွေမှာလည်း မရှိဘူး။ ဥရောပနိုင်ငံတွေမှာလည်း မရှိပါဘူး။ ဒါကြောင့်မို့ အလိုတော်ပြည့် ပုံစံတွေထဲမှာတော့ ဒီဘုရားလောက် ဉာဏ်တော်မြင့်တာ မရှိဘူးလို့ သတ်မှတ်တဲ့အတွက် ကမ္ဘာ့အကြီးဆုံးလို့ သတ်မှတ်ခြင်းဖြစ်ပါတယ်။ နောက်ခုတော့ ဒီကမ္ဘာ့အကြီးဆုံး အလိုတော်ပြည့်ပုံတော် မြတ်စွာဘုရားကြီးကို အမိုးတပ်ဆင်မယ့်လုပ်ငန်းတွေ စတင်ဆောင်ရွက်နေပါပြီ၊ အမိုးတပ်ဆင်ဖို့ ကုန်ကျငွေ သိန်းသုံးရာလောက် ကုန်မယ်ခန့်မှန်းပါတယ်၊ မန္တလေးက ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ အမိုးတပ်ဆင်သွားမှာပါ” ဟု အလိုတော်ပြည့်အောင်မြေ ဓမ္မဗောဓိရိပ်သာဆရာတော် ဦးပညာသာရက မိန့်ကြားသည်။ ကမ္ဘာ့အကြီးဆုံး အလိုတော်ပြည့်ပုံတော် မြတ်စွာဘုရားအား ၁၃၇၀ ပြည့်နှစ် ၀ါဆိုလပြည့်နေ့မှ စတင်ပြီး ပုဂံမြို့ ပန်းချီ၊ ပန်းပု၊ ဗိသုကာပညာရှင် ဦးသီဟနှင့်အဖွဲ့မှ စတင်တည်ထားကိုးကွယ်ရာ ၁၃၇၀ ပြည့်နှစ် သီတင်းကျွတ်လပြည့်နေ့ ရက်ပေါင်း ၉၀ အကြာတွင် ပြီးမြောက်၍ ဌာပနာတော်သွင်း မင်္ဂလာကျင်းပနိုင်ခဲ့ကြောင်း သိရပြီး ဉာဏ်တော်အမြင့် ၃၇ ပေရှိပြီး သိန်း ၂၀၀ ကျော် ကုန်ကျခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့ အလိုတော်ပြည့်အောင်မြေ ဓမ္မဗောဓိရိပ်သာ ကမ္ဘာ့အကြီးဆုံး အလိုတော်ပြည့်ပုံတော် မြတ်စွာဘုရားအား ဖူးမြော်ရစဉ်

Credit To : Eleven Media Group

No comments:

Post a Comment