Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 24, 2014

မိန်းကလေးတစ်ဦး ဓမ္မတာနှင့်ဆန့်ကျင် အဓမ္မပြုကျင့်ခံခဲ့ရဟုဆို

တိုးဝေအောင်   |   Monday, 24 February 2014

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင်မိဘအုပ်ထိန်းမှုအောက်ရှိ မိန်းကလေးတစ်ဦး ဓမ္မတာနှင့်
ဆန့်ကျင် အဓမ္မပြုကျင့်ခံခဲ့ရသည်ဆိုကာ အရေးယူပေးရန်တိုင်ကြားခဲ့မှု ဖေဖော်ဝါရီလ ၂၁
ရက်နေ့ကဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ ည ၈ နာရီအချိန်ခန့်တွင် ဒဂုံတောင်မြို့နယ်နေ အသက် ၄၈ နှစ်အရွယ်အမျိုး
သမီးတစ်ဦးက ၎င်း၏အသက် ၁၂ နှစ်အရွယ် သမီးဖြစ်သူကို ခေါင်းရင်းအိမ်နေ ကျော်မျိုးအောင်
(ခ)ဆံရှည် (၃၁ နှစ်)မှ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၇ နာရီအချိန်ခန့်က စက်ဘီး ဖြင့်တင်၍
မြ၀တီမင်းကြီးလမ်း ဟိန္ဒူဘုရားကျောင်းအနီး ခေါ်ဆောင် သွားကြောင်း၊ ထို့နောက် ကျော်မျိုး
အောင်(ခ)ဆံရှည်က ဓမ္မတာနှင့်ဆန့်ကျင် အဓမ္မပြုကျင့်ခဲ့ကြော င်း သက်ဆိုင်ရာသို့ တိုင်ကြား
ခဲ့သည်။

ဒဂုံတောင်မြို့မရဲစခန်းက (ပ)၁၅၆/၁၄ ပြစ်မှုပုဒ်မ ၃၇၇/ ၃၅၄/၂၃၂ အရ အမှုဖွင့်အရေးယူထား
ကြောင်းသိရသည်။

No comments:

Post a Comment