Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 10, 2014

ယူအန်နှင့် အိုင်အန်ဂျီအိုများ ထွက်သွားရန် မောင်တော ဒေသခံများ တောင်းဆို ဆန္ဒပြ


ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဒေသခံ ရခိုင်တိုင်းရင်းသားများက မောင်တောမြို့ အခြေစိုက် UN နှင့် INGO များ ဒေသအတွင်းမှ ထွက်ခွာသွားရန် ယနေ့ နေ့လည်ပိုင်းက ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ထောင်နှင့်ချီရှိသည့် ဒေသခံများသည် UN ရုံးနှင့် AZG (MSF) ရုံးရှေ့သို့ ချီတက်ပြီး ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်သူ မောင်တောမြို့အမျိုးသမီးအသင်းမှ ဒေါ်ခင်စောဦးက ဆန္ဒထုတ်ဖော်ရ သည့် ရည်ရွယ်ချက်ကို ယခုကဲ့သို့ပြောသည်။

“UN နဲ့ INGO တွေ ဒီမှာရှိနေတဲ့အတွက် ကျမတို့အတွက် ဘာမှအကျိုးမရှိဘူး။ သူတို့က ဘင်္ဂလီတွေကိုဘဲ ကူညီပေးနေတယ်။ ဒါကြောင့် သူတို့ဒီကနေထွက်သွားဖို့။ နောက်တခုက ဒုချီးရားတန်းရွာမှာ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း အသတ်ခံရပြီးနောက် ဘင်္ဂလီအမျိုးသမီးတွေနဲ့ ကလေးအယောက် ၂၀ ခန့်ကို AZG က ဆေးကုပေးခဲ့ရတယ်ဆိုပြီး သတင်းမှားတွေကို ထုတ်ပြန်ပြီး ပဋိပက္ခဖြစ်အောင် လှုံဆော်နေတတဲ့အတွက် သူတို့အဖွဲ့တွေကို ဒီကထွက်သွားဖို့အတွက် ကျမတို့ ဆန္ဒပြ တောင်းဆိုရတာ ဖြစ်ပါတယ်” ဟု ယင်းက ဆိုသည်။

MSF ခေါ် AZG အဖွဲ့သည် ဒုချီးတန်းကျေးရွာမှ ဒဏ်ရာရသူ ဘင်္ဂလီ အယောက် (၂၀) ကို ဆေးကုသ ပေးခဲ့ရကြောင်း တရားဝင် သတင်းဌာနများသို့ ပြောကြားထားသော အဖွဲ့ဖြစ်သည်။

အလားတူ ဆန္ဒထုတ်ဖော်သူများသည် မောင်တောသုံးမိုင်ရှိ UNHCR ရုံးရှေ့နှင့် မောင်တောကညင်တန်းရှိ AZG ရုံးရှေ့သို့သွားရောက်ပြီး  ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု ဆိုသည်။

ဆန္ဒထုတ်ဖော်သူများက “ UN Get Out, AZG Get Out, INGOs Get Out  စသည့် ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြသည့် အပြင် သတင်းမှား ထုတ်ပြန်တဲ့ ဧရာတီကို အရေးယူပေး”ဆိုသည့် လက်ကိုင် ပိုစတာများကို ကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု ၎င်းအမျိုးသမီးက ပြောသည်။


ဆန္ဒထုတ်ဖော်ပွဲတွင် တောင်းဆိုခဲ့ကြသည့် အချက်တချို့ကိုလည်း ဒေါ် ခင်စောဦးက ယခုကဲ့သို့ပြောသည်။

“ White card ကိုင်ဆောင်သူတွေကို မဲပေးခွင့်၊ ရွေးကောက်ခံခွင့်မပြုဖို့၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို အမြန်ဆုံးအကောင်အထည် ဖော်ပေးဖို့၊ UN အပါအ၀င် AZG (MSF) ၇ ရက်အတွင်း ထွက်သွားဖို့၊ ဒုချီးရား တန်းကျေးရွာတွင် သတ်ဖြစ်ခံရသည့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းအမှုကို အမြန်ဆုံး ဖော်ထုတ်ပေးဖို့ ဆိုတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်” ဟု ဆိုသည်။

ဆန္ဒထုတ်ဖော်သူများက မောင်တောမြို့နယ်အတွင်း ဆူပူမှုများဖြစ်အောင် နောက်ကွယ်က INGOနှင့် UN အဖွဲ့ များမှ ကြိုးကိုင်နေမှုများရှိနေကြောင်း ပြောကြားပြီး ဖော်ထုတ် အရေးယူပေးရန်လည်း တောင်းဆိုခဲ့ကြောင်း မောင်တောမြို့ခံများက ပြောသည်။

ဒေသခံများ ဆန္ဒထုတ်ဖော်နေသည့်အချိန်တွင် လုံခြုံရေးတပ်ဖွဲ့များမှ လုံခြုံရေးအပြည့်ချပြီး အနီးကပ် စောင့်ကြည့် နေခဲ့ကြောင်းလည်း မြို့ခံများကပြောသည်။

မောင်တောမြို့ ဆန္ဒဖော်ထုတ် ဖြစ်မြောက်ရေးကော်မီတီမှ ထုတ်ပြန်သည့် ကြေငြာချက်တွင် ၂၀၁၂ ခုနှစ် တိုင်းရင်းသားကျေးရွာ ၁၂ ရွာနှင့် တိုင်းရင်းသား ၁၃ ဦး သတ်ဖြတ်ခံရသည်ကို UN နှင့် နိုင်ငံတာ အေဂျင်စီများမှ ဘာကြောင့် ကမ္ဘာသိ အောင်ကြေငြာမကျေညာသလဲ။ ဒုချီးရားတန်း အကြမ်းဖက် ဘင်္ဂလီဘက် သတင်းမှား၊ သတင်းလိမ်များ ကို ဘာရည်ရွယ်ချက်နဲ့ ကြေညာသလဲ။ မောင်တောမှာ UNHCR ရုံးရှိပါလျှက် လူနည်းစုတိုင်းရင်းသား အမှန်ဘက်က မရပ်တည်ဘဲ အစိုးရဖမ်းမိထားတဲ့ အကြမ်းဖက်ဘင်္ဂလီများဘက်မှ ရပ်တည်ပေးတာ လွှတ်အောင်ကူညီပေးတာဘာကြောင့်လဲ-- ဆိုသည့် မေးခွန်းသုံးခုကို မေးမြန်းထားသည်။

(နိရဉ္စရာ- ၁၀ ဖေဖေါ်ဝါရီလ ၂၀၁၄) / မောင်အေး

No comments:

Post a Comment