Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 17, 2014

ဂျပန်တွင် နှင်းမုန်တိုင်းများ တိုက်ခတ်မှုကြောင့် (၁၂)ဦးထက်မနည်းသေဆုံး


Monday, February 17, 2014

ဂျပန်နိုင်ငံ တနံတလျားတွင် နှင်းမုန်တိုင်းများ သည်းသည်းမည်းမည်း တိုက်ခတ်နေသဖြင့် လေကြောင်းခရီးစဉ် အများအပြားကိုလည်း ဖျက်သိမ်းခဲ့ရသည်။ ဂျပန်မီဒီယာများက အနည်းဆုံး လူ(၁၂)ဦး သေဆုံးပြီး (၁၆၅၀)ကျော် ဒဏ်ရာများ ရရှိခဲ့ကြောင်း ရေးသားခဲ့

ဂျပန်နိုင်ငံတွင် နှင်းမုန်တိုင်းများ ထူထပ်ပြင်းထန်စွာ တိုက်ခတ်နေမှုကြောင့် အနည်းဆုံး လူ(၁၂)ဦး သေဆုံးသွားကြောင်း သိရသည်။ တနင်္ဂနွေနေ့မှ စတင်ကာ ရာသီဥတု အခြေအနေ အလွန်အမင်း ကြမ်းတမ်းဆိုးရွားလာပြီး ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍတွင်လည်း ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာသည်။ ဂျပန်နိုင်ငံ တနံတလျားတွင် နှင်းမုန်တိုင်းများ သည်းသည်းမည်းမည်း တိုက်ခတ်နေသဖြင့် လေကြောင်းခရီးစဉ် အများအပြားကိုလည်း ဖျက်သိမ်းခဲ့ရသည်။ ဂျပန်မီဒီယာများက အနည်းဆုံး လူ(၁၂)ဦး သေဆုံးပြီး (၁၆၅၀)ကျော် ဒဏ်ရာများ ရရှိခဲ့ကြောင်း ရေးသားခဲ့သည်။ အချို့သော သတင်းဌာနများက အသေအပျောက် ပမာဏသည် (၁၉)ဦးအထက်ထိ မြင့်တက်လာကြောင်း ဆိုသည်။

နှင်းကျဆင်းမှုသည် ပြီးခဲ့သည့် နှစ်ပေါင်းအတော်များများအတွင်း စံချိန်တင် ပမာဏထိ သိပ်သည်းထူထပ်ခဲ့ကြောင်းလည်း သိရသည်။ တိုကျိုတွင် နှင်းထုဖုံးလွှမ်းမှုသည် (၂၇)စင်တီမီတာမျှထိ ရှိနေကြောင်း ကျိုဒိုသတင်းအေဂျင်စီက ကြေညာခဲ့သည်။ NHKက လူပေါင်း(၂၂၀၀)ဝန်းကျင်သည် အမိုးပေါ် ပိနေသည့် နှင်းထုကြီးကြောင့် အန္တရာယ် ဖြစ်နိုင်သဖြင့် နေအိမ်များကို စွန့်ခွာခဲ့ရကြောင်း ဖော်ပြခဲ့သည်။ ရာနှင့်ချီသော လေယာဉ်ခရီးစဉ်များကို ဖျက်သိမ်းခဲ့ရသလို ဂျပန်နိုင်ငံအတွင်း ရထားဆက်သွယ်ရေး လမ်းကြောင်းအချို့ကိုလည်း ပိတ်သိမ်းထားရသည်။

အထူးသဖြင့် ဂန်မာနှင့် နာဂါနိုတို့သို့ ဆက်သွယ်သော လမ်းပိုင်းများ ရပ်နားထားပြီး တိုကျိုမြို့တော်တွင်လည်း နှင်းထု ထူထူထပ်ထပ် ကျဆင်းနေသဖြင့် မော်တော်ကား အများအပြား လမ်းပိတ်နေခဲ့ကြောင်း သိရသည်။ တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ကာရူအီဇာဝါရှိ နေ့အပူချိန်သည် အနုတ် (၃.၆)ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ ကျဆင်းပြီး နှင်းထုအထူသည် (၉၀)စင်တီမီတာထိ ရှိခဲ့ကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။

Planet Myanmar Network

Japan hit by deadly snowstorms


A woman walks with dog on the snow-covered road in Yokohama, near Tokyo Saturday, Feb. 15 Hundreds of drivers were stranded by the snowstorm
At least 11 people have killed by a record-breaking snowstorm in Japan, according to local media.
Hundreds of people have been evacuated from their homes and hundreds more injured, as more than one metre (three feet) of snow fell in some areas.
The snow forced airports to cancel flights and closed roads as it barrelled past Tokyo on Saturday.
Forecasters are warning of blizzards and avalanches later, as the storm moves north towards Hokkaido.
Kyodo news agency reported deaths in several prefectures near Tokyo, and other deaths as far south as Oita on Kyushu island.
Reports said roofs of buildings had collapsed under the weight of snow in some areas, and hundreds of drivers had been left stranded in miles-long traffic jams.
Some 27cm of snow was dumped on Tokyo on Friday and Saturday, and several other cities reported record snowfall.
http://www.bbc.co.uk/news/world-asia-26218740

No comments:

Post a Comment