Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 14, 2014

“မြင်းခြံခရိုင်အတွင်း ၅၀၀၀ တန်အတုတွေဆက်တိုက်တွေ့နေ”



Friday, February 14, 2014



Author နန်းဟေမာထွေး

မြင်းခြံမြို့ရှိ ကမ္ဘောဇဘဏ်မှာ ငွေလာသွင်းသူဆီက ငါးထောင်တန်ငွေစက္ကူအတု ၆၉ ရွက် ကိုယခုလ 
၁၁ရက်နေ့က တွေ့ရှိခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးက သိရပါတယ်။
အဲ့သည့်နေ့က မြင်းခြံမြို့နေသူ အမျိုးသားဟာ ငါးထောင်တန် ၈၃ ရွက်နဲ့ တစ်ထောင်တန်
၄၅ရွက် စုစုပေါင်း ငွေကျပ်တန်ဖိုး ၄၆၀,၀၀၀ ကို ဘဏ်မှာလာအပ်နှံရာမှာ ငါးထောင်တန် အရွက်ခြောက်ဆယ်
ကျော်ဟာ အရောင်မှိန်တာ၊စက္ကူသားပျော့တာ၊လုံခြုံရေးကြိုးသေသပ်မှုမရှိတာ တွေ့ရတာကြောင့်
ဘဏ်ယာယီတာဝန်ခံက သက်ဆိုင်ရာကို အကြောင်းကြားပြီး စစ်ဆေးဆောင်ရွက်နေတယ်လို့
သိရပါတယ်။
ယခုလိုပဲ ငါးထောင်တန်ငွေစက္ကူအတု အရွက် ၂၀ကို ဇန်န၀ါရီလ ၂၁ရက်
နေ့က နွားထိုးကြီးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှာ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေ
လာပေးသူထံကလည်းတွေ့ရှိခဲ့တယ်လို့ သိရတယ်။

The Modern News Journal

No comments:

Post a Comment