Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 2, 2014

ဗြိတိသျှသံရုံး ကြေညာချက်နှင့် ပတ်သက်၍ အမှားပြင်ဆင်ချက်

အမှားပြင်ဆင်ချက်


ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက် ဗြိတိသျှသံရုံးက ထုတ်ပြန်ကြေညာချက်ကို မိမိတို့ ဘာသာပြန်ဆို သတင်းရေးသားမှု မှားယွင်းခဲ့ပါသည်။ ၎င်းတို့အနေဖြင့် အမှန်တကယ် ရေးသားဖော်ပြခဲ့သည်မှာ “The British Embassy would like to clarify misreporting in the press that the British Foreign & Commonwealth Office has withdrawn the statement issued on 23 January with regard to the incident in Maungdaw. This report is incorrect. The UK government remains deeply concerned by the situation in Northern Rakhine State and we continue to call on the Burmese Government to launch an immediate, independent and transparent investigation.” ဗြိတိသျှ နိုင်ငံခြားရေးနှင့် ဓနသဟာယရုံးက ဇန်န၀ါရီ ၂၃ ရက်နေ့တွင် မောင်းတောအရေးနှင့် ပတ်သက်၍ ထုတ်ပြန်ထားသော ကြေညာချက်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်ဟု စာနယ်ဇင်းအချို့တွင် မှားယွင်းဖော်ပြထားမှုနှင့်ပတ်သက်၍ ဗြိတိန်သံရုံးအနေဖြင့် ရှင်းလင်းအပ်ပါသည်။ အဆိုပါသတင်းဖော်ပြချက်မှာ မှားယွင်းပါသည်။ ဗြိတိန်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသောအခြေအနေနှင့်ပတ်သက်၍ စိုးရိမ်တကြီးရှိနေပြီး မြန်မာအစိုးရအား လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှုရှိသော စုံစမ်းစစ်ဆေးမှုများချက်ခြင်းပြုလုပ်ပါရန် ဆက်လက်တိုက်တွန်းအပ်ပါသည်” ဟု ဖြစ်သည်။ မိမိတို့ မှားယွင်းစွာ ရေးသားတင်ပြခဲ့မှုအတွက် တောင်းပန်အပ်ပါသည်။

No comments:

Post a Comment