Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 15, 2014

14.2.2014 to 20.2.2014 အထိ ၇ ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ကံဇာတာကောင်း၏။ လိုအင်ဆန္ဒတွေ ပြည့်ဝမည်။ အချစ်ဟောင်းနှင့် ပြန်ဆုံမည်။ အချစ်လက်ဆောင်တွေ ရမည်။ မမျှော်လင့်ဘဲ ခရီးထွက်ဖြစ်မည်။ မရည်ရွယ်ဘဲ လက်ထပ်ဖြစ်မည်။ ရာထူးတက်၊ လစာတိုးမည်။ ကြီးသူ၁ဦး ချူချာမည်။ စက်ပစ္စည်း ဝင်ထွက်မည်။ မြေရောင်း၊ ဝယ်ဖြစ်မည်။ စာမေးပွဲအောင်မည်။ ကြိုးစားမှုကောင်းသည်။

အကျိုးပေးဂဏန်း - ၁၊၅၊၇။

အထူးဟော - အားလုံးokမည်။

ယတြာ - အုန်းဆွမ်း ဘုရားကပ်လှူပါ။



တနင်္လာ

ပြောတော့တမျိုးလုပ်တော့ တခြားဘဲ အတိုက်အခံတွေ ကျော်လွှားနိုင်မည်။ စီးပွားရေး အောင်မြင်မှုတွေ ရမည်။ အချစ်ရေးကောင်းမည်။ လက်ဆောင်လှလှလေး မုချရမည်။ ယခုရက်ပိုင်းအတွင်း သင်ကံကောင်းပြီ။ သင်လုပ်သမျှတွေ အားလုံး အဆင်ပြေမည်။ ပညာရေးကြိုးစားမှုတွေ အထူးအောင်မြင်မည်။ ချစ်သူအသစ်တိုးမည်။ ခြေ၊ လက်အဖျားပိုင်းတွေ အနာရတတ်သည်။ ဂရုစိုက်ပါ။ ခရီးယာယီတွေ ရောက်မည်။ ကတိ၁ခု လွယ်လွယ်မပေးနှင့်။ လူပေါင်းမှားတတ်သည်။ ဆင်ခြင်ပါ။ လူယုံမထားသင့်ပါ။ စိတ်ဆိုးနေသော ချစ်သူ ပြန်ရောက်လာမည်။

အကျိုးပေးဂဏန်း - ၂၊၄၊၆။

အထူးဟော - အောင်မြင်မည်။

ယတြာ - တနင်္လာနေ့တွင် ငါးလေးတွေ အစာကျွေးပါ။

အင်္ဂါ

သူများအရှုပ်၊ ကိုယ့်အရှုပ်ဖြစ်တတ်၏။ လူပေါင်းမှားမည်။ လူလိမ်၊ ငွေလိမ်ခံရမည်။ အချစ်ရေး၊ အိမ်ထောင်ရေးကောင်းသည်။ ချစ်သူတွေ ပိုများလာမည်။ အချစ်လက်ဆောင် ၁ခုမက ရမည်။ ရုတ်တရက် ကား၊ ဆိုင်ကယ်ခိုက်မိတတ်၍ ဂရုစိုက်ပါ။ ပညာရေးအောင်မြင်မည်။ အလုပ်အကိုင် အဆင်ပြေမည်။ ရာထူးတက်မည်။ ကား၊ စက် ပြောင်းလဲဖြစ်မည်။ အိမ်ထောင်သည် တို့လည်း ဤအပတ်အတွင်း ကျန်းမာရေးဝမ်းဗိုက် ဂရုစိုက်ပါ။ စပ်တူရှယ်ယာ အကျိုးမပေးပါ။ ငွေလိမ်ခံရတတ်သည်။

အကျိုးပေးဂဏန်း - ၈၊၃၊၆။

အထူးဟော - အောင်မြင်မည်။

ယတြာ - အင်္ဂါနေ့နံနက်တွင် အင်္ဂါနံဘုရားကို အောင်သပြေ၁၀ညွန့်လှူပါ။

ဗုဒ္ဓဟူး

ကံဇာတာဆက်တိုက် ကောင်းနေမည်။ အချစ်ရေးပိုများလာမည်။ စိတ်လေမည်။ ချစ်သူထံမှ စာ၊ လက်ဆောင်ရမည်။ စာမေးပွဲအောင်သည်။ စကားပြောဆင်ခြင်ပါ။ လူခင်ချင်း စိတ်ဝမ်းကွဲမည်။ ခရီးယာယီတွေ ရောက်မည်။ ရွှေတို့ဝင်မည်။ ပစ္စည်း၊ ငွေကြေးပျောက်ကိန်း ရှိ၍ ဂရုစိုက်ပါ။ အရင်းနှီးဆုံးသူငယ်ချင်းနှင့် စိတ်ဝမ်းကွဲမည်၊ အထင်လွဲမည်။ ပြန်အဆင်ပြေမည်။ စပ်တူရှယ်ယာ စီးပွားရေးမလုပ်သင့်ပါ။ စိတ်လေနေမည်။ လုပ်ငန်းအားလုံးအောင်မြင်မည်။ မမျှော်လင့်ဘဲ အိမ်ထောင်ကျကိန်း ရှိသည်။ သူများအရှုပ် ကိုယ့်အရှုပ် ဖြစ်တတ်သည်။ သတိထားပါ။

အကျိုးပေးဂဏန်း - ၄၊၉၊၆။

အထူးဟော - အားလုံးအောင်မြင်မည်။

ယတြာ - ဗုဒ္ဓဟူးနေ့တွင် မြတ်စွာဘုရားရင်တော်ကို ရွှေသင်္ကန်းကပ်ပါ။

ကြာသပတေး

ရည်ရွယ်ချက်တွေ များနေပြီ။ အလုပ်တွေ များနေမည်။ လုပ်ငန်းတွေ အဆင်ပြေမည်။ စာမေးပွဲတွေ အားလုံးအဆင်ပြေမည်။ အင်တာဗျူးတွေ အောင်မြင်မည်။ အချစ်ရေး၊ အိမ်ထောင်ရေး အဆင်ပြေမည်။ ချစ်သူထံမှ လက်ဆောင်ရမည်။ ကွက်ကျော်မြင် အကဲခတ်ကောင်းသော်လည်း ကိုယ့်စိတ်ကို မပိုင်ပါ။ လွတ်လပ်စွာ လုပ်ကိုင်ရခြင်း ဝါသနာပါသော်လည်း မှားမှာစိုးရိမ် နေရတတ်သည်။ လူခင်ချင်း စိတ်ဝမ်းကွဲပြီး ပြန်ခေါ်မည်။

အကျိုးပေးဂဏန်း - ၅ ၊ ၀ ၊ ၂။

အထူးဟော - အောင်မြင်မည်။

ယတြာ - ကြာသပတေးနေ့ နံနက်တွင် ပေါက်ပေါက်ပွင့်လှူပါ။

သောကြာ

တယူသန်၊ တဇွတ်ထိုးလုပ်ဆောင်မှုတွေ ရပ်တန့်ပါ။ မိတ်ဆွေကို ရန်သူထင်တာတွေ လျှော့လိုက်ပါ။ ရည်ရွယ်ချက်မရှိဘဲ လမ်းလျှောက်နေတာ အဓိပ္ပာယ်မရှိဘူးဟု မှတ်ပါ။ အကြီးကဲ အထင်လွဲခြင်း ခံရတတ်၍ ဆင်ခြင်ပါ။ ချစ်သူဟောင်း၏ လက်ထပ်မင်္ဂလာ ဆောင်ရန် တောင်းဆိုမှု ဖြစ်လာမည်။ သူများအိမ်ထောင်ရေးကို မနှောင့်ယှက်ပါနှင့်။ စကားပြောဆင်ခြင်ပါ။ အချစ်လက်ဆောင်ရမည်။ ကျန်းမာရေးချူချာ တတ်သည်။ ဂရုစိုက်ပါ။

အကျိုးပေးဂဏန်း - ၆၊၉၊၄။

အထူးဟော - အားလုံးအဆင်ပြေမည်။

ယတြာ - သောကြာနေ့ တွင် ဘုရား၊သံဃာတော်ကို အုန်းဆွမ်း ကပ်လှူပါ။

စနေ

အားလုံးကံကောင်းနေပြီ။ စာမေးပွဲတွင် အမှတ်ကောင်းနှင့် အောင်မြင်မည်။ အင်တာဗျူးတွေ အောင်မြင်မည်။ စီးပွားရေးလုပ်ငန်းတွေ အောင်မြင်မည်။ စွန့်ခွာပြီးချစ်သူထံမှ လက်ဆောင်ရမည်။ ကိုယ့်ထံပြန်လာလိမ့်မည်။ မလွတ်လပ်သောသူ ထံမှ လက်ဆောင်ရခြင်း၊ ချစ်ရေးဆိုခြင်း ခံရမည်။ စကားပြောဆင်ခြင်ပါ။ ရည်ရွယ်ချက်များမည်။ ၁ခုပြီး၁ခုလုပ်ပါ။ အောင်မြင်မည်။ သင့်ဆန္ဒတော့ သင့်မိသားစုက နံပါတ် ၁ ဟုမှတ်သားခြင်းဖြစ်ပါသည်။ မိဘကို ငဲ့သည်။ အနစ်နာခံသူ ဖြစ်ပါသည်။ အန္တရာယ်ကင်းပါသည်။ ခြေ၊ လက်ဖျားပိုင်း ဂရုစိုက်ပါ။

အကျိုးပေးဂဏန်း - ၇၊၂၊၉။

အထူးဟော - အောင်မြင်မည်။

ယတြာ - စနေနေ့ နံနက်တွင် လမ်းသန့်ရှင်းရေး လုပ်ပါ။
ဒေါက်တာထွန်းလင်း - ဘုတလင်( GOLD MEDALIST) 
မြစ်မခမီဒီယာ

No comments:

Post a Comment