Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 26, 2014

WI FI သုံးစွဲသူများ တစ်နေ့တစ်ခြား များပြား


Sunday, January 26, 2014

စစ်ကိုင်းတိုင်းဒေသကြီး ၊ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် အများပြည်သူများအား သတင်း အချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရန်အတွက် အင်တာနက်ဖြင့် (WI FI) ချိတ်ဆက်ပြီး အခမဲ့ နေ့စဉ် နံနက်(၇)နာရီမှ ည(၂၁း၃၀)နာရီ အထိဖွင့်လှစ် ပေးလျက်ရှိရာ သုံးစွဲသူများ တစ်နေ့ တစ်ခြား များပြား လာလျက်ရှိသည်။

" ကျွန်တော်တို့ စစ်ကိုင်းမြို့မှာ အခုဆိုရင် လ္ဘက်ရည်ဆိုင်တွေက သူ့ထက်ငါ အပြိုင်အဆိုင် (WI FI) ချိတ်ဆက်ပြီး ပြည်သူတွေကို ၀န်ဆောင်မှု တစ်ခုအနေနဲ့ ဆောင်ရွက်ပေးနေတာတွေ များ လာပါပြီ လ္ဘက်ရည် ဆိုင်တွေမှာ ကြည့်ရတာ အဆင်ပြေမှုရှိပေမဲ့ မိမိတို့က အချိန်ကြာမြင့်စွာ ကြည့်ရှူ့ တဲ့အတွက် တစ်ခြားလာရောက် စားသုံး သူတွေကို အားနာ ရတယ်လေ လ္ဘက်ရည်တစ်ခွက်၊မုန့်တစ်ခု စားပြီး
(WI FI) ကြည့်ရှူ့ရတာ ပြသနာမရှိပေမဲ့ နည်းနည်းတော့ အားနာ ရတာပေါ့ဗျာ ဒီရုံးမှာ ကတော့ မိမိတို့ကြိုက်တဲ့နေရာမှာ ထိုင်ပြီး ကြည့်ရှူ့ ရတာ လွတ်လပ်မှုတော့ ရှိတယ်လေ အချင်းချင်း လည်း နေ့ တိုင်းတွေ့ဆုံနေရတော့ စည်းလုံးညီညွှတ်မှုရှိပြီး တစ်ယောက်နဲ့တစ်ယောက် ပညာချင်းလည်း ဖလှယ် လို့ရ တာပေါ့ ဘာပဲဖြစ်ဖြစ် စေတနာ အပြည့်နဲ့ အခမဲ့ ဖွင့်လှစ်ပေးတဲ့ သက်ဆိုင်ရာ ဌာနကိုတော့ ကျေးဇူးတင်ပါတယ် " လို့ နေ့စဉ်လာရောက် ကြည့်ရှူ့သူ အိုးဘိုရပ်ကွက်မှ ဦးမိုးကျော်သူ က ပြော ကြားခဲ့ကြောင်းသိရသည်။

MOI Webportal Myanmar

No comments:

Post a Comment