“Myanmar CNN: တရုတ်မှ ဖယောင်းသုတ် ပန်းသီးများ ဈေးကွက်အတွင်း ဝင်ရောက်” သတင်းကို ကနေ့မနက် ဖေ့စ်ဘွတ်မှာ ဖတ်ရပါတယ်။
ပန်းသီးပေါ်မှာ ဖယောင်းသုတ်ပြီးရောင်းတာကို
ဖယောင်းသုတ်ရတဲ့အကြောင်းတွေ
ဖယောင်းအတုဆိုတာ တိရစ္ဆာန်ဖယောင်းနဲ့ အသီးအနှံဖယောင်းဖြစ်မယ်။ ဒါမှမဟုတ် ဓါတ်ဆားနဲ့ ဓါတ်ခွဲခန်းကထုတ်တာ ဖြစ်မယ်။ အများဆုံးသုံးကြတာက အသီးအနှံကရတဲ့ canauba wax နဲ့ shellac ဖြစ်တယ်။ ဆူပါမားကက်တွေမှာဝယ်ရင် ဖယာင်းသုတ်တာ မလွတ်ပါ။
ပန်းသီးထဲမှာနေပါတဲ့ ရေဓါတ်မခမ်းစေအောင်အတွက်လဲ ဖယောင်းသုတ်ကြတယ်။ အလေးချိန်လဲမလျော့စေပါ။ အရည်ရွှမ်းတာကိုလဲ ထိန်းထားမယ်။ အဝေးကိုတင်ပို့ရောင်းချဘို့
ပန်းသီးကို ဖယောင်းသုတ်လို့ အနုတ်သဘောဆောင်တာတွေရစေနိုင
ပန်းသီးကိုဖယာင်းသုတ်ထား-မထ
ကျန်းမာရေး
၁၆-၈-၂ဝ၁၂ နေ့က ကနေဒါကလာတဲ့သတင်းတခုမှာ Ottawa to review fruit wax after reports of cancer link အသီးတွေမှာ ဖယာင်းပါတာနဲ့ ကင်ဆာ ဆက်စပ်မှု သတင်းထွက်လို့ ဆန်းစစ်မှုလုပ်မယ်လို့ဆိုပါတ
သဘာဝဖယောင်းရော ဖယောင်းအတုရော စားလို့ ကျန်းမာရေးမှာ ဘာထိခိုက်သလဲ တိတိကျကျ မပြောနိုင်ပါ။ တိတိကျကျ မပြောနိုင်တာမို့ ကျန်းမာရေးအတွက် စိုးရိမ်ရင် ဒါတွေလုပ်နိုင်ပါတယ်။ မစားခင်မှာ ပန်းသီးကို ရေခပ်နွေးနွေးလေးနဲ့ ပွတ်ဆေးပါ။ ဖယောင်းသာမက ကျန်တဲ့ မလိုလားအပ်တာတွေလဲ ပြောင်စေပါမယ်။ ဆပ်ပြာလိုဟာ မသုံးသင့်ပါ။ အပေါက်ပါနေတာအတွက်လဲ မသုံးပါနဲ့။ ဗနီဂါရည်သုံးချင် သုံးနိုင်ပါတယ်။ ပြီးရင် စက္ကူနဲ့သုတ်ပါ။ အရှင်းဆုံးနည်းကတော့ ပန်းသီးကို အခွံနွှာပြီးမှ စားသုံးပါ။
ဒေါက်တာတင့်ဆွေ
၁၉-၁-၂ဝ၁၄
No comments:
Post a Comment