Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 21, 2014

ယခုလကုန် Pee Mark မင်းသမီးနှင့် အတူရိုက်မည့် ဇာတ်ညွှန်း အပြီးသတ်မည်


Tuesday, January 21, 2014

ထိုင်းနိုင်ငံမှ Pee Mark မင်းသမီးနှင့် ရိုက်ကူးတင်ဆက်မည့် မြန်မာရုပ်ရှင် ဇာတ်လမ်းကြီး၏ဇာတ်ညွှန်းကို ဇန်နဝါရီလကုန်တွင် အပြီးသတ် ရေးသား မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဇာတ်ညွှန်းကို ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ရေးသားခြင်းဖြစ်ပြီး ဖေဖော်ဝါရီလထဲတွင် ထိုင်းမင်းသမီးကို ဇာတ်ညွှန်း သွားရောက် ပေးအပ် မည် ဖြစ်ကြောင်း တာဝန်ခံ ကိုဝေလင်းမောင်က ပြောကြားခဲ့သည်။

''ကျွန်တော်တို့ ဒီဇာတ်လမ်းကြီးကို ဇန်နဝါရီလ အတွင်းမှာ ပြီးအောင် ရေးမယ်။ဖေဖော်ဝါရီလမှာ ဟိုဘက်ကို သွားပြီးတော့ ဇာတ်လမ်း သွားပြမယ်။ သူတို့သဘောကျလို့ ရိုက်ရက်ပေးပြီးရင် ကျွန်တော်တို့ ရက်ပြန်ညှိမယ်။ ဘယ်လ ရန်ကုန်မှာ ရိုက်မယ်။ ဘယ်လထိုင်းမှာရိုက်မယ် ဆိုတာကို ပြန်ညှိမှာပေါ့။ ကျွန်တော်တို့ အနေနဲ့ အနုပညာကို လက်လှမ်းမီသလောက် လုပ်ကြတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့က စွန့်စားပြီးတော့ ရိုက်တာပါ''ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ အဆိုပါ ရုပ်ရှင်ဇာတ်လမ်းကြီးကို ၂ဝ၁၄ ခုနှစ်တွင် အပြီးသတ် ရိုက်ကူးတင်ဆက်နိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိပြီး ပရိသတ်များအတွက် အကောင်းဆုံး ပြသနိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။ ဇာတ်လမ်းတွင် လူမင်း၊စိုင်းစိုင်းခမ်းလှိုင်၊ Pee Mark မင်းသမီး၊ ထိုင်းအဆိုတော် မော့စ်နှင့်အတူ ထိုင်းမင်းသမီး နောက်ထပ် တစ်ဦးပါ ပါဝင်ရိုက်ကူးရန် ရွေးချယ်လျက် ရှိကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment