Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 24, 2014

NLD ပါတီဌာနချုပ်အား ဦးတေဇ၏ ထူးကုမ္ပဏီ အကူအညီဖြင့် ဆောက်လုပ်မည်ဟု News Watch ဂျာနယ်ဖော်ပြမှု NLD ငြင်းဆို


Saturday, January 25, 2014

ဇန်နဝါရီ ၂၈ ရက်နေ့စွဲဖြင့် ထုတ်ဝေဖြန့်ချိသည့် News Watch ဂျာနယ်တွင် “NLD ပါတီဌာန ချုပ်ရုံးသစ်ကို ထူးကုမ္ပဏီ၏ အကူအညီနှင့် ဆောက်လုပ်မည်ဟု သတင်းများထွက်ပေါ်”ဟူသော ခေါင်း စဉ်ဖြင့် ဖော်ပြခဲ့သည့် သတင်းနှင့် ပတ်သက်၍ NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ငြင်းဆိုခဲ့သည်။

အဆိုပါ သတင်းတွင် စစ်အာဏာရှင် အစိုးရလက်ထက် ၁၉၉ဝ မှ ယနေ့အထိ ရပ်တည်ဖွင့်လှစ်ခဲ့သော NLD ဌာနချုပ်ရုံးအား ဓာတ်လှေကားပါ ရှစ်ထပ်အမြင့် အဆောက်အအုံ ပြင်ဆင်ဆောက်လုပ် မည်ဖြစ်ပြီး ဆောက်လုပ်ရေး ကော်မတီတွင် ဥက္ကဋ္ဌ ဦးတင်ဦး၊ အတွင်းရေးမှူး ဦးရဲမင်းဦး (AGD Bank MD) အပါအဝင် အဖွဲ့ဝင်ကိုးဦး ပါဝင်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

ထို့ပြင် အမည်ဖော်ပြမထားသည့် NLD ပါတီဝင်ဟောင်း တစ်ဦးဆိုသူ၏ ဌာနချုပ်ရုံး ဆောက်လုပ်မည့် သတင်းနှင့် ပတ်သက်သည့် ပြောကြားချက် ကိုလည်း ထည့်သွင်းထားသည်။ ယင်း NLD ပါတီ အဖွဲ့ဝင်ဟောင်း တစ်ဦး၏ ပြောကြားချက်ဟူ၍ ဖော်ပြချက်တွင် “...AGD Bank ဆိုတာ ထူးကုမ္ပဏီ လက်အောက်ခံပဲလေ။ နောက်ပြီးစစ်အစိုးရ အဆက်ဆက် အုပ်စိုးသူ ဗိုလ်ချုပ်တွေနဲ့ပေါင်းပြီး နည်းလမ်းမျိုးစုံနဲ့ စီးပွားရှာခဲ့တာ။ လူတိုင်းအသိပဲလေ။ နောက်ပြီး ပါတီကြီးတွေနဲ့ နိုင်ငံရေး သမားတွေကို ခရိုနီတွေ နည်းလမ်းမျိုးစုံနဲ့ ချဉ်းကပ်ဖို့ ကြိုးစားနေကြတာ။ အခုအချိန်မှာ ပေါ်ပေါ်တင်တင်ကို ဖြစ်လာနေတာပဲ။ အဲဒီနောက်ဆက် တွဲ ပြဿနာတွေကတော့ နိုင်ငံရေးအရ ခရိုနီတွေ ဝါးမျိုလာမယ့် အန္တရာယ် ကိုလည်း သတိရှိရှိ ကာကွယ်စေချင်ပါတယ်”ဟု ဖော်ပြထားသည်။ ထို့ပြင် NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက “အဆောက်အအုံအ သစ် ဆောက်မယ့်ကိစ္စ အခုမမေးပါနဲ့။ ကျွန်တော်လည်း မဖြေနိုင်သေးဘူး။ ကျွန်တော်တို့ တရားဝင်လည်း ပြောပါ မယ်။ နောက်တစ်ပတ်လောက်ကျရင်”ဟု News Watch ဂျာနယ်အား ပြန်လည် ဖြေကြားထားမှုကို ထည့်သွင်း ဖော်ပြထားသည်။

News Watch ဂျာနယ်၏ သတင်းဖော်ပြမှုနှင့် ပတ်သက်ပြီး NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းအား The Daily Eleven က မေးမြန်းရာတွင် ဦးဥာဏ်ဝင်းက “အဲဒီသတင်းက မှားနေပါတယ်။ ဌာနချုပ်ရုံးကို အသစ်ပြန်ဆောက်မယ် ဆိုတာက မှန်တယ်။ ထူးကုမ္ပဏီရဲ့ အကူအညီနဲ့ ဆောက်မယ်ဆိုတာက ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ပါဘူး။ လာမယ့် အပတ်ထဲမှာ လိုအပ်တဲ့ ထုတ်ပြန်ချက်တွေကို ထုတ်ပြန်ပါမယ်။ ကိုရဲမင်းဦးက သူ့ဘာသာ Personal အနေနဲ့ ပါတာပါ။ အဲဒီသတင်းကို မဟုတ်ဘူးလို့ ကျွန်တော်ပြောပါတယ်”ဟု ပြန်လည်ဖြေကြားသည်။

ဦးတေဇ၏ ထူးကုမ္ပဏီသည် NLDပညာရေးကွန်ရက်အား ၂ဝ၁၂ ဒီဇင်ဘာ အတွင်းက ငွေကျပ်သိန်း ၅ဝဝ လှူဒါန်းခဲ့ပြီး ၂ဝ၁၃ မတ်လအတွင်းက ဖြူးဘိုးဘွားရိပ်သာ ပဒေသာပင်အတွက် ထူးကုမ္ပဏီ ကိုယ်စား ဒေါ်အောင်ဆန်းစုကြည်က ကျပ်သိန်း ၅ဝဝ ပေးအပ်လှူဒါန်းခဲ့ဖူးကြောင်း သတင်းများအရ သိရသည်။

NLD ပါတီဌာနချုပ် ရုံးသစ်ဆောက်လုပ်မှုသည် ကာလတန်ကြေး ကျပ်သိန်း သောင်းဂဏန်း ကုန်ကျနိုင်ကြောင်း၊ ၂ဝ၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီအတွက် ရွေးကောက်ပွဲ အောင်နိုင်ရေး ပြင်ဆင်ရမည့် ကုန်ကျစရိတ် အခြေအနေများအရ သာမန်အဖွဲ့ဝင်များနှင့် ထောက်ခံသူများက အဆောက်အအုံ ဆောက်လုပ်မှုအတွက် အလှူငွေ ထည့်ဝင်နိုင်ရန် ခက်ခဲနိုင်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဌာနချုပ် လက်ရှိအဆောက်အအုံအား တွေ့ရစဉ်

Eleven Media Group

No comments:

Post a Comment