Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 22, 2014

Mister University Myanmar 2014 ပြိုင်ပွဲFinalist စာရင်းဝင် မောင်ကျော်ဇောဟိန်း (ခ) ကောင်းမြတ်ဟိန်းကို ဟိုတယ် ရေကူးကန်တွင် အသက်ကင်းမဲ့ လျက်တွေ့ ရှိ


R.I.P Kaung Myat Hein

Mister University Myanmar 2014 ပြိုင်ပွဲအတွက် Finalist စာရင်း ၀င် မောင်ကျော်ဇောဟိန်း (ခ) ကောင်းမြတ်ဟိန်း အသက် ၂၀နှစ်ကို
စခန်းသွင်း လေ့ကျင့်လျက်ရှိသည့် ဟိုတယ် ရေကူးကန် အနက် ၁၀ ပေခန့် တွင် ယမန်နေ့ည သန်းခေါင်ကျော် အချိန်ခန့်၌ အသက်ကင်းမဲ့ နေသည်ကို
ရှာဖွေတွေ ရှိခဲ့ရကြောင်း Miss University Myanmar စီစဉ်ဆောင်ရွက်နေ သူတွေက ထုတ်ပြန်ခဲ့ပါသည်။
၎င်းသေဆုံးခဲ့မှု အတွက် Miss University Myanmar စီစဉ်သူများအနေဖြင့် ဖြစ်စဉ် ရင်းမြစ်အား စုံစမ်း စစ်ဆေးလျက် ရှိပါကြောင်း အသိပေး တင်ပြအပ် ပါသည်ဟု ၄င်းတို့၏ ဖေ့(စ်)ဘုတ် စာမျက်နှာ ထက်တွင် ဖော်ပြထားသည်။

နိုင်ငံသားကောင်း လူတော်လူကောင်းလေးတစ်ယောက် ဆုံးရှုံးခဲ့ရတဲ့အတွက် Miss Golden Land MyanmarOrganization မှ မောင်ကောင်းမြတ်ဟိန်း၏ မိသားစု မိတ်ဆွေများနှင့်အတူ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲမိပါကြောင်း....

No comments:

Post a Comment