Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 22, 2014

တက္ကသိုလ်များ Mister & Miss ပြိုင်ပွဲဝင်တစ်ဦး စခန်းသွင်းလေ့ကျင့်လျက်ရှိသော ဟိုတယ်တွင် သေဆုံးမှုအားစစ်ဆေး


Thursday, January 23, 2014

Published on: January 23, 2014
တက္ကသိုလ်များမှ Mister & Miss Universities 2014 နောက်ဆုံးအဆင့် ပြိုင်ပွဲဝင်တစ်ဦးမှာ စခန်းသွင်းလေ့ကျင့်လျက်ရှိသော Yangon City Golf Resort ဟိုတယ်တွင် သေဆုံးမှုအား ဇန်န၀ါရီ ၂၂ ရက်က စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ပြိုင်ပွဲဝင်ခါးနံပါတ် (၅) မောင်ကျော်ဇောဟိန်း(ခ) ကောင်းမြတ်ဟိန်းဖြစ်ပြီး သေဆုံးချိန်တွင် အသက်(၂၀) ရှိပြီဖြစ်ကြောင်း၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်တွင် ပညာသင်ကြားနေသူဖြစ်ကြောင်း သိရသည်။

သေဆုံးသူအား စခန်းသွင်းလေ့ကျင့်လျက်ရှိသော ဟိုတယ်၏ ရေကူးကန်အနက် ၁၀ ပေတွင် ယမန်နေ့ သန်းခေါင်ယံအချိန်ခန့်က အသက်ကင်းမဲ့စွာ တွေ့ရှိခဲ့ရကြောင်း Mister & Miss Universities ၏ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါသေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်၍ အင်းစိန်မြို့မ ရဲစခန်းမှ ဒုရဲမှူးမောင်မောင်ဦးက “သေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ စစ်ဆေးမှုတွေ ပြုလုပ်နေဆဲပဲ ဖြစ်ပါတယ်” ဟု ဇန်န၀ါရီ ၂၂ ရက် မွန်းလွဲပိုင်းက ပြောကြားခဲ့သည်။

အဆိုပါ နောက်ဆုံးရွေးချယ်ထားသော ပြိုင်ပွဲဝင် ၃၀ ကျော်ကို Yangon City Golf တွင် စခန်းသွင်းလေ့ကျင့်နေကြောင်း သိရသည်။ ယခုကဲ့သို့ “ပြိုင်ပွဲဝင်တစ်ဦး သေဆုံးသွားတဲ့ အတွက်ကြောင့် ပြိုင်ပွဲကျင်းပမယ့် အစီအစဉ်တွေ လွဲချော်သွားပါတယ်။ အဲဒါကြောင့် နောက်ဆုံးပြိုင်ပွဲကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းသွားမှာ ဖြစ်ပါတယ်” ဟု ပွဲကျင်းပရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment