Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 1, 2014

Mister International Myanmar ပြိုင်ပွဲ ပထမဆုံးအကြိမ် ကျင်းပမည်

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

Miss International Myanmar 2013 နှင့် Miss Grand Myanmar 2013 ပြိုင်ပွဲများကို ဦးစီး၍ ကျင်းပပေးခဲ့သော Miss Golden Land Myanmar Organization မှ Mister International Myanmar ပြိုင်ပွဲကြီးကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပသွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့အစည်းမှ ဒါရိုက်တာ ဦးဟန်ဇော်လတ်က ပြောကြားသည်။
“ဒီပြိုင်ပွဲကို ကျွန်တော်တို့ Miss Golden Land Myanmar Organi-zation က Miss ပွဲတွေ လုပ်နေတာတွေတော့ အဲဒီ Mister International 2014 အတွက် ကမ်းလှမ်းခံရလို့ လုပ်ဖြစ်သွားတာပါ။ ပြီးတော့ ကျွန်တော်တို့ နိုင်ငံမှာ Miss ပွဲတွေအတွက်ပဲ လုပ်တာများပြီး Mister တွေ အတွက်ကျတော့ မရှိကြဘူးလေ။ အဲဒါကြောင့် အမျိုးသားတွေလည်း နိုင်ငံ့ ကိုယ်စားပြုနိုင်အောင် လုပ်ဖြစ်တာပါ” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

ယင်းပြိုင်ပွဲအတွက် ဝင်ရောက် ယှဉ်ပြိုင်လိုသူများသည် Miss Golden Land Myanmar Organization ဖုန်း ၀၉ ၄၃၀၂၆၁၅၈၊ ၀၉၃၁၂၅၂၀၀၁ သို့ ဆက်သွယ်ရမည် ဖြစ်ပြီး လိုအပ်သည့် အချက်အလက်များနှင့် ကျင်းပမည့် နေ့ရက်ကို တရားဝင် ကြေညာသွားမည် ဖြစ်ကြောင်း၊၂၀၁၃ ခုနှစ်အတွက် ပြိုင်ပွဲကြီးကို အင်ဒိုနီးရှားနိုင်ငံ၌ နိုဝင်ဘာလတွင် ပြုလုပ်ခဲ့ပြီး ၂၀၁၄ ခုနှစ်အတွက် အိမ်ရှင်နိုင်ငံကို မရွေးချယ်ရသေးကြောင်း Miss Golden Land Myanmar Organizationမှ ဒါရိုက်တာ ဦးဟန်ဇော်လတ်က ဆိုသည်။
“အခုလိုပွဲမျိုးကို ကိုယ့်နိုင်ငံက လုပ်ပေးတဲ့ လူရှိတာ အရမ်းကောင်းပါတယ်။ ယောက်ျားလေးတွေအတွက် သီးသန့် လုပ်ပေးတဲ့ ပွဲမျိုးဆိုတာ တော်တော်ရှားတယ်။

အဲတော့ မြန်မာနိုင်ငံက မော်ဒယ်လ်တွေအစား ဝမ်းသာဂုဏ်ယူ မိပါတယ်။ ခုလို နိုင်ငံအတွက် ကိုယ်စားပြုခွင့် ရတာ အရမ်းကို ဝမ်းသာဖို့ ကောင်းပါတယ်” ဟု မော်ဒယ်လ် ဆန်းတိုးနိုင်က ပြောကြားသည်။

No comments:

Post a Comment