Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 21, 2014

အထက်လန်အောက်လျှောဖြစ်နေတဲ့ Miley Cyrus


Miley Cyrus ဟာ ဆိုးဝါးတဲ့ အထက်လန်အောက်လျှောရောဂါဖြစ်နေပါတယ်။

Wrecking Ball ရဲ့အဆိုတော်ဟာ ၁၉ရက်နေ့ည ကစလို့ နာမကျန်းဖြစ်နေတယ်လို့ထင်ရပြီး သူမရဲ့ပွင့်လင်းတဲ့ twitter message မှာတော့ သူဒီလိုလျှင်မြန်စွာနဲ့ကြီးပြင်းလာဖို့မမျှော် လင့်ခဲ့ပဲ နေကောင်းအောင်အနားယူနေချိန်မှာ ကလေးလေးတစ်ယောက်လိုဂရုစိုက်ခံချင်ကြောင်းဝန်ခံထားပါတယ်။

၂၁ နှစ်အရွယ် pop star ဟာ သူမရဲ့နာမကျန်းဖြစ်မှုအကြောင်းကို social media မှာ Daft Punk ရဲ့သီချင်း “Get Lucky” ရဲ့စာသားတွေကို ဟာသဆန်ဆန်အနည်းငယ်ပြောင်းလဲတင်ပြပြီး သူမရဲ့၁၆ သန်းသောပရိတ်သတ်တွေကို သိစေခဲ့ပါတယ်။

“အော့အန်ဖို့အတွက် တစ်ညလုံးနိုးနေပါတယ်။ ကျွန်မတစ်သက်မှာ အဆိုးဆုံး အထက်လန်အောက်လျှောရောဂါရနေပါတယ်” လို့ tweet လုပ်ခဲ့ပါတယ်။

“ကလေးဘ၀တုန်းကလူကြီးဖြစ်ချင်ခဲ့တဲ့ အခါတိုင်းကိုနောက်တရလျှက်” လို့ထည့်သွင်းပြီး tweet ထားသေးပါတယ်။

Miley ရဲ့ပရိတ်သတ်တွေက အမြန်ဆုံးနေပြန်ကောင်းဖို့ဆုတောင်းပေးတဲ့အခါ ‘Adore You’ သီချင်းရဲ့အဆိုတော်က “အရာရာအားလုံးကနာကျင်စေပါတယ်” လို့ပြန်ကြေငြာခဲ့ပါတယ်။

သူမရဲ့ tweet တွေထဲကအများစုဟာ သူမရဲ့နာမကျန်းမှုအကြောင်းဖြစ်ပေမယ့် အဲဒီ့နေ့ညမှာသူမ စိတ်လှုပ်ရှားဒေါသထွက်နေတယ်လို့လဲထင်ရပါတယ်။ သူမရဲ့ဘ၀ထဲက ကိုယ့်ကိုကိုယ်သာ အကောင်းမြင်တတ်ပြီး သူတစ်ပါးကိုအဆိုးဝေဖန်တဲ့ ကြောင်သူတော်တွေကို ပြန်လည်ပြစ်တင်တုန့်ပြန်ခဲ့ပေမယ့် အဖြစ်အပျက်အကြောင်းအရာကိုတော့ရှင်းမပြခဲ့ပါဘူး။

“လူတွေက သူတို့လုပ်တာကိုပဲလုပ်တဲ့ လူတွေအကြောင်း မကောင်းပြောကြတယ်။ ကျွန်မနဲ့ပါတ်သတ်တဲ့အရာအားလုံးကို ကြောင်သူတော်တွေကကြီးစိုးထားတယ်။ စိတ်ပျက်နေပြီ” လို့အမှာစကားပြောကြားသွားပါတယ်။

Ref:starpulse
Trend Myanmar

Miley Cyrus Comes Down With A Case Of The Stomach Flu! Vomit Emojis Everywhere!

miley cyrus tweets about having the stomach flu(1)
Uh oh! It looks like all of that corn isn't sitting to well in Miley Cyrus' tummy!
Just this weekend, the twerking goddess made a food-tastic "Weird" Al Yankovic cover of We Can't Stop that had us laughing all day!
Well apparently while we were busy LOLing, Miley was busy puking as she took to Twitter to say she was feeling a bit under the weather:

No comments:

Post a Comment