Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 23, 2014

မြန်မာအသင်းနည်းပြအဖြစ် ခန့်အပ်ရန် အေဘရာမိုဗစ်နှင့် MFF တို့ တွေ့ဆုံဆွေးနွေးမည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် မြန်မာ့လက်ရွေးစင်အသင်း၏ နည်းပြချုပ်အဖြစ် စင်ကာပူလက်ရွေးစင်အသင်း နည်းပြဟောင်း အေဘရာမိုဗစ်နှင့် ဆွေးနွေးနေကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပြီး လာမည့် ဖေဖော်ဝါရီ ၂ ရက်တွင် နောက်ဆုံး အဆင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
 MFF ဥက္က ဦးဇော်ဇော်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်က အေဘရာမိုဗစ် နှင့် ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာအသင်းနည်းပြချုပ်အဖြစ် တာဝန်ယူရန် ပဏာမအဆင့် သဘောတူထားပြီး ဖြစ်ကြောင်း သိရသည်။ အေဘရာမိုဗစ်က လက်ထောက်နည်းပြတစ်ဦးနှင့် ဂိုးနည်းပြ တစ်ဦးတို့ကို ၎င်းစိတ်ကြိုက် ခေါ်ယူခွင့်ပြုရန် MFF ထံ တင်ပြထားပြီး လစာနှင့် အခြားခံစားခွင့်များကို ထပ်မံဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။ ဆားဘီးယားလူမျိုး အေဘရာမိုဗစ်သည် စင်ကာပူလက်ရွေးစင်အသင်းကို ဆယ်စုနှစ်တစ်ခုကြာ ကိုင်တွယ်ခဲ့ပြီး ဆူဇူကီးဖလားချန်ပီယံဆုကို သုံးကြိမ်ရရှိအောင် စွမ်းဆောင်ပေးခဲ့သည့် နည်းပြတစ်ဦးလည်းဖြစ်သည်။
- See more at: http://www.news-eleven.com/spor

No comments:

Post a Comment