Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 9, 2014

Lindsay Lohan ရဲ့အခိုးခံရတဲ့ Laptop ထဲမှာ ၀တ်လစ်စလစ်ပုံတွေ ပါတယ်တဲ့


Lindsay Lohan တစ်ယောက် တရုတ်ပြည်မှာ Laptop အခိုးခံရပြီးတဲ့နောက်မှာ တော်တော်လေး စိတ်အနှောင့်ယှက်နေတာဖြစ်ပြီး အဲဒီ့ Laptop ထဲမှာအရေးကြီးတဲ့ အချက်အလက်အချို့ ပါဝင်တယ်လို့သိရပါတယ်။
Lindsay Lohan ကို တင်္နလာနေ့ညက Sohu Fashion Achievement ဆုနဲ့ ဂုဏ်ပြုခဲ့တာဖြစ်ပြီး “တရုတ်ပြည်မှာ ရှိနေရတာကောင်းပါတယ်။ ပြီးတော့ ရင်းနှီးဖေါ်ရွေမှုတွေအတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။ ဒါပေမယ့် တစ်စုံတစ်ယောက်က ကျွန်မရဲ့ ကွန်ပျူတာကို လေဆိပ်မှာ ခိုးသွားတယ်။ ဒီကွန်ပျူတာကိုပြန်ယူပေးနိုင်မယ့်သူ ဘယ်သူမဆို ဆုကြေးငွေပြန်ပေးပါမယ်။ ဒါမပါပဲပြန်သွားရမှာစိတ်ညစ်ပါတယ်။ နှုတ်ဆက်ခဲ့ပါတယ်” လို့ သူမရဲ့ Twitter မှာရေးခဲ့တာဖြစ်ပါတယ်။
TMZ.com ရဲ့အဆိုအရ အဲဒီ့ Laptop မှာသူမရဲ့ ၀တ်လစ်စလစ်ပုံတွေနဲ့ Woody Allen နဲ့ Lady Gaga အပါဝင် သူမရဲ့နာမည်ကြီးမိတ်ဆွေတွေရဲ့စာတွေပါတယ်လို့သိရပါတယ်။
Lohan ဟာ New York မြို့မှာ နှစ်သစ်ကူးကိုဆင်နွှဲအပြီး ဒီဆုပေးပွဲအတွက် တရုတ်ပြည်ကိုသွားခဲ့တာဖြစ်ပြီး Shanghai မြို့က ကလပ်တွေမှာ ပါတီလုပ်နေတာကိုလဲတွေ့ရပါတယ်။
လက်တလောမှာတော့ သူမဟာ ဂီတလုပ်ငန်းဘက်ကိုပြန်လှည့်နေပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ New York ကစတူဒီယိုတစ်ခုမှာ Electornic ဂီတသီချင်းတွေကို စမ်းသပ်အသံသွင်းပြီးအချိန်ကုန်စေခဲ့ပါတယ်။
Lohan ဟာသူမရဲ့ကိုယ်တိုင်ရေးအထ္တုပ္ပတိကိုလည်း ရေးနေတာဖြစ်ပြီး သူမရဲ့ကလေးသရုပ်ဆောင်ဘ၀အကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုအကြောင်း၊ အချစ်ရေးကိစ္စတွေ၊ တရားရင်ဆိုင်မှုကိစ္စတွေနဲ့ ပြန်လည်ထူ ထောင်ရေးစင်တာကအတွေ့အကြုံတွေ အကြောင်းရေးဖို့စိတ်ကူးထားတာဖြစ်ပါတယ်။
Ref:starpulse
http://www.trend.com.mm/2014/01/09/news-1508

No comments:

Post a Comment