Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 26, 2014

Learning English _ တစ်မိနစ်အင်္ဂလိပ်စာ ( the ball is in your court )

the ball is in your court
တင်းနစ်ကစားရာမှာ the ball is in your court ဆိုရင် တစ်ဖက်လူအလှည့်ပေါ့။
ဘောလုံးကမင်းလက်ထဲမှာ။ဘယ်လိုပေးမလဲ။ပြင်းပြင်းပေးမလား။ပျော့ပျော့ပေးမလား။
အားလုံးမင်းအဆုံးအဖြတ်ပေါ်မူတည်တယ်။ဒဲ့ပြောရင်ဘောလုံးက မင်းရဲ့ အဆုံးအဖြတ်တရားရုံးမှာပေါ့။
ဒီဗီဒီယိုထဲမှာ "Sam ကနင့်ကို ညစာသွားစားဖို့ ဖိတ်တယ်လို့ ကြားတယ်နော်။ ညည်းသွားမလား။သူကသိပ်ချစ်ဖို့ ကောင်းတယ်နော်။ ကြည့်ရတာသူ့ ဖက်ကတော့ဖိတ်စာ တခြမ်းတော့ရိုက်ထားပြီ။ ညည်းဖက်ကရိုက်ဖို့ ပဲကျန်တော့တယ်။"
the ball is in your court.
နောက်ထပ်ဥပမာလေးတစ်ခုလည်းကြည့်ပါဦး။
We made a reasonable offer for the house, and now the ball is in their court.
ငါတို့ ကတော့အိမ်ကိုသင့်တင့်တဲ့ဈေးခေါ်ပြီးပြီ။ ၀ယ်မလား၊မ၀ယ်ဘူးလားကတော့ မင်းသဘောပဲ။
I've told him he can have his job back if he apologizes. The ball's in his court now.
သူပြန်တောင်းပန်ရင်အလုပ်ပြန်ရမယ်လို့ ငါသူ့ ကိုပြောပြီးပြီ။ တောင်းပန်တာ၊မတောင်းပန်တာတော့ သူ့  အပိုင်းပဲ။
Learning English _ the melting pot 4 U  


 


No comments:

Post a Comment