Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 14, 2014

“ကာချုပ်၏ ကတိစကားအရ တပ်နေရာချထားရေး အကောင်အထည်ဖော်မည်ဟု KNU က ဆို”

ရွှေဟင်္သာသတင်းဌာန - Tuesday, 14 January 2014 12:00

တပ်နေရာ ချထားရေးကို အကောင် အထည် ဖော်ရန် ကရင် အမျိုးသား အစည်း အရုံး (KNU) သည် သက်ဆိုင်ရာ ပြည်နယ် နှင့် တိုင်း ဒေသကြီး ရှိ အစိုးရ အခြေစိုက် စစ်ဌာနချုပ် များနှင့် တွေ့ဆုံ သွားရန်ရှိ ကြောင်း KNU စစ်ရုံးချုပ် တာဝန်ခံ ဗိုလ်မှူးချုပ် ရော်ဂျာခင် ကဆိုပါ သည်။

“ကျနော်တို့တပ်မဟာ တွေ အခြေစိုက် တဲ့ ပြည်နယ် နဲ့ တိုင်း အလိုက်ပေါ့ ဗျာ ဥပမာ ကျနော်တို့ တပ်မဟာ (၅) (၆) (၇) ဆိုရင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် နဲ့ ညှိရမှာ ပေါ့၊ အဲလို သက်ဆိုင်ရာ စစ်ဌာနချုပ်တွေနဲ့ တပ်နေရာ ချထား ရေး တွေ ဆွေးနွေးဖို့ ရှိပါတယ်” ဟု ဆိုပါသည်။

KNU သည် ပြီးခဲ့ သည့် ဇန္နာဝါရီ ပထမ အပါတ်တွင် သမ္မတနှင့် ကာချုပ် တို့အား နေပြည်တော်သို့ သွားရောက် တွေ့ဆုံ ခဲ့ပါသည်။ ယင်းခရီးစဉ်မှ နှစ်ပတ် အတွင်း နှစ်ဖက် တပ်တည် များ နေရာ ချထားရေးကို တိတိ ကျကျ သတ်မှတ် နိုင်ရေး အတွက် သက်ဆိုင်ရာ အခြေစိုက် စစ်ဌာနချုပ် များနှင့် ဆွေးနွေး ညှိနှိုင်းရန် ကာချုပ်က သဘော တူခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

(KNU) သည် တပ်မဟာ (၇) ခု ရှိပါသည်။ အထူးသဖြင့် တောင်ငူ၊ ညောင်လေး ပင်၊ကော့ ကရိတ်၊ ဘားအံ၊ မြိတ် ထားဝယ် ခရိုင် များနှင့် ဆက်စပ် သည့် ဒေသများ တွင် အခြေစိုက် ပါသည်။ ဤသို့ကြောင့် ၄င်းဒေသရှိ အစိုးရ တပ် များနှင့် ညှိနှိုင်းပြီး တပ်နေရာ ချရန် ဖြစ်ပါသည်။

အဆိုပါ (KNU) နယ်မြေများထဲ တွင် အစိုးရ တပ်စခန်း (၃၀၀) ခန့် ရှိနေသည်။ ထိုထဲမှ စခန်း (၉၀) ကျော်ဆုတ်ခွာ ပေးပါ ရန် (KNU) မှ သမ္မတနှင့် ကာချုပ် တို့ အား အကြိမ်ကြိမ် တင်ပြ ထားခဲ့ ပါသည်။ သို့သော် ထူးခြားမှု မရှိပေ။

ကာချုပ် ကမူ ထိုသို့ အကောင် အထည်မဖေါ်နိုင် ခြင်း မှာ မလိုလား အပ်သည့် အဖြစ် အပျက်များ ရှိခဲ့ သဖြင့် နှောင့် နှေး ခဲ့ရခြင်း ဖြစ်ကြောင်း ဆိုခဲ့သည် ဟု KNU ကိုယ်စား လှယ် များက ဆို ပါသည်။ ယခု အပတ် တွေ့ဆုံ ပွဲတွင် ကာချုပ်သည် သက်ဆိုင်ရာ စစ်ဌာနချုပ် များအား ထပ်မံ ညွှန်ကြားပေး မည်ဖြစ် ကြောင်း ဆိုလာ ပြန် ပါသည်။ ဤသို့ကြောင့် ဒေသခံ အစိုးရ တပ်ဖွဲ့များနှင့် ဆွေးနွေးရန် KNU ဖက်မှ ပြင်ဆင် နေခြင်း ဖြစ်ပါသည်။

ဤကဲ့ သို့ပြင် ဆင်နေချိန် တွင် အစိုးရ တပ်များသည် တပ်မဟာ (၅) နယ်မြေ ထဲသို့ လမ်းဖေါက် ရန်လမ်းရှင်း လာရာမှ နယ်ခံ တပ်များနှင့် ပစ်ခတ်မှု ဖြစ်လာ ခဲ့ပြန် ပါသည်။ ဤသည် နှစ်ဖက် တပ်တည် နေရာ အတိအကျ၊ နယ်မြေ အတိ အကျ သတ်မှတ် ထားခြင်း မရှိသဖြင့် နားလည်မှု လွဲရာက သေနတ် ပစ်ဖေါက် မှု ဖြစ်ပွား ခဲ့ သည် အထိ ဖြစ်ခဲ့ သည်ဟု ဗိုလ်မှူး ချုပ် ရော်ဂျာခင်ကဆိုပါ သည်။

“အဲဒါ ကတော့ တပ်မဟာ (၅) ဖာပွန် ခရိုင် မှာပေါ့ ၊ သူတို့ (အစိုးရ တပ်) က ရိက္ခာ သယ်ပို့ရေး အတွက် လမ်း ကြောင်း လမ်းဖောက် လမ်းရှင်းဖို့ လုပ်တယ်၊ ကျနော်တို့ နယ်မြေထဲ ဝင်လာတော့ ကျနော်တို့ လူတွေဘက်က တားပြီး သတိပေး ပစ်တယ်၊ ကျနော်တို့ လူတွေ လှုပ်ရှားတဲ့ အခါ သူတို့ ဘက်က လက် နက်ကြီးနဲ့ သတိပေးပြီး ပစ်တယ်၊ သူတို့ တပ်တည် နဲ့ နေရာ သတ်မှတ် ထားတာ တွေက ကျနော်တို့ သတ်မှတ် ထားတာ နားလည် ထားတာနဲ့ တူမှ မတူတာ” ဟု ဆိုပါသည်။

ထိုသို့သော နှစ်ဖက် နားလည်မှု မတူညီသည့် နေရာ များတွင် စစ်ရေး လှုပ်ရှား မှုများ ဖြစ်ပေါ် ခဲ့ပါက တစ်ဖက်နှင့် တစ်ဖက် နားလည်မှု လွဲ၍ ပစ်ခတ် မှု ဖြစ်နိုင် သည့် အတွက် တပ်တည် နေရာ သတ်မှတ် ရေး နှင့် နှစ်ဖက်တပ်များ အကြား လိုက်နာရ မည့် ကျင့်ဝတ် များ ချမှတ် နိုင်ရေး အရေးကြီး နေပါသည်။

ကရင် အမျိုးသား အစည်း အရုံး (KNU) သည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဘားအံမြို့ ဇွဲကပင် ဟိုတယ်၌ပင် အစိုးရနှင့် အပစ် အခတ် ရပ်စဲရေး သဘောတူ စာချုပ်ကို ချုပ်ဆို ခဲ့သည့် အဖွဲ့ ဖြစ်သည်။ ၄င်းတို့သည် ပြည်နယ် အဆင့် (၁) ကြိမ်၊ ပြည်ထောင်စု အဆင့် (၃) ကြိမ် ၊ သမ္မတနှင့် ကာချုပ် တို့အား သွားရောက် တွေ့ဆုံသည့် အလွတ် သဘော တွေ့ဆုံမှု (၄) ကြိမ် အပါ အဝင် နှစ်ဖက် အကြား အခြား အလွတ်သဘော တွေ့ဆုံ မှုမျိုးများ ရှိသော် လည်း (KNU) တောင်းဆို နေသော ကျင့်ဝတ်များ တပ်နေရာချ ထားရေးများ သည် ယနေ့ အထိ သဘောတူ နိုင်ခြင်း မရှိသေး ပေ။

No comments:

Post a Comment