Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 5, 2014

KNU ဥက္ကဋ္ဌ ရန်ကုန်ရောက်


ရန်ကုန်၊ ဇန်နဝါရီ ၎

မြန်မာ အစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အတွက် ယုံကြည်မှုများ ပိုမိုခိုင်မာလာစေရန် KNU ဥက္ကဋ္ဌ မူတူးစေးဖိုး ခေါင်းဆောင်သာ KNU ကိုယ်စားလှယ်များ ရန်ကုန်မြို့သို့ ဇန်နဝါရီလ ၄ ရက်နေ့တွင် ရောက်ရှိနေကြောင်း ကရင်အမျိုးသား အစည်းအရုံး ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က The Voice သို့ ပြောသည်။

KNU ကိုယ်စားလှယ်များက အစိုးရမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်များနှင့် နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမည် ဖြစ်ကြောင်း KNU ဗဟိုဌာနချုပ်မှ ဇန်နဝါရီ ၃ ရက်နေ့ ရက်စွဲဖြင့် သတင်း ထုတ်ပြန်ထားသည်။

"အစိုးရ ဘက်ကလည်း လာဖို့ ဖိတ်ထားပါတယ်။ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ အချိန်မှာ အခုလို ယုံကြည်မှု ပိုခိုင်မာလာရင် ပြဿနာတွေ ပိုနည်းသွားမယ်လို့ ယုံကြည်လို့ပါ" ဟု ကရင်အမျိုးသား အစည်းအရုံး ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က The Voice သို့ ပြောကြားသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြန်မာ ငြိမ်းချမ်းရေးစင်တာသို့ The Voice မှ ဆက်သွယ် မေးမြန်းခဲ့သော်လည်း အစည်းအဝေး ခန်းမထဲသို့ ရောက်နေသည်ဟု ဆိုကာ ပြန်လည် ဖြေကြားခြင်း မပြုခဲ့ပေ။

KNU ဥက္ကဋ္ဌ မူတူးစေးဖိုး ပါဝင်သော ကိုယ်စားလှယ်များကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းတို့ ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် လာရောက်ကြိုဆိုခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တွေ့ဆုံခဲ့သည်ဟု ဖဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် KNU ဥက္ကဋ္ဌ မူတူးစေးဖိုး ပါဝင်သော ကိုယ်စားလှယ် အဖွဲ့တို့ ၂၀၁၂ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံခဲ့ သေးသည်။



 

No comments:

Post a Comment