Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 28, 2014

အမေရိကန်နိုင်ငံတစ်လွှားမှာ ပေါက်နေတဲ့ Hip-hop အကရူးသွပ်မှုအသစ် “Drop That NaeNae’




Atlanta မြို့ကနေ hip-hop အကသီချင်းတစ်ပုဒ်ထွက်ပြီး အမေရိကန်တစ်နိုင်ငံလုံးကိုပြန့်နှံ့နေပါပြီ။ ဆယ်ကျော်သက်လူငယ် ၅ ယောက်နဲ့ဖွဲ့စည်းထားတဲ့ We Are Toonz ရဲ့သီချင်းဖြစ်ပါတယ်။ ဒီအကကတော့ Martin Lawrence ရဲ့ ရုပ်သံ show ဖြစ်တဲ့ Martin ထဲကဇာတ်ကောင်  Sheneneh Jenkins ရဲ့ character တွေကိုအနည်းငယ်အခြေခံထားတာဖြစ်ပါတယ်။
“ကလပ်ထဲမှာ ရယ်ရွှင်ဖွယ်ရာကခုန်နေတဲ့ အပေအတေကောင်မလေး ပုံစံကိုအခြေခံထားပါတယ်။ ဒီကောင်မလေးကို အကောင်းဆုံးဥပမာပြရင်တော့ Martin ထဲက Sheneneh ပါ” လို့ အဖွဲ့ဝင် CalLamar ကရှင်းပြပါတယ်။
Social media တွေရဲ့ကောင်းမှုကြောင့် G-Cutz ကထုတ်ခဲ့တဲ့ ဒီသီချင်း “Drop That NaeNae” ဟာ အမေရိကရဲ့အထက်တန်းကျောင်းတွေမှာအလျှင်အမြန်ပဲ လူသိများလာခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ Vine, Instagram, Twitter နဲ့ Youtube တို့ကိုသုံးပြီး လူငယ်တွေဆီအရောက်ပို့ပေးခဲ့တာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ကလေးတွေနဲ့ဆယ်ကျော်သက်တွေ တကယ်ရှိနေတဲ့နေရာဖြစ်တာကြောင့်ပါလို့ CalLamar ကပြောပါတယ်။ ရလဒ်အနေနဲ့ကတော့ ပြီးခဲ့တဲ့ရက် ၉၀ အတွင်း Twitter ပေါ်မှာ #NaeNae ပါတဲ့ hashtag ပေါင်း ၁.၁ သန်းကျော်ရှိလာပါတယ်။
“ဖေဖေါ်ဝါရီလကုန် မတ်လအစမှာကျွန်တော်တို့ အရမ်းကြီးမားတဲ့ နယ်လှည်ဖျော်ဖြေပွဲလုပ်ဖို့အတွက် Germany မှာရှိနေမှာပါ။ နေ့ရက်တွေကိုတော့ကြေငြာပြီးပါပြီ။ We are Toonz ဟာ The Nae Nae သီချင်းတစ်ပုဒ်ထဲ ချပြလိမ့်မယ်လို့ခင်ဗျားထင်နေရင်တော့ ပြန်စဉ်းစားပါဦး။ ကျွန်တော်တို့မှာ နောက်လာမယ့် music တွေရှိနေပါသေးတယ်” လို့အဖွဲ့ဝင် CalLamer ကပြောပါတယ်။
Drop That NaeNae သီချင်းရဲ့ MTV ကိုအောက်က link မှာကြည့်ပါ။
Ref:billboard.com
http://www.trend.com.mm/2014/01/28/hip-hop-1766

No comments:

Post a Comment