Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 28, 2014

မြန်မာပြည်ရောက် နောက်ဆုံးပေါ် မာစီဒီး E Class ဇိမ်ခံဆလွန်း

bmw
မာစီဒီးရဲ့  နောက်ဆုံးထွက် E Class ကား Test Drive ပွဲမို့ပါ။ မျက်မမြင်ပုံဏ္ဍား ၇ ဦး က ဆင်တစ်ကောင်ကို စမ်းသလိုတော့ စာရေးသူတို့ မခေခဲ့ပါဘူး။ ကားနဲ့ ပက်သက်တဲ့ အချက်အလက်အားလုံးကို နိုင်သလောက် မှတ်သားပြီး ယခုလို ပြန်လည် မျှဝေ ပေးလိုက်ရပါတယ်။
မာစီဒီး ရဲ့ နောက်ဆုံးပေါ်ကားက မြန်မာပြည်ကို ဘာလို့ရောက်လည်းလို့ အရင်ဆုံး မေးစရာ ရှိပါဘူး။ ရောက် မှာပေါ့။ Authorized Distributor ကို မြန်မာပြည် ကိုယ်စားလှယ်တစ်ဦးမှ ယူထားပြီး ဖြစ်ပါတယ်။ သူတင်မက မကြာမီ ကာလအတွင်း BMW လည်းရောက်တော့မှာ ပါ။ လောလောဆယ်တော့ အသစ်မိတ်ဆက်ပေးလိုက်တဲ့ E Class အကြောင်းပဲ ပြောရအောင်။
E Class နောက်ဆုံးပေါ် မော်ဒယ် သုံးခု သွင်းမှာပါ။ E 200, E250 နဲ့ E 400 ဖြစ်ပါတယ်။ Test Drive မှာ ပြသွားတဲ့ ကားကတော့ E 400 ပါ။ မော်ဒယ် အားလုံးကို ခြုံပြီးတော့ မာစီဒီးမှ တာဝန်ရှိသူများက ရှင်းလင်း ပြောပြ ထားပါတယ်။
ကမ္ဘာပေါ်မှာတင် မက မြန်မာပြည်မှာပါ မာစီဒီးမှ မာစီဒီး သူကလွဲရင် ဘယ်ကားမှ ဇိမ်ခံကား မဟုတ်ဘူးလို့ အစွဲကြီးလောက်အောင် ခရေဇီဖြစ်သူတွေ တကယ် ရှိပါတယ်။ Elegance လို့ခေါ်တဲ့ ကြွားကြွားရွားရွား ရှိမှု၊ တင့်တင့်တယ်တယ် ရှိမှုက မာစီဒီး ဇိမ်ခံကားတို့ ပုံသေယူထားတဲ့ ဂုဏ်ပုဒ် တစ်ခု ဖြစ်ပါတယ်။ ဘောနက် (ကားရှေ့ စက်ဖုံးမှာ) မာစီဒီးလိုဂိုတပ်ထားတာ မြင်ရင် လူရှိန် ရလောက်အောင် မာစီဒီးက မြန်မာပြည် ကားလောကမှလည်း မျက်စိကျသူ အင်မတန်များ ပါတယ်။ ဂျာမနီကားလေ။ ဂျာမနီကားမှန်ရင် ဂျပန်ကားထက် အရည်အသွေးကောင်း တယ်လို့ ယုံကြည်သူတွေလည်း ရှိပါတယ်။ ဒါလည်း အပြစ်မဆိုချင်ပါဘူး။ ဂျာမနီဆိုတာ ကမ္ဘာမှာ ကမ္ဘာမှာ ကားစဖြစ်တဲ့ ဌာနေ၊ ယင်းဌာနေမှာ အအောင်မြင်ဆုံး ဇိမ်ခံကား ကုမ္မဏီက Mercedes Benz ဆိုတော့လည်း သူ့ကားတွေ ဈေးကြီးတာ စမ်းတော့ မဆန်းပါဘူး။
အိုကေ။ ကားအကြောင်းမပြောခင် ရင်တမမ ဖြစ်ရအောင် ဈေးလေးပဲ ပြောရအောင်။ CIF ပါ အားလုံး အပြီးအစီး သိန်း ၂၁၀၀ မှ ၂၂၀၀ ကြားအထိ ကုန်ကျစရိတ်များသွားနိုင်မယ့် ကားဖြစ်ကြောင်း ဆိုပါတယ်။ သူ့ရဲ့  Based Price ကလည်းခန့်မှန်းရခက်တယ်လေ။ Order System နဲ့ ပို့တဲ့ကားမို့ အနည်းဆုံး အမေရိကန်ဒေါ်လာ ၈သောင်းကတော့ ပေါက်ဈေး ရှိကြောင်းဆိုပါတယ်။ လက်ရှိ မြန်မာပြည်က အခွန်အခနဲ့ တွက်လိုက်ရင် ဝယ်မယ့်သူ လက်ထဲမှာ သိန်း ၂၂၀၀ လောက်ကတော့ ရှိရပါမယ်လေ။ ဘယ်လိုလဲ။ လန့်သွားပြီလား။ မလန့်ပါနဲ့။ မြန်မာပြည်မှာ ကားဈေးကြီးတာ မဟုတ်ပါဘူး။ လူဦးရေသိပ်သည်းပြီး ကားသိပ်သည်းတဲ့ နိုင်ငံ တွေမှာ ကား တစ်စီး ကုန်ကျစရိတ်ကတော့ များတာကတော့ မဆန်းပါဘူး။ သူက နှစ်စဉ်ခွန်တွေ ပါသေး သကို။ ထားပါတော့။ မြန်မာပြည် ခြေချမယ့် သိန်း ၂၂၀၀ တန် ကားတစ်စီး ဖြစ်တဲ့ E Class က ဘယ်လိုကောင်းလဲ လေ့လာကြည့်ရအောင်။
E Class နောက်ဆုံးပေါ်ပါ။ manufacture year အနေနဲ့ ဒီနှစ်ထဲမှာ ဖြစ်ပြီး ၂လ၊ ၃ လအတွင်းပဲ စက်ရုပ်က ထွက်လာတဲ့ကားပါ။ ၂၀၁၄ မော်ဒယ်အနေနဲ့ ရောက်ရှိလာ မှာ ဖြစ်ပြီး မြန်မာပြည် ကိုလည်း နိုင်ငံတကာနဲ့ တပြေးညီ ရောင်းချသွားပေးမှာပါ။ ကားမှာ အဓိက ထူးခြားချက်က High Tech ပါ။ High Tech ကတော့ ကားတိုင်းမှာ ပါတာပဲလေ။ သူက ဘယ်လောက်များ ထူးခြားလို့လဲ လို့ မေးကြမှာပေါ။ အိုကေ။ ကားပါကင်ထိုးဖို့ အတွက် ခလုပ်လေးတွေ နှိပ်ပေးရုံပဲဆိုရင် စာဖတ်သူ ယုံမှာလား။ အဲဒါအမှန်ပါ။
Auto Parking System လို့ခေါ်တဲ့ ပါကင်ထိုးစနစ်က သူ့ပါသူ အလုပ်လုပ်သွားမှာပါ။ တကယ်ပါ။ မယုံလို့ ကိုယ်တိုင်စမ်းသပ်ကြည့်ပါသေးတယ်။ သူက လူရဲ့  Confirmation ကိုပဲတောင်းတာ။ ရှေ့ ဂီယာထိုးပေးပါ၊ နောက်ဂီယာ ထိုးပေးပါ ဒီလောက်ပဲ သူက Order တောင်းပြီး ကျန်တာ သူ့ပါသူ လုပ်သွားပါတယ်။ မယုံလို့ ပေကြိုးနဲ့ ဆင်းတိုင်းရင်တောင် လွတ်တဲ့နေရာမှာ ကားဝင်တဲ့ အတိအကျကြီးပါပဲ။ ကားပါကင်ထိုးဖို့ ဆန့်လား မဆံ့လားကိုလည်း သူ့ပါသူ ရှာဖွေသွားပါမယ်။ ဆံ့တယ်လို့ သိလိုက်တာနဲ့ ကားကို ထိုးပါလေရော။ အိုကေ ဘယ်လိုရှာဖွေသလဲ။
Car Sensor
လူမှာဆိုရင်တော့ အာရုံခြောက်ပါးပေါ့။ ယခု E Class မှာလဲ အာရုံခံစနစ် ပါပါတယ်။ သိပ်လည်း မမှတ်မိ တော့ဘူးကွယ်။ သေချာတာကတော့ ရှေ့ နောက်၊ ဘေးဘယ်ညာမှာပါဝင်ပါတယ်။ အော်။ ဒီလိုပါ။ သူက Order system နဲ့မို့ ကိုယ်တပ်ချင်တဲ့ Sensor လည်းကွဲမယ်ထင်တယ်။ သင်္ဘောတွေလို ၃၆၀ ဒီဂရီကြည့်ချင်ရင် ပတ်ပတ်လည် တပ်ရမှာပါ။ ရေဒါစနစ်လိုပေါ့။ ကားကို သင်္ဘောမောင်းသလိုမောင်းရမယ်လေ။ Sensor တပ်တော့ ဘာထူးခြားသွားသလဲ။
ထူးခြားတာပေါ့။ အာရုံခံစနစ်ပါပြီဆိုရင် ကားရဲ့  Safety နဲ့ ပတ်ဝန်းကျင် Safety အတွက် အရမ်းကို ကောင်းသွားပြီ။ ဗိုလ်ဆန်ဆန် ပြောရရင် Collision Prevention Assist တစ်ခုဖြစ်တာပေါ့နော်။ ပတ်ပတ်လည်မှာ အပိတ်အဆို့အတားဆီးတွေကို သူက အာရုံခံမယ်။ ဥပမာ လမ်းဖြတ်ကူးနေသူ ကို ကိုယ်က မမြင်လိုက်ဘူး။ ကားရှေ့ မှာ ပါတဲ့ အာရုံခံစနစ်ကို သိနေလိုက်ပြီ။ ကိုယ်က ဆက်မောင်းနေရင်တောင် ကားက အလိုအလျောက်ရပ်သွားပါတယ်။ အော်တိုဘရိတ် ထိုး စနစ်ပေါ့။ ဒါဘယ်တန်ခိုးရှင်မှ မောင်းသွားတာ မဟုတ်ပါဘူး။ ကားက အလိုအလျောက် ရပ်သွားတာပါ။ ပြီးတော့ ကားပါကင်ထိုးတုန်းကလိုပေါ့။ ပတ်ပတ်လည် Sensor နဲ့ ကင်မရာတို့က အာရုံခံပြီးတော့ သတင်းပို့ပါတယ်။ လူကို သတင်းမပို့ပါဘူး။ ကားကို အလို အလျောက် မောင်းပေးနေတဲ့ စနစ်ကို သတင်းပို့တာပါ။ အိုကေ။ ကားကို ဘယ်သူက အလိုအလျောက် မောင်းပေးသလဲ။
Intelligent Drive
Intelligent Drive ကို မာစီဒီးက သူတို့ Heart of the Car လို့တင်စားပါတယ်။ သူက အသက်ကိုး။ မာစီဒီး ကားတစ်စီးလုံးကို ထိန်းချုပ်၊ လုပ်ဆောင် စေဖို့အတွက် ထည့်သွင်းထားတဲ့ အသိဥာဏ်လို့ ဘာသာပြန်နိုင်ပါတယ်။ မာစီဒီးရဲ့  Operating System ပေါ့။ လူက ကမောက်ကမ လျှောက်လုပ်နေ ရင်တောင် ကားက အလိုအလျောက်ထိန်းကျောင်းသွားပေးမယ့် စနစ်ပါ။ ကိုယ်က ဘေးမှန် တံခါးကနေ အရမ်းလှတဲ့ မိန်းကလေး ဘူးနေတုန်း (ဆောရီး) ကြည့်နေတုန်း ကားဘီးက အကွေ့ အလျှော်ဖြစ်လာတဲ့အခါ အချက်ပေး အသံတွေမြည်ပြီး မျဉ်းပေါ်ပြန်တက်တာ မျိုးပါ။ နောက်ထပ် တစ်ခုတောင်းပန်ချင်ပါတယ်။ ယင်းစနစ်က မြန်မာပြည်နဲ့ သိပ်အသုံးမဝင်လောက်ပါဘူး။ ဘာလို့လဲဆို မြန်မာပြည်လမ်းမှာ ယာဉ်လမ်းကျောကို သေသေချာချာ တားထားပေး တာ နေရာနည်းလို့ပါ။ ကင်မရာနဲ့ Sensor က အာရုံခံ၊ မှတ်သားသွားတဲ့ ပုံရိပ်တွေကနေ Intelligent Drive က အလုပ်လုပ်သွားမှာ ဖြစ်ပါတယ်။ ဂငယ်ကွေ့ ကွေ့ရတဲ့ အခါတွေ နေရာဘယ်လောက် ကျဉ်းကျဉ်း အလွယ်တကူ ကွေ့တာမျိုးကို Test Drive မှာ တကယ် စမ်းသပ် ပြသွားပါတယ်။
အင်ဂျင် အကြောင်း
အရေးအကြီးဆုံးအချက်ကိုမှ ပြောမို့မေ့နေတာ။ E 200 နဲ့ E250 က အင်ဂျင်အရွယ် ၂၀၀၀ စီစီ ဆလင်ဒါ ၆ လုံးပူး၊ ၃ လုံးကို တာဘို တစ်လုံးစီတွဲ မြင်းကောင်ရေအား ၁၈၄ နဲ့ ၂၁၁ အသီးသီး စွမ်းဆောင်ရည် ရှိတဲ့ ကားတွေ ဖြစ်ပါတယ်။ ဒီမှာအများဆု ကွန်ပလိန့်တက်ကြပါတယ်တဲ့။ အင်ဂျင်အရွယ်သေးသေး လေးနဲ့ ကားရဲ့  စွမ်းဆောင်ရည်က ကောင်းပါ့မလားဆိုပြီးတော့။ ဒီအချက်ကို Mercedes Benz က Official ငြင်းဆိုထားပါတယ်။ မာစီဒီး ဂုဏ်အရှိန်အပျက် မခံပါဘူး။ အင်ဂျင်သေးတိုင်း စွမ်းဆောင်ရည်နည်းသွား မယ်ဆိုတဲ့ ရှေးရိုးကို ပယ်ဖျက်ဖို့ဆိုပါတယ်။ အင်ဂျင်သေးတော့ ဆီစားကြိမ်းသေ သက်သာ သွားမယ်။ စွမ်းဆောင်ရည်ကတော့ ယခင်က ထုတ်ခဲ့တဲ့ ၅ လီတာ ကားတွေနဲ့တော့ မထူးမခြားနား တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ သူက Acceleration ကောင်းပါတယ်။ အင်ဂျင်ကောင်းမကောင်းက အဲ့ဒီမှာ ကြည့်တာပါ။ ကီလိုမီတာ ၁၀၀ ကို ၇.၉ နဲ့ ၇.၄ စက္ကန့်အတွင်း အရှိန်မြင့်နိုင်ကြောင်း ဆိုထားပါတယ်။ ဒါက အဆိုလေ။ တကယ်စမ်းသပ်မောင်းနှင်ချိန်မှာ ၅ စက္ကန့်ပဲ အချိန်ယူမှာပါ။ ဘာလို့လဲဆို လီတာ ၃ ထောင် ၆ လံူံးပူ တာဘိုအင်ဂျင်တပ် E400 တုန်းက ၄ စက္ကန့်နဲ့ ကီလိုမီတာ ၁၀၀ တင်နိုင်လို့ပါ။ ဒီတော့ သူတို့ စွမ်းဆောင်ရည် ဘယ်လိုကောင်းမယ်ဆိုတာ ခန့်မှန်းမိနိုင်ပါတယ်။
အင်ဂျင်မှာ ထူးခြားချက်က Ecosystem ပါရှိပါတယ်။ အမှန်တော့ ဒီခေတ်နောက်ပိုင်းထွက် ကားတွေမှာ Ecosystem က ကြိမ်းသေပါမှာပါ။ ကား မီးပွိုင့်တွေပါတွေ မိပြီဆိုရင်စက်ကို သတ်ထားနိုင်ပြီး ချက်ချင်းပြန်ထွက်ဖို့အတွက် အချိန်ယူစရာမလိုပါဘူး။ တစ်အိအိနဲ့ သွားရမယ့်အခြေအနေမျိုးမှာ Eco System က ကောင်းကောင်း အလုပ်လုပ်ပေးမှာ ဖြစ်ပါတယ်။ အိတ်ဇောပိုက် ၂ လုံးပါပြီး ၂၀၁၅ အမှီလေထုညစ်ညမ်းမှု ကာကွယ်ရေး ဥပေဒနဲ့အညီ ထုတ်လုပ်ထားကြောင်း ဆိုပါတယ်။
အနှစ်ချုပ်
စာက တော်တော်လေးများသွားပါပြီ။ ကားတစ်စီးအကြောင်းချည်းသက်သက်ရေးရင်တောင် စာအုပ်တစ်အုပ် မကနိုင်ဘူးလေ။ ဒီလောက်ဆို သူ့အကြောင်းအကြမ်းဖျဉ်းသိလောက်ပါပြီ။ Sport Type နဲ့ Elegance နှစ်မျိုးရှိတယ်လို့ အကြမ်းဖျဉ်းမှတ်ထားနိုင်ပါတယ်။ (အမည်ခေါ်ကတော့ အဲ့လိုမဟုတ်ပါဘူး။) ကား ရှေ့ စက်ဖုံးမှာ လိုဂိုထောင်ထောင်ထောင်ထောင် ပါနေရင် သူက ရှေးအစဉ်အလာနဲ့ ခေတ်ကိုလည်း မှီအောင် လိုက်ချင်တဲ့ Luxury သမားတွေအတွက်ပါ။ ကားစက်ဖုံးမှာ မာစီဒီးလိုဂိုအဝိုင်း ဖိနှိပ်ထားတဲ့ ပုံစံကတော့ လူငယ် တွေအတွက်ပေါ့။  E Class နောက်ဆုံးပေါ်ရဲ့  ထူးခြားချက်က ပြိုင်ကား  ကြိုက်သူ၊ ခပ်ကြွားကြွား ဇိမ်ခံကား ကြိုက်သူများအတွက် ရောစပ်လို့ထုတ်လုပ်ထားခြင်းပါ။ အပြင်မှာကြည့်လိုက်ရင် Sporty ဒီဇိုင်း အတွင်းမှာကျ Elegance ဒီဇိုင်း။ အဲဒါမျိုးကို မာစီဒီး E Class မှာ တကယ်တွေ့မြင်ရမှာပါ။
ကဲ..။ ဘယ်သူ ဝယ်မလဲ။ မာစီဒီးရဲ့  တရားဝင် ရှိုးရွန်းနဲ့ ဆားဗစ်စင်တာလည်း လာဖွင့်မှာပါ။ နိုင်ငံ တကာ နည်းပညာ ရှင်များလည်း ရှိနေမှာ ဖြစ်ပြီး ဝယ်ပြီး After Service လည်းပါဝင်မှာ ဖြစ် ပါတယ်။ ၂ နှစ် အာမခံနဲ့ ရောင်းချပေးမယ့်ကား ဖြစ်ကြောင်းဆိုပါတယ်။ ၂ နှစ်အတွင်း Human Fault မဟုတ်ပဲ Machine Fault ကြောင့် ပျက်ဆီးသမျှအားလုံးကို မာစီဒီးက အကုန်ကျခံပြင် ဆင်ပေးမှာပါ။ နည်းပညာ အဆင့်မြင့်လေလေ ပြင်ဆင် ကုန်ကျစရိတ်က များလေလေပဲလေ။ ဒါကြောင့်လည်း မာစီဒီးကို တော်ရုံလို မျက်စ မပစ်ရဲတာပေါ့။ သူက နည်းပညာအရမ်း အဆင့်မြင့် လွန်းတယ်။ အရင်က ကား ကွန်ပြူတာ ဘောက်စ်ပျက်ရင် သာမန်ဝပ်ရှော့မှာ ပို့ပြီး ဆော့ဖ်ဝဲဒေါင်း လုခ်ဆွဲ ထည့်လိုက်ရုံပဲ။ သို့ပေမယ့် အဲဒါကို ပိုအပျက်များသတဲ့။ ဒါကြောင့် မာစီဒီးက သူ Trust ရှိတဲ့ နည်းပညာရှင်နဲ့ ဆားဗစ်စင်တာကိုပဲ ဒီ ဝန်ဆောင်မှုပေးလုပ်တော့မှာပါ။ ဒါကို လည်း မြန်မာပြည်မှာဖြစ်မြောက် ဖို့အတွက် ရန်ကုန်မှာ စလုပ်နေပါပြီ။ နယ်ဈေးကွက်အတွက် လည်း ရွည်ရွယ်သတဲ့။
Show Room မှာ မဟုတ်ပဲ ဈေးသက်သက်သက်သာသာလိုချင်တယ်ဆိုရင်လည်း used ဝယ်စီး ရုံပါပဲ။ Used ဆိုပေမယ့် အလတ်ကြီးရှိသေးတဲ့ မာစီဒီးတွေ မနည်းပါဘူး။ www.motors.com.mm/cars/mercedes-benz/ ယင်းလခ့်ထဲမှာတောင် အလွယ်တကူ ရျာတွေ့ နိုင်ပါတယ်။ www.mercedes-benz.com.mm ဝဘ်ဆိုဒ်ကနေလည်း ဝင်ရောက် စုံစမ်း လေ့လာ နိုင်ပါတယ်။
ကားက အရမ်း သားနားလွန်းတော့ တောလမ်းနဲ့ အကြမ်းမခံတာ အမှန်ပါပဲ။ ရေကြီးရင်ပို လို့တောင် မစီးသင့် ပါဘူး။ ကားဘီးတစ်ဝက်မြှုပ်လောက်တဲ့ ခရီးလောက်ကိုပဲ မောင်းနှင်ဖို့ မာစီဒီးက Suggest လုပ်ထားပါတယ်။ မဟုတ်ရင် Sensor တွေ ပျက်ကုန်မယ်လေ။ အိုကေ မဖြစ်မနေမောင်းရပြီ ဆိုပါစို့၊ အရှိန် လုံးဝ မလျော့ပဲ မြန်မြန်မောင်းပါတဲ့။ မြန်မြန်မောင်းတဲ့ အားကြောင့် ရေကိုခွဲသွားပြီး ကားရဲ့  အဆင့်မြင့် နည်းပညာ အစိတ်အပိုင်းများ ရေဝင်မှု၊ ရေစိုမှုကို အသက်သာဆုံးဖြစ်နိုင် မယ်ကြောင်း ဆိုပါတယ်။ ဒါက သက်သက်ပေါ့။
လောလောလောဆယ် မာစီဒီး E Class ဝယ်ချင်ရင် Order System နဲ့ ကိုယ့် စိတ်ကြိုက် ပြင်ဆင် အော်ဒါ မှာနိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။
.
Post Footer automatically generated by wp-posturl plugin for wordpress.
Learn more the author of this post:
Aung Kham
I'm Aung Kham who is specializing in Blogging, SEO, Entrepreneurship, Social Media. I am working as Head of SEO in Rocket Internet Myanmar and Chief Editor of some Popular News and Media Websites.

No comments:

Post a Comment