Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 29, 2014

ရခိုင်အရေး နိုင်ငံတကာအဖွဲ့များကို စုံစမ်းစစ်ဆေးခွင့်ပေးသင့်ဟု Burma Campaign UK ပြော



ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဒုချီးယားတန်းကျေးရွာတွင် ဇန်န၀ါရီလအတွင်းကဖြစ်ပွားခဲ့သည့် ပဋိ ပက္ခကို စုံစမ်းစစ်ဆေးရန် နိုင်ငံတကာအဖွဲ့အစည်းများကို ၀င်ရောက်ပါဝင်ခွင့်ပြုမည်မဟုတ်ဟု အစိုးရ၏ တုံ့ပြန်မှုနှင့်ပတ်သက်ပြီး မြန်မာအစိုးရအနေဖြင့် ဖုံးကွယ်မှုမရှိဘဲ အမှန်ကို ပြောသည်ဆိုက နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးကို လက်ခံခြင်းသည် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်ဟု လန်ဒန်အခြေစိုက် Burma Campaign UK ၏ ဥက္ကဌ Mark Farmaner က မဇ္ဈိမကို ပြောသည်။

Mark Farmaner က “မြန်မာအစိုးရအနေနဲ့ ဖုံးကွယ်စရာ ဘာမှမရှိဘူး၊ အမှန်ကိုပြောနေတာဆိုရင်တော့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးကို လက်ခံတာ အကောင်းဆုံး ရွေးချယ်စရာပါပဲ။ လွတ်လပ်တဲ့ နိုင်ငံတ ကာစုံစမ်းစစ်ဆေးရေးမှပဲ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်မှုရှိမှာပါ”ဟု ပြောသည်။

သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒု-၀န်ကြီးဦးရဲထွဋ်ကမူ ရခိုင်အရေးနှင့်ပတ်သက် ၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ပြည်တွင်း၌ လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့အစည်းများရှိသည့် အတွက် နိုင်ငံတကာအဖွဲ့အစည်းများ၏ ပါဝင်ခွင့်ပေးရန် တောင်းဆိုမှုကို လိုက်လျောမည်မဟုတ်ဟု ဇန် န၀ါရီလ ၂၈ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် ဒုချီးယားတန်းကျေးရွာကိစ္စကို နိုင်ငံတ ကာအဖွဲ့အစည်းများနှင့် သံရုံးမှအရာရှိများကို ရှင်းလင်းပွဲမတိုင်မီ မီဒီယာများကို ပြောသည်။

“နိုင်ငံတကာကို ကျွန်တော်တို့ရဲ့နိုင်ငံတွင်းမှာ ဖြစ်ပေါ်နေတဲ့ကိစ္စတွေကို စွက်ဖက်ခွင့် မပြုနိုင်ဘူး”ဟု ဦးရဲ ထွဋ်က ပြောသည်။ ယင်းကဲ့သို့ ပြောကြားခြင်းကို Mark Farmaner ကမူ “မြန်မာအစိုးရအနေဖြင့် ဒီကိစ္စ ဟာ မြန်မာပြည်တွင်းရေးဖြစ်တယ်လို့ပြောတာနဲ့ ယုံကြည်ခိုင်မာစရာ မရှိပါဘူး။ ပထမအချက်အနေနဲ့ နိုင် ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ရင် ဒါကို ပြည်တွင်းရေးဆိုပြီး ပြောလို့မရပါဘူး။ ဒုတိယအနေနဲ့က တော့ မြန်မာအစိုးရဟာ လတ်တလောမှာလည်း မြန်မာပြည်ရဲ့ ပြည်တွင်းရေးလို့ ပြောလို့ရတဲ့ ကိစ္စတော် တော်များများမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ အကူအညီကို ရယူနေလို့ပါပဲ”ဟု တုံ့ပြန် ပြောကြားလိုက် သည်။

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအချို့၏အကူအညီ အထောက်အပံ့များ၊ နိုင်ငံအချို့၏ ချေးငွေများ ဖြင့် အစိုးရ၀န်ထမ်းများကို သင်တန်းများပေးခြင်း၊ ရဲတပ်ဖွဲ့နှင့် တပ်မတော်သားများကို သင်တန်းပေးခြင်း အပြင် ရင်းနှီးမြှုပ်နှံမှုများကို စီမံခန့်ခွဲမှု၊ ဥပဒေကြမ်းရေးဆွဲရေးများတွင် နိုင်ငံအချို့၏ အကူအညီများကို ရ ယူနေရသည်ဟု ၎င်းက ထောက်ပြပြောဆိုသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က “နိုင်ငံတကာသံရုံးတွေက အစိုးရကို Pressure ပေး တာမျိုး မလုပ်ရဘူး။ လုပ်လည်း မလုပ်သင့်ဘူးလို့ ပြောချင်ပါတယ်။ သတင်းဌာနတွေ၊ နိုင်ငံတကာအဖွဲ့ တွေက ဒီလိုလုပ်နေတာ သတင်းဌာနတွေ၊ သံရုံးတွေ၊ ကုလသမဂ္ဂတို့က ဘင်္ဂါလီတွေ၊ ရခိုင်တွေ နောက် တစ်ကြိမ် ပဋိပက္ခဖြစ်အောင် လုပ်နေတာလားလို့ မေးချင်ပါတယ်”ဟု ပြောသည်။

ဒုချီးယားတန်းကျေးရွာတွင် ဇန်န၀ါရီလ ၁၃ ရက်ကဖြစ်ပွားခဲ့သော ဒေသခံဘင်္ဂါလီများနှင့် လုံခြုံရေးရဲများ ပဋိပက္ခကြောင့် ဒေသခံ ၄၀ ကျော် သေဆုံးခဲ့သည်ဟု AP သတင်းဌာနက ရေးသားခဲ့ပြီး နိုင်ငံတကာ အ ဖွဲ့အစည်းများနှင့် သံရုံးများက ယင်းကိစ္စကို စိုးရိမ်ကြောင်းနှင့် နိုင်ငံတကာအဖွဲ့များကို ၀င်ရောက် စုံစမ်း စစ်ဆေးခွင့်ပေးရန် တောင်းဆိုခဲ့ခြင်းကို ဦးအေးသာအောင်က ပြောခြင်းဖြစ်သည်။

ထိုကိစ္စနှင့်ပတ်သက်၍ အစိုးရက တာဝန်ပေးခဲ့သည့် ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင်က ဒုချီးယားတန်း ကျေးရွာတွင် စုံစမ်းမှုများပြုလုပ်ခဲ့ပြီး သေဆုံးမှုမရှိဟု အစိုးရက ဇန်န၀ါရီလ ၂၈ ရက်တွင် နိုင်ငံခြားရေး ၀န်ကြီးဌာန၌ သံရုံးတာဝန်ရှိသူများ၊ နိုင်ငံတကာအဖွဲ့အစည်းများကို ပြောကြားခဲ့သည်။

Mizzima

No comments:

Post a Comment