Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 9, 2014

ခြေတံအရှည်ဆုံး ရုရှားအလှမယ်



ခြေတံအရှည်ဆုံး ရုရှားအလှမယ် ဖြစ်လာသည့် အလုပ်သင်ရှေ့နေမလေး
အလုပ်သင် ရှေ့နေမလေး တစ်ဦးဖြစ်သည့် အနာစတာရှာ စထရာရှက်ဗ်စကာရာသည် ရုရှားနိုင်ငံ၏ ခြေတံရှည် အလှမယ်ပြိုင်ပွဲတွင် အနိုင်ရရှိသွားခဲ့သည်။

ရုရှားနိုင်ငံမှ ဆယ်ကျော်သက် မိန်းကလေးငယ် တစ်ဦးသည် ထူးထူးခြားခြား စံချိန်တစ်ခုအတွက် ဂုဏ်ယူခွင့် ရရှိသွားပြီ ဖြစ်သည်။ အလုပ်သင် ရှေ့နေမလေး တစ်ဦးဖြစ်သည့် အနာစတာရှာ စထရာရှက်ဗ်စကာရာသည် ရုရှားနိုင်ငံ၏ ခြေတံရှည် အလှမယ်ပြိုင်ပွဲတွင် အနိုင်ရရှိသွားခဲ့သည်။ လှပချောမောသည့် အသက်(၁၈)နှစ်အရွယ် ဥပဒေ ကျောင်းသူလေး၏ ခြေတံသည် (၁၀၆)စင်တီမီတာထိ သွယ်လျ ရှည်လျားနေသည်။ Onlineမှတစ်ဆင့် ပရိသတ်များက မဲပေးရွေးချယ်သည့် ခြေတံအရှည်ဆုံး အလှမယ် ပြိုင်ပွဲတွင် အနာစတာရှာက မဲအပြတ်အသတ်ဖြင့် အောင်ပွဲခံခဲ့ခြင်း ဖြစ်သည်။ ဆိုက်ဘေးရီးယားမှ မိန်းမပျိုလေးက ယခုအောင်မြင်မှုအတွက် ဂုဏ်ယူနေသော်လည်း ယင်းကြောင့် သူမ၏ ပညာရေးကိုမူ အထိပါး ခံမည်မဟုတ်ဟု အခိုင်အမာ ပြောကြားထားသည်။

အနာစတာရှာသည် အခြားသော ရုရှားခြေတံရှည် လှပျိုဖြူလေး (၅၂)ဦးကို ကျော်ဖြတ် အနိုင်ယူကာ ပေါင်စတာလင် (၁၆၀၀)တန် ပထမဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုအစီအစဉ်တွင် ဘီကနီမယ်၊ အားကစား ကြံ့ခိုင်မှု အလှမယ်၊ အပြုံးအလှဆုံးမယ်နှင့် ဆံပင်ရွှေရောင် မိန်းကလေးများ သီးခြားပြိုင်ဆိုင်ရသည့် အခြားပြိုင်ပွဲလေးများလည်း ပါဝင်သည်။ ဆိုက်ဘေးရီးယားမှပင်ဖြစ်သည့် အသက်(၂၀)အရွယ် ဘီနာဇာ ဇာမာလိုဗာကမူ ဆံပင်နက်နက် အလှမယ်ပြိုင်ပွဲတွင် ပရိသတ် မဲအများဆုံးဆု ရရှိကာ ပထမဆု ဆွတ်ခူးနိုင်ခဲ့သည်။

အနာစတာရှာက "ကျွန်မ ငယ်ငယ်ကတည်းက ရှေ့နေတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ဒီပြိုင်ပွဲမှာ အနိုင်ရတဲ့အတွက် ကျွန်မဟာ Onlineမှာ တော်တော်လေး လူသိများသွားပါပြီ။ ဒါပေမဲ့ ကျွန်မရဲ့ ရည်မှန်းချက် အနာဂတ်က ဥပဒေ ပညာရှင်တစ်ယောက် ဖြစ်လာဖို့ပါပဲ။ ရလာတဲ့ ဆုကြေးငွေထဲက တချို့ကို ကျွန်မရဲ့ မိဘတွေအတွက် လက်ဆောင် ဝယ်ပေးချင်ပါတယ်။ တချို့ကိုတော့ ကင်ဆာဝေဒနာသည် ကလေးတွေအတွက် လှူဒါန်းချင်တယ်"ဟု သူမက ပြောကြားခဲ့သည်။ သူမက "ကျွန်မဟာ ရှေ့နေတစ်ယောက် ဘဝကို အိပ်မက်နေသူပါ။ ကျွန်မရဲ့ အိပ်မက်ကို အပြောင်းအလဲ အဖြစ်မခံနိုင်ပါဘူး။ အခုကိစ္စဟာ တကယ့်ဘဝအောင်ပွဲကြီးလို့ ကျွန်မ မခံစားရပါဘူး။ ကျွန်မရဲ့ ဘဝမျှော်မှန်းချက်ဟာ အရင်အတိုင်း ရှိနေဆဲပါ။ မိသားစုကတော့ ကျွန်မအတွက် ဂုဏ်ယူကြပါတယ်"ဟုလည်း ဖွင့်ဟသွားခဲ့သည်။

Planet Myanmar Network

Legs elevenski! Siberian lawyer, 18, wins Russia's Miss Longest Legs competition with her 106cm pins

  • Trainee lawyer Anastasia Strashevskaya took title in beauty competition
  • The 18-year-old has 106cm legs and was voted top in online poll
  • But she has vowed not to let fame distract her from legal career dream
By Sam Webb
|
[headerlinks[ A trainee lawyer from Siberia has won the title of the longest legs in Russia with her incredible gazelle-like 106cm pins.
Anastasia Strashevskaya, 18, from Novosibirsk, has been voted 'Miss Longest Legs' in a Russian national beauty contest.
Miss Strashevskaya won a £1,600 prize after beating 52 other contestants to win the title in the competition which also included categories Miss Bikini, Miss Sport, Miss Smile, and Miss Blonde.

No comments:

Post a Comment