Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 28, 2014

အမေရိကသွားမဲ့ မိုးစက်ဝိုင်



29-01-2014

၇ကြိမ်မြောက် အာဆီယံမသန်စွမ်းဆီးဂိမ်း အား ကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းး အနားမှာ Miss Universe Myanmar အလှမယ် မိုးစက်ဝိုင်က အစီအစဉ်တင် ဆက် သူအဖြစ် ဆောင်ရွက်ခဲ့ ပါတယ်။ နေပြည်တော်မှာ သွားရောက်ပြီး ကြို တင်လေ့ကျင့် ပြင်ဆင်မှုတွေလည်း ပြုလုပ်ခဲ့တဲ့ မိုးစက်ဝိုင်က “Presenter အနေနဲ့ ပါဝင်ဖို့ လေ့ ကျင့်ရေးတွေလုပ်ခဲ့တယ်။ စင်ပေါ်မှာ ပြော ရမယ့်စကားတွေကို ကြိုတိုက်ရတယ်။ စိတ် လှုပ်ရှားမှုက ဝမ်းသာတဲ့ စိတ်လှုပ်ရှားမှုတော့ ဖြစ်ပါတယ်။ ကိုယ့်မြန်မာဘာသာ စကားကို သေ သေချာချာကြီး ပြောခွင့်ရတဲ့အပြင် နိုင်ငံခြားသားတွေ နားထောင်နေတဲ့ အခါမှာ လည်း အင်္ဂလိပ်လိုတင်ဆက် ရမှာဖြစ်တဲ့ အတွက် excited ဖြစ်မိပါတယ်။ ဂုဏ် လည်းယူပါတယ်။ မသန်စွမ်း အားကစား သမားတွေရဲ့ အားကစားစိတ်ဓာတ်ကို လည်း ကိုယ်တွေက ဂုဏ်ပြုပေးရမယ်။ ချီး မြှောက်ပေးရမယ်။ ဒီပွဲမှာ ပါဝင်ခွင့် ရတဲ့အတွက် လည်း ဂုဏ်ယူမိပါတယ်” လို့ ပြောပါတယ်။

မိုးစက်ဝိုင်က ဇန်နဝါရီ ၂၂ ရက်နေ့မှ ၂၆ ရက် နေ့အထိ ငွေဆောင်ကမ်းခြေမှာADMA မီဒီယာမှ ဦးစီးပြီး အနုပညာရှင်များ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ဒုတိယ အကြိမ်မြောက် MFF Beach Soccer Cup 2014 ဖွင့်ပွဲမှာ ဆုဖလားကိုင်ဆောင်ပေးခဲ့ပါတယ်။ ဖေဖော်ဝါရီ လဆန်းပိုင်းမှာတော့ အမေရိကကို နှစ်ပတ်ကြာ အလည် အပတ်ပြန်သွား မှာဖြစ်ပြီး ကိုရီးယားကိုလည်း အချိုရည် ကြော်ငြာရိုက်ဖို့အတွက် နှစ်ပတ်ခန့် သွားရောက်မှာဖြစ် ကြောင်းလည်း မိုးစက်ဝိုင်က ပြောပါတယ်။

ကိုရီးယားရိုက်ကူး ရေးအဖွဲ့များနဲ့ ကြော်ငြာရိုက်ကူး မယ့် အကြောင်းကို မိုးစက်ဝိုင်က “ကိုရီးယားမှာ ကြော်ငြာသွား ရိုက်တဲ့အတွက် အိုင်ဒီယာအသစ်အဆ န်းလေးေ တွရမယ်။ ကိုရီးယားတွေရဲ့ ရိုက်ကူးရေးပိုင်းကိုလည်း လေ့လာခွင့်ရမယ်။ အရင်တုန်းကဆိုရင် ကြော်ငြာတွေက ကိုယ့်နိုင်ငံမှာပဲရိုက်ရ တာလေ။ အခုကိုရီးယား ရိုက်ကူးရေးအဖွဲ့တွေနဲ့ သူတို့နိုင်ငံမှာ သွားရိုက်ရမှာဆိုတော့ သူတို့ဘယ်လိုမျိုး ရိုက်ကူးကြတယ်ဆိုတာ ကို လေ့လာခွင့်ရမယ်လို့ ထင်ပါတယ်” လို့ မိုးစက်ဝိုင်က ပြော ပါတယ်။

ခိုင်ဝေလွင်

No comments:

Post a Comment