Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 29, 2014

ပဲခူးဆောင်က ကိုအောင်ဆန်းနှင့် အဆောင်အလွမ်းပြေစာစုများ

တက္ကသိုလ်အဆောင်များအကြောင်း ပြောလျှင် အဆောင်တွေထဲက ထွက်ပေါ်လာသည့် လူပုဂ္ဂိုလ်တို့နှင့် ဆက်စပ်ပြော ဆိုမှ သာလွန်ကောင်းမွန်ပါ မည်။ သည် အဆောင်တွေထဲက သမိုင်းဝင်ပုဂ္ဂိုလ်တွေ အမြောက် အမြား ပေါ်ထွန်းခဲ့သည်။၁၉၃၂ ခုနှစ်တွင် ရေနံ ချောင်းမြို့၊ အမျိုးသားအထက် တန်းကျောင်းမှ ၁ဝတန်းအောင် လာေ သာ နတ်မောက်မြို့သား ကိုအောင်ဆန်းသည် ရန်ကုန် တက္ကသိုလ်သို့ ရောက်ရှိလာ ပြီး ပဲခူးဆောင် အခန်းအမှတ်(၁၁၃) တွင် နေထိုင်ခဲ့သည်ကို ဆရာမင်း သုဝဏ်က ၁၉၄၈ခုနှစ် ပထမ ဆုံးလွတ်လပ်ရေးနေ့၏ နောက် တစ်နေ့ဇန်နဝါရီ ၅ရက်နေ့ထုတ် ဒီးဒုတ်ဂျာနယ်တွင် ဗိုလ်ချုပ် အောင်ဆန်းဂုဏ်ပြုအမှတ်တရ အဖြစ်ရေးသားခဲ့သည့် “ဗိုလ်ချုပ်ဆန္ဒနှင့်ဆရာ့ဝါသနာ” ဆောင်းပါးတွင် ယခုလို ဖော်ပြခဲ့သည်။
” သူ့ကိုစ၍ သိရစဉ်အခါက သူ့မှာကျောင်းသား၊ ကျွန် တော်က နည်းပြဆရာပေါက်စ၊ တက္ကသိုလ်ကျောင်းတိုက် ပဲခူး ဆောင်တွင် အတူ နေကြသည်။ သူက နိုင်ငံရေးဝါ သနာ ပါသော ကျောင်းသား၊ ကျွန်တော်က စည်းကမ်းရိုသေသော ကျောင်း ဆရာ။ တစ်နေ့သောအခါတွင် သူနှင့် ကျွန်တော် တွေ့ကြရ တော့သည်။တစ်ညတွင် စာကြ ည့် ခေါင်းလောင်း ထိုးပြီးနောက် ကျွန်တော်သည် အခန်းစေ့ ကျောင်းသားများရှိ၊မရှိ လိုက် ကြည့်စစ်ဆေးရသည်။ ကိုအောင် ဆန်းကား သူ့အ ခန်းတွင် မရှိ။ ထို့ကြောင့် မရှိသည့် အကြောင်း ကို ဒုတိယအဆောင်မှူးထံသို့ အစီရင်ခံလိုက်သည်။ နာရီဝက် ကြာသောအခါဒုတိယ အဆောင် မှူး ဦးခင်ဇော်သည် ကျွန်တော့် အခန်းသို့ အူယားဖား ယား ပြေးလာသည်။
” ဟေ့ မောင်အောင်ဆန်း တစ်ယောက် မလာဘူးလား” ဟု သူက မေးသည်။ ကျွန်တော် လည်းစာကြည့်စားပွဲမှထ၍ မလာကြောင်း ပြော သည်။” အေး..ကောင်း ပါလေရဲ့ ကွာ။ သူရှိလျက် မရှိဘူးလို့ မင်းကအစီရင်ခံတယ်ဆိုပြီး ဒေါတွေမောတွေနဲ့ ထွက်သွားလို့ မင်းကိုများလာပြီး ထိုးနေ မလားလို့ဆိုပြီး လိုက်လာခဲ့တာ။ လမ်းမှာ တွင်စိတ်ပြေ သွားဟန်တူပါတယ်” ဆို၍ဒုတိယ အဆောင်မှူး ပြန်သွားလေသည်။ အမှန်အားဖြင့်ကား ကိုအောင်ဆန်းမှာထိုအခါက ကျောင်းဆောင်တွေကို လှည့်၍ နိုင် ငံရေးေ ဆွး နွေးလေ့ရှိသဖြင့် အချိန်လွန် ညဥ့်နက်မှ အခန်းသို့ ပြန်လာ လေ့ရှိသည်”  ဟု ဗိုလ်ချုပ်အောင် ဆန်း၏  အဆောင်နေကျောင်သား ဘဝက အဖြစ်အပျက်တစ်ခုကို ဆရာမင်းသုဝဏ်က ဖော်ပြခဲ့ သည်။
တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်း၏ တက္ကသိုလ် အဆောင်နေကျောင်းသားဘဝကို အိုးဝေဦးညိုမြကလည်း ကျွန်တော် ငရဲခွေးဆောင်းပါးရေးစဉ်က  ဆောင်းပါးတွင် ကိုအောင်ဆန်းနှင့် တွေ့ဆုံရပုံ၊ အိုးဝေမဂ္ဂဇင်းဟု အမည်ပြောင်း ခဲ့ပုံများကို ယခုလိုရေးသားထားပါသည်။
ကိုအောင်ဆန်းဟာအရိုင်းခွစာကျောင်းသားတစ်ဦးပါပဲ။ ဒါပေမဲ့ There is method in his madmess ဆိုသလို သူ့အရိုင်းဘဝဟာ ရည်ရွယ်ချက်နဲ့မို့မခေပါဘူး။ကျွန်တော် ၁၉၃၄  ခုနှစ်လောက်က သူနှင့်စတင် သိရှိချိန်မှာ သူကသမဂ္ဂအမှု ဆောင်အဖွဲ့ဝင်ဖြစ်နေပြီး၊ သူ က ဘီအေအောက်တန်းမှာ  ကျွန်တော်က အိုင်အေအထက် တန်း။ ထိုအချိန်က ကျွန်တော် ဟာ ချာတိတ်ကျောင်း သားဖြစ် သော်လည်း ထမင်းစားရာမှာတော့ ကျူတာကြီးများဖြစ်တဲ့ ဆရာဇော်ဂျီတို့၊ ဆရာမင်းသု ဝဏ်တို့နှင့်တစ်စား ပွဲတ ည်း စား တယ်။အဲဒီဆရာတွေက ကျွန်တော့် အစ်ကိုတင်ထွတ်၊ ကိုစိုးတင့်တို့ ရဲ့ မိတ်ဆွေတွေမို့ပါ။
တစ်ခါက ကျွန်တော်တို့ ညစာစားအပြီး မင်းသုဝဏ်ရဲ့ အခန်းထဲမှာ လေပန်းနေကြတယ်။ အဲဒီမှာ ကိုအောင်ဆန်း ရုတ်တရက်ဝင်လာကာ စကား အချီအချပြောရင်းဖြင့် မိတ်ဆွေ ဖြစ်ခဲ့ပြီး အိုးဝေမဂ္ဂဇင်းတွင် အယ်ဒီတာလုပ်ကြရင်းဖြင့် တက္က သိုလ်က ဘာဆာဦးတင်(နောင် မြန်အောင်ဦးတင်)ကို ထိပါးရေး သည်ဆိုသော ” ငရဲခွေးကြီး လွတ်နေသည်”  ပေးစာတစ်စောင်ကို အိုးဝေအယ်ဒီတာကိုအောင်ဆန်းက ထည့်သွင်းဖော်ပြခဲ့သဖြင့် ကိုအောင်ဆန်းကို ကျောင်းထုတ်မည်ဟု ခြိမ်းခြောက်ခဲ့ သည်။ ကိုနုကို ကျောင်းထုတ် သည့်ပြဿနာပေါ်လာပြီးတက္က သိုလ် သပိတ်မှောက်ရာမှ တစ် ဆင့်အမျိုးသားလွတ်လပ်ရေး ကြိုးပမ်းမှုကြီးအထိ ပေါ်ပေါက် လာစေသည်မှာလည်း ဤ တက္ကသိုလ်အဆောင်တွေထဲမှပင် စတင်ခဲ့ခြင်း ဖြစ်သည်။
တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းသည် ၁၉၃၂ ခုနှစ်မှ၁၉၃၈ခုနှစ်အထိ ရန်ကုန် တက္ကသိုလ်ပဲခူးဆောင် အခန်း အမှတ် ၁၁၃တွင် ၆ နှစ်ခွဲမျှနေထိုင်သွား ခဲ့သူဖြစ် ပါသည်။ ၁၉၃၈ ခုနှစ် ဒုတိယ (ဘီအယ်လ်)တန်း တွင် နှစ်စေ့အောင် မနေတော့ ဘဲ ဥရောပတိုက်၌ မြူးနစ် စာ ချုပ်မချုပ်ဆိုမီ စစ်ဖြစ်မတတ် အခြေအနေနှင့် ဗမာပြည်တွင် အဓိကရုဏ်း အခြေအနေများကို ထောက်ဆ၍ တိုင်းပြည် အတွက် ကိုယ်ထိလက်ရောက် လုပ်ကိုင်ရန် နှစ်ဝက်မှာပင် ကျောင်းထွက်၍ သခင်ဘဝသို့ ကူးပြောင်းခဲ့ သူ လည်းဖြစ်သည်။
ကိုအောင်ဆန်းသည် ရန်ကုန်တက္ကသိုလ်ကြီးမှအပြီးတိုင် ထွက်ခွာခဲ့ပြီဆိုသော်လည်း တက္ကသိုလ်နှင့် အဆက်ဖြတ်ခဲ့ သူမဟုတ်၊တက္ကသိုလ်အဆောင် တွင် နေသူဆရာ များ၊ ကျောင်း သားများနှင့် အဆက်အသွယ် မပြတ် ရှိသေးသည်ကို ၁၉၅၃ ခုနှစ် မေလထုတ်မြဝတီမဂ္ဂဇင်း အတွဲ(၁)၊အမှတ်(၇) တွင် ဖော် ပြခဲ့သည့် မြကေတု၏ ” အိမ်နိမ့်စံကိုအောင်ဆန်း”  ဆောင်းပါးတွင် ဖတ်ရှုရပါသေးသည်။
၁၉၄ဝ ပြည့်နှစ် ဇွန်လ ၁ ရက်နေ့တွင် ဟံသာဝတီစီရင် စုလုံးဆိုင်ရာ တို့ဗမာအစည်း အရုံး ညီလာခံကြီးကို ဇလွန်မြို့ တွင်ကျင်းပရာတို့ ဗမာအစည်း အရုံးဌာနချုပ်အထွေေ ထွ အတွင်း ရေးမှူးသခင်အောင် ဆန်းတက် ရောက်ပြီး ချင်းတောင်ပေါ်က ဦးဝမ်းသူမောင်ကို နယ်ချဲ့တို့နှိပ် စက်ပုံအကြောင်း ဟောပြောမှု ကြောင့် ဆုတော်ငွေ ၅ ကျပ်ဖြင့် ဖမ်းဝရမ်းအထုတ်ခံရပါ၏။
ထိုကာလက ဆရာမြကေတု (ဦးချမ်းမြ)သည် ရန်ကုန် တက္ကသိုလ် သထုံဆောင်တွင် ဒုတိယ အဆောင်မှူးလုပ်နေ သောကာလလည်းဖြစ်ရာ သူ တွေ့ဆုံခဲ့ရသည့် ပုဂ္ဂိုလ်များနှင့် သထုံဆောင်အကြောင်းကို ရေး သားခဲ့ပါသည်။
ထိုစဉ်က သထုံဆောင်သည် လူဆူတွေထွက်ပေါ်ရာ အဆောင် တစ်ခုလည်း ဖြစ်ပါ၏။ သထုံ ဆောင်ကိုဂဠုန်ဆောင်ဟုသမုတ် ကြပြီး သထုံဆောင်မှထုတ်သည့် သထုံ လက်သီးမဂ္ဂဇင်းမှာ ထင် ရှားလှပါသည်။ သထုံဆောင် သည် ဦးစိန်တင် (သိပ္ပံမောင်ဝ)၊ ဦးဘတင့်တို့လို အိုင်စီအက်စ် ပုဂ္ဂိုလ်များနေခဲ့သော အဆောင် ဖြစ်သလို ကိုဗဟိန်း၊ ကိုသိမ်း မောင်တို့လို ကျောင်းသားခေါင်း ဆောင်များ၊ ဗိုလ်ရန်နိုင်၊ ဗိုလ် ဇေယျတို့လို ရဲဘော်သုံးကျိပ် ဝင်များလည်း နေထိုင်ခဲ့ပါသည်။ ကိုအောင်ဆန်းနှင့်အတူ အယ်ဒီ တာလုပ်ခဲ့သော ကိုသိန်းတင် (အိုးဝေဦးညိုမြ)မှာလည်း သထုံ ဆောင်မှဖြစ်ပါသည်။ မြကေတု၊ မိုးနက်၊ မောင်ထင်၊ ကုသ၊ ဇော် ဂျီတို့လို ထင်ရှားသည့် စာရေး ဆရာများမှာလည်းသထုံဆောင် မှပင် ဖြစ်ပါသည်။
ဆရာမြကေတုက သူသည် ဒုတိယအဆောင်မှူးအဖြစ် ၄ နှစ် လုပ်ခဲ့စဉ် အခန်းအမှတ် ၁၃၄ တွင် နေထိုင်ခဲ့ပုံ၊ ထိုစဉ်က အခန်းအမှတ် ၈၂ တွင်နေသူ ဗိုလ်ရန်နိုင် (ကိုထွန်းရှိန်)၊ သခင် ဗဟိန်းအခန်း(၁ဝ၅)၊ ဗိုလ်ဇေယျ တို့က သူ့အားဒုက္ခ အမျိုးမျိုး ပေးခဲ့ပုံ၊ သူတို့ဒုက္ခပေးပုံမှာ သူ တို့ အိပ်ရာပေါ်တွင် ခေါင်းအုံး နှစ်လုံးကို အရှည် လိုက်ထား၊ စောင်ခြုံ၊ မီးဖွင့်၊ အတွင်းကလန့် ထိုး၍(အခန်းတွင်း အိပ်နေလေ ဟန်) လုပ်ကာ ရန်ကုန်မြို့ထဲ တစ်ညလုံးလျှောက်လည်၊အဆောင် မှူးကမေးတော့ သူကေ ကျာင်း သားတွေရှိကြောင်း၊ မီးဖွင့်ပြီး အိပ်နေကြကြောင်း ညာခဲ့ရပုံ တို့ကို လွမ်းမောဖွယ်ရေးသားခဲ့ ပါသည်။
သူအဆိုးဆုံး ခံလိုက်ရ သည့် ပြဿနာက ၁၃ဝဝ ပြည့် အရေးတော်ပုံကာလက ကိုဗ ဟိန်းနှင့် ကိုကျော်ငြိမ်းတို့သည် အဆောင်တွင်  အခုနရေးခဲ့ သလို အိပ်နေလေ ဟန် ခေါင်း အုံးနှစ်လုံးဆက် စောင်ခြုံထားရုံ သာမက ခေါင်းရင်းဘက်တွင် (စာကျက်နေလေဟန်) စာအုပ် လေးများပင် လှန်၍ထားခဲ့ပုံ၊ မကွေးတွင် သူတို့နှစ်ဦး အဖမ်း ခံရကြောင်း ကြေးနန်းစာရောက် လာမှ ခေါင်းမီး တောက်ရပုံများ ကို ရေးသားထားသည်။ ထို ဆောင်းပါးတွင်ဒုတိယအဆောင် မှူးလုပ်နေစဉ်ကာလက ကိုအောင် ဆန်းသည်လည်း ဝရမ်း ထုတ်ခံ ထားရသည့်ကာလဖြစ်ရာ သထုံ ဆောင်တွင်လာရောက်ပုန်း ရှောင် နေခဲ့ပုံကိုလည်း ရေးသားထား ပါသည်။
သထုံဆောင်တွင် အခန်း ပေါင်း ၁၃၄ ခန်းရှိပြီး နောက် ဆုံးနံပါတ် ၁၃၄ တွင် ဒုတိယ အဆောင်မှူးနေရပြီး အခန်း နံပါတ် ၁၁ဝသည်ီမွေျုသသာ ခေါ် အမှောင်ခန်း၊ တစ်နည်း အားဖြင့် ကျောင်းသားများ ကျောင်းပိတ်၍ ခေတ္တအိမ်ပြန် ကြလျှင် ပစ္စည်းများသိမ်းပေး သောအခန်းဖြစ်ရာ ထိုအခန်း တွင် ပဲခူးဆောင်မှ ကိုမောင် မောင်ခင်က ကိုအောင်ဆန်း အား လျှို့ဝှက်ထားပေးသည်ကို အ ဆောင်မှူးများပင်မသိခဲ့ပုံများအား ယခုလိုရေးသားခဲ့ပါသည်။
” ကျွန်ုပ်သည် ညည်းသံလိုလိုတစ်ချက် ကြားလိုက်သည့်အတွက် လိပ်ပြာလန့်သွားသည်။ ထိုအတောအတွင်း စာအုပ်တစ်အုပ်ကြမ်းပေါ်သို့ လွှတ်ချသည့် အသံကိုကြားရ သည်။ ၎င်းအသံ မှာအမှောင်ခန်းထဲမှ ပင်ဖြစ်သည်။ ကျွန်ုပ်သည် အိတ်ကပ်ထဲတွင် အသင့်ပါလာသော အမှောင်ခန်း၏ သော့ကို ဆွဲထုတ် ၍ ထိုအခန်းကို ဖွင့်လိုက်သည်။ ကျွန်ုပ်သည် အံ့သြတွေဝေ၍ ကြက်သေ သေနေမိတော့သည်။ များစွာလည်း အားနာ မိသလိုလိုရှိသည်။ ကျွန်ုပ်ပြန် လည် သိမ်းဆည်း ထားသော ကျောင်းသားများ၏ ခင်းနှီးထပ် ကြီးပေါ်တွင် ကိုအောင်ဆန်း အဖျားတက်နေသည်ကို ကျွန်ုပ်တွေ့ရသည်။ ” ကိုအောင်ဆန်း အဖျားတက်နေသလား” ဟု ကျွန်ုပ်မေး မိသည်။
” ကျွန်ုပ်ဘာ လုပ်ပေးရမလဲ၊ အဖျားကျဆေးတစ်ခွက်လောက်..”  ကိုအောင်ဆန်းသည် ဘာ မှ ပြန်မပြောသေး။ ချွေးများကို သာ စောင်ဖြင့်တို့၍နေပါသည်။” ကျုပ် ဒီည သွားမှာပဲ။ ကျုပ်ကို တွေ့တာမပြောနဲ့။ ဒါပဲလိုချင်တယ်”  သူ့စကားသည် တုံးတိတိရှိ လှသည်။ အောက်ကျနေသော စာအုပ်ကို ကျွန်ုပ်ကောက်တင် ပေးခဲ့သည်။
သူ့မျက်စိတွင် ကျွန်ုပ်အား အခန်းထဲ၌ ကြာ ရှည်နေစေလိုဟန်မတူ။ အပြင် ဘက်သို့  ကဲ၍ ကြည့်နေသဖြင့် ကျွန်ုပ်ပြန်ထွက်လာခဲ့သည်”  ဟု ရေးသားထားသည်။ထို့နောက် သခင်အောင် ဆန်းသည် သူ့ကတိအတိုင်းပင် ထွက်ခွာသွားပြီး ဂျပန်စစ်ပညာ သင်၊စစ်ဝန်ကြီးဖြစ်လာ၊ နောက် ဖဆပလအဖွဲ့ဥက္ကဋ္ဌအဖြစ်နှင့် ဆရာမြကေတု (ဦးချမ်းမြ) ၏ဇာတိတောင်ငူသို့ စည်းရုံးရေး ဟောပြောဖို့ ရောက်လာတော့ ဆရာမြကေတုကို ဗိုလ်ချုပ်က တောင်ငူရောက်ရောက်ချင်း ဝင်၍နှုတ်ဆက်ပုံတို့ကို ရေး သားခဲ့သည်။ ဆိုရလျှင် တက္ကသိုလ် အ ဆောင်များတွင်လူပေလူတေ တွေနေခဲ့သလို တိုင်းပြည်ဂုဏ် ဆောင်အာဇာနည်သူရဲ ကောင်း တွေ၊ စာပေအနုပညာရှင်၊ အ တတ်ပညာ ရှင်တွေ လည်း နေ ထိုင်ခဲ့သည်ကို ဖော်ပြလိုရင်း ဖြစ်ပါသည်။
စစ်အစိုးရကာလက တက္က သိုလ်ကြီးကိုပိတ်၍ တက္ကသိုလ် ကျောင်းသားတွေ အစိတ်စိတ် အြ>ွမြာ>ွမာပြိုကွဲအောင် ရန်ကုန် မြို့ပြင် လယ်တောထဲက တက္က သိုလ်တွေ မှာ ကျောင်းတက်စေ ခဲ့ခြင်းဖြင့် ဖြိုခွဲခဲ့သည်။ ယခု တက္ကသိုလ်တွေ၊ တက္က သိုလ်အဆောင်တွေကို ပြန်ဖွင့် ခွင့် ပြုရပါပြီ။ ပဲခူးဆောင်က ကိုအောင် ဆန်းလို  သူရဲကောင်းေ တွပေါ်ထွက်လာဦးမည်ဟုလည်း ယုံ ကြည်မိပါသည်။
 သိန်းအေး
ရည်ညွှန်း- (၁)အိမ်နိမ့်စံကိုအောင်ဆန်း (မြကေ တုရေးသည်)၊(၂)ဗိုလ်ချုပ်အောင်ဆန်း ကျောင်း သားဘဝမှသည် သခင်ဘဝသို့ (မောင်နေထွန်း)၊ (၃) အိုးဝေ၏
ရွှေရတုသဘင်လက်ရွေးစင် (ကလောင်စုံ)၊(၄) စာရေးဆရာ ဦးအောင်ဆန်း (လှမြင့်- ရန်ကုန်တက္ကသိုလ်)
Popular 

No comments:

Post a Comment