Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 23, 2014

” မမွေးသေးတဲ့ ကလေးကို ဖေ့စ်ဘွတ်ကနေ ရောင်းချခဲ့လို့ ချီလီ ဆယ်ကျော်သက်မလေး အဖမ်းခံရ “

ချီလီနိုင်ငံမှ အသက် ၁၈ နှစ်အရွယ် မိန်းကလေး တစ်ဦးသည် သူမ၏ မမွေးဖွားရသေးသော ကလေးငယ်အား လူမှု ဆက်ဆံရေး ကွန်ရက် ဖေ့စ်ဘွတ်မှ တစ်ဆင့် အင်္ဂလိပ်သုံးငွေ ၆၈ပေါင်ဖြင့် ရောင်းချခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
ဗာရွန်နီကာ ကာရယ်ရာချာပါရို အမည်ရှိ ဆယ်ကျော်သက် အရွယ် ချီလီ မိန်းကလေးကို ယင်းပြစ်မှုကြောင့် ဖမ်းဆီးထားပြီး သူမ၏ မိခင်နှင့် ညီမတို့ကိုလည်း မမွေးသေးသည့် ကလေးငယ်အား ရောင်းချရန် ကူညီ ပါဝင် မှုကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်ဟု သိရ သည်။
ရဲတပ်ဖွဲ့၏ အဆိုအရ ချာပါရိုသည် ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် ကိုယ်ဝန်နှစ်လ ဆောင်ထားခဲ့ပြီး သူမက သူမ၏ အသက် ၁၇ နှစ်အရွယ် ယောက်ျားလေး မိတ်ဆွေအား ဤကိစ္စနှင့် ပတ်သက် ၍ နှုတ်ဆိတ်နေရန် တောင်းဆိုခဲ့သည်။ သို့ရာတွင် သူမ၏မိသားစုကိုမူ သူမက ဖွင့်ဟ တိုင်ပင်ခဲ့သည်။
ချာရိုပါ၏ မိခင် အိန်ဂျယ်လာ ချာပါရို ၄၂ နှစ်နှင့် အစ်မ ဒန်နီရယ် ပီရက်ဇ် ၂၄ နှစ်တို့က သူမအား ရွေး စရာ နည်းလမ်း သုံးခုကို ပေးခဲ့သည်။
”ရောင်းပစ်လိုက်၊ ဖျက်ပစ်လိုက် ဒါမှ မဟုတ် မွေးစားဖို့ ပေးလိုက်”ဟူသော ရွေးစရာ ၃ ခုအနက်မှ ရောင်းချရန် နည်းလမ်းကို ချာပါရိုက ရွေးချယ်ခဲ့ပြီး လူမှု ဆက်ဆံရေး ကွန်ရက် ဖေ့စ်ဘွတ်တွင် ကြေညာခဲ့ရာ Concepcion မြို့မှ စုံတွဲ တစ်တွဲက ချက်ချင်း ဆက်သွယ်ခဲ့သည်။
သို့ရာတွင် ထိုစုံတွဲမှာဝယ်ယူရန် အခွင့် မသာခဲ့ပေ။ အဘယ့်ကြောင့် ဆိုသော် ဆန်ဒီ ယေဂိုမြို့မှ မိသားစု တစ်စုက ထိုကလေးငယ်အား ၁၁၃၅ ဒေါ်လာဖြင့် ဝယ်ယူရန် ကမ်းလှမ်းခဲ့ပြီး ဖြစ်သောကြောင့်ဖြစ်သည်။
ကလေးငယ် မွေးဖွားသည့် ၂ဝ၁၃ နိုဝင်ဘာ ၄ ရက်နေ့တွင် ကလေးငယ်အား ဝယ်ယူမည့် မိသားစုက အာဏာ ပိုင်တို့ထံ အကြောင်းကြားခဲ့ပြီး ကလေး ငယ်အား ငွေပမာဏအနည်းငယ်သာ ပေးပြီး ဝယ်ယူခဲ့သည်။
ကလေးငယ်အားဝယ်ယူသည့် မိသားစုကိုလည်း ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး ရုံးတင် စစ်ဆေးနေသည်ဟု သိရသည်။ ဤဖြစ်ရပ်သည် အလွန် ရှုပ်ထွေးသော ကိစ္စ ဖြစ်သည်ဟု ရဲအရာရှိက သုံးသပ်သည်။ အကြောင်း မှာ ချီလီ ဥပဒေအရ လျော်ကြေးငွေ တစ်စုံတစ်ရာဖြင့် မွေးကင်းစ ကလေးငယ်အား အင်တာနက်မှတစ်ဆင့် ပို့ဆောင်ပေးရန် ကမ်းလှမ်းမှုသည် ရာဇဝတ်မှု မမြောက်သောကြောင့် ဖြစ်သည်။
KYL
Ref:Daily Mail
Credit: Popular Journal
11484_810348455647618_493350671_n

Veronica Carrera Chaparro- Chilean girl sold her Baby on Facebook for $113


Veronica Carrera Chaparro a teen mother from Maipu, Chile was arrested after she sold her baby on Facebook for $113 with the help of her mother, sister and grandmother.
18-year-old Veronica Carrera Chaparro, said she found she was pregnant last February, she told her boyfriend, 17, and he made her promise him she would keep it a secret, but she couldn’t hold it for long and told her entire family. He then told Veronica’s family he would be responsible for the pregnancy expenses, birth and the child  after birth.
Her mom Angela Chaparro, 42 and her older sister Daniela Perez, 25 told her since she screw up her life, she had three options left, she could either sell it, abort it or give it up for adoption.

No comments:

Post a Comment