Friday, January 17, 2014
ရခိုင်ပြည်နယ် မောင်တောဒေသမှာ မွတ်စလင်တွေ တိုက်ခိုက်ခံရတယ်ဆိုတဲ့ သတင်းတွေဟာ မှားယွင်းနေကြောင်း၊ အဲဒီလို ဖြစ်ပျက်ခဲ့တာမရှိကြောင်း သမ္မတဦးသိန်းစိန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဒီနေ့ ပြောလိုက်ပါတယ်။
ပုဂံမြို့မှာကျင်းပနေတဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ
"AP မှာ မောင်တောမြို့နယ်မှာ ဘင်္ဂါလီတွေ တိုက်ခိုက်ခံရလို့ သေဆုံးမှုတွေရှိနေတယ်ဆိုတဲ့ သတင်းတစ်ပုဒ်တွေ့တယ်၊ ကျနော်တို့ သိသလောက်တော့ အဲဒီဖြစ်စဉ်လုံးဝမရှိဘူး၊ သို့သော် သေချာအောင်လို့ဆိုပြီး ဒီကနေ့မနက်မှာ ကျနော်ကိုယ်တိုင် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ထွန်းကို ဆက်သွယ်မေးမြန်းတော့ သူကလည်း ဒီလိုဖြစ်စဉ်မရှိကြောင်း ပြောပါတယ်၊ နောက်ပြန်ကြားရေးဝန်ကြီးဌာန
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်၊ ဒုချာယာတန်မှာ ပြီးခဲ့တဲ့အင်္ဂါနေ့ ဇန်န၀ါရီလ ၁၄ ရက်နေ့က အကြမ်းဖက်မှုတစ်ရပ် ဖြစ်ပွားခဲ့တဲ့အတွက် မွတ်စလင်အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အသတ်ခံခဲ့ရတယ်လို့ ကြားသိရကြောင်း ပြည်ပအခြေစိုက် ရိုဟင်ဂျာအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ Arakan Project အဖွဲ့က Chris Lewa ဆိုသူ အမျိုးသမီးတစ်ဦးက ပြောဆိုကြောင်း AP သတင်းက ဖေါ်ပြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ဖို့ရှိတယ်လ
အဲဒီရွာမှာပဲ ပျောက်ဆုံးသွားတဲ့ ရဲတပ်ကြပ်တစ်ဦးကိစ္စကိုလည်
RFA
No comments:
Post a Comment