Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 8, 2014

ဗြိတိန် စီးပွားရေး သုတေသီများ၏ ၂၀၁၄ ခုနှစ် ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံး နိုင်ငံများတွင် မြန်မာပါဝင်

  • ရန်ကုန်၊ ဇန်နဝါရီ ၈

    ဗြိတိန်နိုင်ငံ အခြေစိုက် စီးပွားရေးဆိုင်ရာ သုတေသနနှင့် အကြံပေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် Maplecroft အဖွဲ့အစည်းက ထုတ်ပြန်သည့် ၂၀၁၄ ခုနှစ်အတွက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အကောင်းဆုံး နိုင်ငံများ စာရင်းတွင် မြန်မာ ပါဝင်သည်ဟု ဇန်နဝါရီလ ၈ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့သည်။

    ၂၀၁၄ ခုနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး၊ ကုန်သွယ်ရေး လုပ်ငန်းများ ပိုမို အရှိန်မြှင့်နိုင်ရန်အတွက် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပတ်ဝန်းကျင်ကောင်း တစ်ရပ်ကို မြန်မာအစိုးရက အကောင်းဆုံး ဖန်တီးပေးနိုင်ခဲ့ကြောင်း ယင်းအဖွဲ့အစည်းက ထုတ်ပြန် ကြေညာထားသည်။ 

    မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ရန်အတွက် မြန်မာအစိုးရက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကာအကွယ် ရှိလာခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများကို အခိုင်အမာ ချမှတ်ပေးခြင်းတို့သည် ယခင်ထက် အခြေအနေ ပိုမိုမြင့်တက်ခြင်း ဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။ 

    ယခင်နှစ်အတွင်း မြန်မာနိုင်ငံ၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ခြင်း၊ တရားဥပဒေ စိုးမိုးခြင်း လုပ်ငန်းဆိုင်ရာ မူဘောင်များ ဖြစ်သည့် ပိုင်ဆိုင်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို လေ့လာ သုတေသန ပြုလုပ်ချက်များအပေါ် မူတည်၍ ယင်းသို့ ထုတ်ပြန် ကြေညာလိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်း၏ စီးပွားရေး သုတေသီများက ပြောကြားထားသည်။

    အဆိုပါ Maplecroft အဖွဲ့အစည်း အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းက ထုတ်ပြန်သော ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အခက်အခဲဆုံး နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံသည် နှစ်စဉ်ဆက်တိုက် ပါဝင်နေသော်လည်း ယခုနှစ်ပိုင်းမှ စတင်၍ မြန်မာအစိုးရ၏ စီးပွားရေးကဏ္ဍ တိုးတက်မြှင့်တင်ရေး လုပ်ငန်းစဉ်များသည် သိသိသာသာ အရှိန်မြင့်တက် လာသည်ကို တွေ့ရကြောင်း ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    သို့သော်လည်း စီးပွားရေး လုပ်ငန်းများ စတင်လုပ်ကိုင်ရန် အခက်ခဲဆုံး နိုင်ငံများ စာရင်းတွင် မြန်မာပါဝင်ဆဲ ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။ 

    ယင်းကဲ့သို့ ဆက်တိုက် ဆောင်ရွက်ပါက လာမည့် သုံးနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အခက်အခဲဆုံး နိုင်ငံများ စာရင်းဝင်အဖြစ်မှ အပြီးတိုင် လွတ်မြောက်လာနိုင်ကြောင်း Maplecroft သုတေသီများက ဆိုသည်။

    မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် အလားအလာကောင်းများ ရှိနေသော်လည်း ယခင်အင်အားကြီး စစ်အာဏာရှင် စီးပွားရေး အုပ်စုများ၏ အနှောင့်အယှက်များနှင့် အစိုးရ အင်စတီ ကျူးရှင်းများ အခိုင်အမာ မတည်ဆောက်နိုင်ခြင်းတို့သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုသူများအတွက် အဓိက စိန်ခေါ်မှုတစ်ရပ် ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းမှ အကြီးတန်း သုတေသီ Chris Laws က ဆိုသည်။

    ယင်းအဖွဲ့အစည်းက ထုတ်ပြန်သည့် ယခုနှစ်အတွင်း စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အလားအလာ အကောင်းဆုံး နိုင်ငံများ စာရင်းတွင် မြန်မာအပါအဝင် ဆီနီဂေါ၊ ဂွါတီမာလာ၊ မိုဇမ်းဘစ်နှင့် ရဝမ်ဒါတို့ ပါဝင်ကြောင်း သိရသည်။

    ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အမေရိကန်နိုင်ငံ အခြေစိုက် ထိပ်တန်း မဂ္ဂဇင်းတစ်ခု ဖြစ်သည့် Forbes မဂ္ဂဇင်းသည် ကမ္ဘာပေါ်တွင် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အဆိုးရွားဆုံး ၁၀ နိုင်ငံတွင် မြန်မာနိုင်ငံ ပါဝင်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

    Forbes မဂ္ဂဇင်းက စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် နိုင်ငံအလိုက် အဆင့်သတ်မှတ်၍ နှစ်စဉ် ထုတ်ပြန်လေ့ရှိရာ စုစုပေါင်း ၁၄၅ နိုင်ငံ ရှိသည့်အနက် မြန်မာနိုင်ငံသည် အဆင့် ၁၄၃ ဖြင့် အဆိုးရွားဆုံး နိုင်ငံစာရင်းတွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။


    Business environment improving in Myanmar, Mozambique and Senegal – Legal and Regulatory Risk Atlas


    Myanmar has been identified as the country making the greatest improvements to its business environment for 2014. Strides have been made through reforms to address issues such as corruption; rule of law; the regulatory framework; respect for property rights; and corporate governance, reveals Maplecroft’s annual . Senegal, Guatemala, Mozambique and Rwanda, meanwhile, are among the countries with best performance over the last five years.
    The fifth annual includes 21 risk indices developed to enable companies and investors to monitor the ease of undertaking business in 173 countries. Since 2009 some of the biggest increases in legal and regulatory risk have been experienced by foreign investors in Argentina, Bahrain, Bangladesh and Egypt. Maplecroft states that the business environment in these countries is being curtailed by factors such as a lack of respect for the rule of law and property rights; weak investor protection; increasing regulatory burdens; and poor governance resulting from instability.
    http://maplecroft.com/portfolio/new-analysis/2014/01/08/business-environment-improving-myanmar-mozambique-and-senegal-legal-and-regulatory-risk-atlas/ 

No comments:

Post a Comment