Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 14, 2014

ဂီတသမိုင်းတစ်လျှောက် ကမ္ဘာ့ကုန်ကျစရိတ်အများဆုံး ဂီတဗီဒီယို

ဂီတသမိုင်းတစ်လျှောက် ကုန်ကျစရိတ်အများဆုံးနဲ့ ရိုက်ကူးထားတဲ့ ဂီတဗီဒီယိုဟာ ဘာများဖြစ်မလဲ။ သူ့  ခေတ်သူ့ အခါနဲ့ သူ နာမည်ကြီးကျော်ကြားခဲ့တဲ့ ဂီတပညာရှင်တွေဟာ ဂီတဗီဒီယိုအများအပြားရိုက်ကူးခဲ့ကြ ရာမှာ ဆန်းသစ်တဲ့အတွေးအခေါ်တွေ၊ အပြင်အဆင်တွေ၊ များပြားတဲ့ ကုန်ကျစရိတ်တွေနဲ့ ရိုက်ကူးကြပေမယ့် အခုလက်ရှိထိတော့ ဘယ်ဂီတအနုပညာရှင်ကမှ ပေါ့ပ်ဘုရင်နှစ်ယောက် ပူးတွဲရိုက်ကူးထားတဲ့ ဂီတဗီဒီယို ကို မမှီသေးပါဘူး။
ဒီဂီတဗီဒီယိုဟာ ၄ မိနစ်ကျော်သာကြာပြီး အဖြူအမည်းကာလာနဲ့ ရိုက်ကူးခဲ့ပေမယ့် ဒေါ်လာ (၇) သန်းကျော် တိတိ သုံးခဲ့ပါတယ်။ အခုခေတ် ငွေကြေးတန်ဖိုးနဲ့ ပြန်တွက်မယ်ဆိုရင် ဒေါ်လာ (၁၀)သန်း ကျော်ကုန်ကျခဲ့ပါတယ်။ ဒါရိုက်တာ Mark Romanek ရိုက်ကူးထားတဲ့ ဒီဂီတဗီဒီယိုမှာ Michael Jackson နဲ့  Janet Jackson မောင်နှမနှစ်ယောက် ကိုယ်တိုင်ပါဝင်သီဆိုသရုပ်ဆောင်ထားပြီး ၁၉၉၅ ခုနှစ်က ထုတ်လွှင့် ခဲ့တာဖြစ်ပါတယ်။ အာကာသယာဉ်ထဲမှာ အဓိက ဇာတ်လမ်းဆင်ရိုက်ကူးထားပြီး Michael နဲ့ Janet နှစ်ယောက်ဟာ ကမ္ဘာကနေ ဝေးရာကိုထွက်ခွာလာတဲ့ အာကာသယာဉ်ထဲမှာ နှစ်ယောက်ထဲ အထီးကျန် ရှိနေပုံနဲ့  စတင်ထားပြီး သူတို့ နှစ်ယောက် အပျင်းပြေဖို့ အတွက် အာကာသယာဉ်ထဲမှာ ဖန်တီးလုပ်ဆောင်  ကြပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ထူးခြားတဲ့ကင်မရာရိုက်ချက်တွေ၊ ဆက်တင်တွေနဲ့ မိုက်ကယ်တို့  နှစ်ယောက် အာကာသယာဉ်ထဲမှာ ကခုန်သီဆိုပုံဟာ ၁၉၉၀ ခုနှစ်အကျော်တွေမှာ ရေပန်းစားခဲ့ပါတယ်။
Ref: wikipedia

No comments:

Post a Comment