Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 24, 2014

ဖြူတစ်ကောင် ဓာတ်တိုင်ပေါ်က ပြုတ်ကျလို့ ခေါင်းမှာ ဆူး (၂၇၂)ချောင်း စိုက်ဝင်သွားတဲ့ အမျိုးသမီး


Sandra Nabucco လို့ခေါ်တဲ့ အမျိုးသမီးဟာ သူ့ရဲ့ ခွေးနဲ့အတူ Rio de Janeiro မြို့မှာ လမ်းလျှောက်ထွက်နေတုန်း ဓာတ်တိုင်ပေါ်ကနေ ဖြူကောင်တစ်ကောင်ဟာ သူမခေါင်းပေါ်ကို ပြုတ်ကျခဲ့ပါတယ်။
အသက် ၅၂နှစ်ရှိ ဘရာဇီးလ်နိုင်ငံသူ Sandra Nabucco ကို ဆေးရုံပို့ခဲ့ကြရပြီး သူမခေါင်းမှာ စိုက်ဝင်နေခဲ့တဲ့ ဆူး (၂၇၂)ချောင်းကို ဖယ်ထုတ်ပစ်ခဲ့ရပါတယ်။ ဒီမတော်တဆမှုဖြစ်ပြီးနောက် ကူးဆက်ရောဂါပိုးမ၀င်ဖို့အတွက် သူမဟာ ပဋိဇီဝဆေးတွေ သုံးနေရပါတယ်။
“ကျွန်မက လူသန်တစ်ယောက်မို့လို့ပေါ့။ တခြား သက်ကြီးတစ်ယောက်၊ ဒါမှမဟုတ် ကလေးတစ်ယောက်ဆို သေတောင် သေသွားနိုင်တယ်။ အဲ့ဒီ့နေရာ တစ်ဝိုက်မှာ ဖြူကောင် နှစ်ကောင် ရှိတယ်လို့တော့ တစ်ယောက်ယောက်က ပြောတာပဲ။ ဒါပေမဲ့ ကျွန်မကတော့ တစ်ခါမှ မမြင်ဖူးခဲ့တာ။” လို့  Sandra Nabuccoက ပြောပါတယ်။
ပြုတ်ကျတဲ့ ဖြူကောင်ကတော့ မသေဘူးလို့ ပြောကြတာပါပဲ။

Ref: www.dailymail.co.uk
Trend Myanmar

No comments:

Post a Comment