Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 16, 2014

တဲအတွင်း အိပ်ပျော်နေသော အမျိုးသမီးနှစ်ဦး သစ်ပင်ပိ၍ သေဆုံး


မန္တလေး၊ ဇန်န၀ါရီ ၁၆

တဲအတွင်း အိပ်ပျော်နေသော အမျိုးသမီးနှစ်ဦး သစ်ပင်ပိ၍ သေဆုံးမှု ရမည်သင်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဖြစ်ပွားပုံမှာ ယခုလ ၁၄ရက်နေ့တွင် ရမည်းသင်းမြို့နယ်၊ ပေါင်းလောင်းဒေသ၊ ရွှေအိုးပြည့်လုပ်ကွက်
ဈေးတန်းတွင် အမျိုးသမီးနှစ်ဦး သေဆုံးနေကြောင်း သတင်းရရှိသဖြင့် သွားရောက်စစ်ဆေးရာ ပေါင်းလောင်း ဈေးတန်း တောင်ကြားမှ သစ်ပင် အမြစ်လန်၍ လဲရာမှ ယာယီတဲပေါ်သို့ ပြိုလဲခဲ့ပြီး တဲအတွင်း အိပ်ပျော်နေသော မတင်မာဌေး ၁၈နှစ်လယ်မြင့်ကန်ရွာ၊ နတ်မောက်မြို့နှင့် တစ်ရွာထဲနေ မစန်းဒေ၀ီ၊တို့ မှ သစ်ပင်ပိ၍ မစန်းဒေ၀ီမှာ ဦးခေါင်းကြေမွ၊ ပါးစပ်သွေးထွက်၊ မတင်မာ ဌေးမှာ မျက်လုံးပေါက်ပြဲ၊ ၀ဲလက်ကောက်ဝတ်ကျိုး၊ ခေါင်းဖူးရောင်ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်းသိရသည်။

၎င်းနှစ်ဦးအား ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ရမည်းသင်းမြို့နယ် ရဲစခန်းမှ သေမှု သေခင်း၅/၂၀၁၄အရအမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိ သည်။

ဖိုးလပြည့်

Popular Myanmar News Journal

No comments:

Post a Comment