Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 17, 2014

ပညာသင်ကြားရေး မထိခိုက်ရင် နိုင်ငံရေးလုပ်တာ မတားမြစ်ဟု ဦးဇော်ဌေး ဝန်ခံပြောဆို


ဒီမိုကရေစီအသွင် ကူးပြောင်းနေတဲ့ မြန်မာပြည်မှာ ဘယ်သူမဆို နိုင်ငံရေးလုပ်ခွင့်ရှိတာကြောင့် တက္ကသိုလ်တွေမှာ ပညာသင်ကြားရေး မထိခိုက်ရင် နိုင်ငံရေးလုပ်တာကို မတားမြစ်ဘူးလို့ အဆင့်မြင့်ပညာ ဦးစီးဌာနက ဇန်နဝါရီ ၁၆ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

တက္ကသိုလ်ကျောင်းသားတွေ နိုင်ငံရေးမလုပ်ရဆိုတဲ့ သတိပေးချက်တွေ အဆင့်မြင့်ပညာ ဦးစီးဌာနက သူတို့ အဆညအနေနဲ့ ထုတ်ပြန်ထားတာမရှိဘူးလို့ ပြောဆိုခဲ့ပြီး ပညာရေးကို ထိခိုက်ရင် တားမြစ်မယ်ဆိုတဲ့ သွယ်ဝိုက်သတိပေးမှုကို အတည်ပြုခဲ့ပါတယ်။

မြန်မာနိုင်ငံက တက္ကသိုလ်ကောလိပ်ကျောင်း ၃၅ခုက ပါမောက္ခချုပ်တွေ၊ အဆင့်မြင့်ပညာ ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်တွေ၊ ပညာရေးအကြံပေးအဖွဲ့ဝင်တွေဖြစ်တဲ့ အငြိမ်းစား အရာရှိ ၃၃ယောက်စုပေါင်းပြီး ပညာရေးမြှင့်တင်မှု ညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်တက္ကသိုလ် စိန်ရတုခမ်းမမှာ ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။

စိတ်ပါဝင်စားတဲ့ ဘယ်ပညာရှင်မဆို ပါဝင်လို့ရတယ်လို့ ဖိတ်ခေါ်ထားပေမယ့် နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲမှု ကွန်ရက် NNER က တက်ရောက်တာမရှိဘဲ အစိုးရအရာရှိတွေပဲ ဆွေးနွေးခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ မကုန်ခင်အထိ ၄ကြိမ် ကျင်းပမယ်လို့ ဆိုပါတယ်။

ဆေးတက္ကသိုလ်တွေက ကျန်းမာရေးဝန်ကြီးဌာနအောက်ကနေ ခွဲမထွက်လိုဘူးလို့ ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍသုံးသပ်ရေးလုပ်ငန်းအဖွဲ့က အတွင်းရေးမှူး ဒေါက်တာမျိုးသိမ်းကြီးက ဆိုပါတယ်။

ပညာရေးမြှင့်တင်မှုလုပ်ငန်း အကြံပေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒေါက်တာခင်မာထွန်းက မြန်မာပြည်ပညာရေးဟာ သင်ရိုးညွှန်းတမ်းတွေက အပြစ်ပြောစရာမရှိပေမယ့် သင်ကြားမှုပုံစံက အဓိကလွဲချော်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
Kamayut Media

No comments:

Post a Comment