Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 22, 2014

တစ်ဦးချင်းပိုင်ရှင်များ တက္ကစီဆွဲရန် ခက်ခဲလာသော ပုဂံ

Photo : Bagan Min Min Oo 

ပုဂံဘုရာဖူးခရီးစဉ်များသီုသွားရောက်ရာတွင်ခရီးသည်
အများစုမှာ ခရီးသွားကုမ္ပဏီများဖြင့် ချိတ်ဆတ်၍သွားလာ
ခြင်းကြောင့် တစ်ဦးချင်း တက္ကစီပိုင်ရှင်များမှာ တက္ကစီဆွဲရန်
အတွက် အခက်ခဲများစွာဖြစ်လာကြောင်း ပုဂံလေဆိပ်ရှိ
တက္ကစီဂိတ်တွင် တက္ကစီဆွဲနေသူ ကိုစိုးအောင်က ပြောကြားသည်။

“ ခရီးသည်တွေအ၀င်များပေမယ့် ကျွန်တော်တို့တက္ကစီဆွဲရ
တာတော့ သိပ်မငှားရဘူး။ လေဆိပ်နဲ့သူတို့ တည်းတဲ့ဟိုတယ်
တွေလောက်ပဲ တစ်ရက်ကို တစ်ခေါက်နှစ်ခေါက် ဆွဲရတယ်။ အချိန်ကြာလာတာနဲ့အမျှ ကျွန်တော်တို့ တစ်ဦးချင်းပိုင် တက္ကစီ
သမားတွေ အခက်တွေ့လာရတယ်” ဟု ၎င်းကပြောကြားသည်။

ပုဂံမြို့သည် နိုင်ငံခြားသားခရီးသွားများ ၀င်ရောက်ရာနေရာ
ဖြစ်ပြီး လေ့လာစရာ များစွာရှိသော ရှေးဟောင်းယဉ်ကျေးမှု မြို့တော်တစ်ခု ဖြစ်သည့်အတွက်ဧည့်သည်အများဆုံးလည်ပတ်ရာ
ဒေသဖြစ်သည့်အတွက် တစ်နေရာနှင့်တစ်နေရာ သွားလာရန်
ဝေးကွာသောကြောင့် အငှားယာဉ် အမြောက်အများရှိရာ မြို့လည်း ဖြစ်ပြီးယင်းကဲ့သို့ အငှားယာဉ်အမြောက်အများ ရှိနေရာတွင်ကုမ္ပဏီများသို့ နှစ်စဉ်ကျေး ဖြင့် အသင်းဝင်ထား
သော တက္ကစီများသာ အများဆုံးဆွဲရသောကြောင့် ကုမ္ပဏီ အသင်းမ၀င်နိုင်သော ကားများ မှာအခက်အခဲရှိနေကြောင်း
ပုဂံမြို့ရှိ တက္ကစီသမားများထံမှ သိရသည်။

“ကုမ္ပဏီ တက္ကစီအဖြစ်နှင့် ကားဆွဲမယ်ဆိုရင် မော်ဒယ်လ်မြင့်
ကားဖြစ်တဲ့ Crown တို့ Alphard ကားတွေနဲ့ပဲ အများဆုံးဆွဲရ
တဲ့အတွက် လက်ရှိ မော်ဒယ်နိမ့်ကားပိုင်ထားတဲ့လူတွေကျတော့
လေဆိပ်တို့၊ ဘူတာတို့မှာ ဂိတ်ထိုးပြီးကားဆွဲရတယ်” ဟု ပုဂံရှိ တက္ကစီယာဉ်မောင်း ကိုဖိုးရှမ်းက ပြောကြားသည်။

မော်ဒယ်နိမ့်ကားများမှာ လေဆိပ်၊ ဘူတာ အစရှိသည်တို့တွင်
ပြေးဆွဲရပြီးယင်းနေရာများမှာ ခရီး သည်များတည်းခိုရာ နေရာ
များအထိသာ ပို့ဆောင်ပေးရပြီး အချို့သောခရီးသည်များသည် ကုမ္ပဏီကားများမှ လာရောက်ကြိုခြင်းကြောင့် ယင်းဂိတ်များရှိ တက္ကစီအချို့မှာ တစ်နေ့လုံး နေလို့ ကားတစ်ခေါက်မှမဆွဲရသည့်
အဖြစ်များပါ ကြုံတွေ့နေရကြောင်း ပုဂံမြို့ရှိ တက္ကစီသမားများထံမှ
သိရသည်။

People Power

No comments:

Post a Comment