Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 1, 2014

အများပြည်သူ အကျိုးပျက်စီးစေမှုဖြင့် ပြစ်ဒဏ်ကျခဲ့သူများ အိုးဘိုထောင်မှ လွတ်မြောက်



၁.၁.၂၀၁၄၊ ဗုဒ္ဓဟူးနေ့

အများပြည်သူ အကျိုးစီးပွား ပျက်စီးစေမှုဖြင့် မန္တလေး (အိုးဘို) အကျဉ်းထောင်၌ ပြစ်ဒဏ် ကျခံနေခဲ့ရသူများ နိုင်ငံတော် သမ္မတကြီး၏ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် အမိန့်ဖြင့် လွတ်မြောက် လာကြောင်း အဆိုပါ မန္တလေး အိုးဘိုထောင် တာဝန်ရှိသူထံမှ သိရှိရသည်။
“ကျွန်တော် အပါအဝင် ကိုးဦးလွှတ်ပါတယ်” ဟု အများပြည်သူ၏ အကျိုးပျက်စီးစေမှု (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅) ဖြင့် ထောင်ဒဏ် တစ်နှစ်ကျခံရသူ ဦးမြင့်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဧပြီလ ၂၁ ရက်နေ့က ကျေးရွာတွင် အထိတ်တလန့် ဖြစ်စေရန် ပြုလုပ်သည်ဟုဆိုကာ ကျောက်ဆည်မြို့နယ် တရားရုံးက ထောင်ဒဏ်တစ်နှစ် ချခံရပြီး ထောင်အတွင်းတွင် ရှစ်လနှင့် ၁၁ ရက် နေခဲ့ရကြောင်း ပုဒ်မ ၅၀၅ ဖြင့် ပြစ်ဒဏ်ကျပြီး လွတ်မြောက် လာသူ ကျောက်ဆည်မြို့နယ် လက်ပံကျေးရွာသား ဘာရာကပ်လီက ပြောကြားသည်။

မန္တလေး အိုးဘို အကျဉ်းထောင်မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်တွင် လွတ်မြောက်လာသူ ကိုးဦးမှာ ရဲဝင်းအောင် (ခ) မြင်းလေး (ဘ) ဦးသောင်းရီ ချမ်းအေးသာစံမြို့နယ်၊ အောင်မျိုးကျော် (ခ) မျောက်ကြီး (ဘ) ဦးငြိမ်း ချမ်းအေးသာစံမြို့နယ်၊ ဖြိုးကိုကို (ဘ) ဦးမောင်ထူး ချမ်းအေးသာစံမြို့နယ်၊ မြင့်ဦး (ဘ) ဦးအောင်မင်း ကံသာယာမြို့သစ်၊ ဘာရာကပ်လီ (ဘ) ဦးတွာရေဒင် လက်ပံကျေးရွာ၊ ကျောက်ဆည်မြို့နယ်၊ ခင်မောင်အေး (ခ) လွတ်ကမန်း (ဘ) ဦးဆိုဘန်း လက်ပံကျေးရွာ ကျောက်ဆည် မြို့နယ်၊ ဆမီအွတ်လာ (ခ) လှမြင့် (ဘ) ဦးခင်မောင်အေး လက်ပံကျေးရွာ ကျောက်ဆည် မြို့နယ်၊ မျိုးဝင်းသန်း (ဘ) ဦးဇော်ဝင်း သင်တောင်းကြီးကျေးရွာ ကျောက်ဆည်မြို့နယ်နှင့် အောင်မင်းစိုး (ဘ) တင်ဝင်း သင်တောင်းကြီးကျေးရွာ ကျောက်ဆည်မြို့နယ်တို့ ဖြစ်ပြီး ၎င်းတို့သည် အများပြည်သူ၏ အကျိုးပျက်စီးစေမှု (ပုဒ်မ ၅၀၅) ဖြင့် ပြစ်ဒဏ် တစ်နှစ်ကျခံရသူများ ဖြစ်ကြောင်း မန္တလေးအိုးဘို အကျဉ်းထောင်ထံမှ သိရှိရသည်။

နိုင်ငံတော်သမ္မတက ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် နိုင်ငံတော် သမ္မတရုံး အမိန့်အမှတ် ၅၁/၂၀၁၃ ဖြင့် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်အမိန့် ထုတ်ပြန်ကာ မတရားအသင်း အက်ဥပဒေပါ ပြစ်မှုများ၊
နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု (ပြစ်မှုဆိုင်ရာပုဒ်မ ၁၂၂) အကြည်ညိုပျက်အောင် ပြုလုပ်မှု (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄)၊ နိုင်ငံတော်ကို နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပါပြစ်မှုများ)၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ ပြစ်မှုများ၊ အများပြည်သူ၏ အကျိုးပျက်စီးစေမှု (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅)၊ ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေပါ ပြစ်မှုများအရ ပြစ်ဒဏ်ကျခံရ သူများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးကြောင်း ယင်းအမိန့်ထုတ်ပြန်ချက်အရ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment