Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 23, 2014

မြိတ်မြို့တွင် မူးယစ်ဆေးစွဲနေသူက ဓားဖြင့်ခုတ်၍ ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံး


Friday, January 24, 2014

မြိတ်မြို့ မြိတ်တောင်နယ်မြေ စက်ဝင်းရပ်ရှိ ဒိုင်လမ်းတွင် မူးယစ်ဆေးစွဲနေသူ တစ်ဦးက ကျောင်းဆင်းချိန်တွင် ဓားဖြင့်လိုက် ခုတ်သောကြောင့် သူငယ်တန်းအရွယ် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၃ ရက် ညနေ ၃ နာရီ ၃ဝ မိနစ်တွင် မြိတ်မြို့ဘုရားကိုင် အမက မူလွန်မှ ကျောင်းဆင်းချိန် ပြန်လာသော ကလေးငယ်များကို မူးယစ်ဆေးစွဲနေသူ ဦးကျော်နိုင်ဆိုသူမှ ဓားဖြင့် လိုက်ခုတ်ခဲ့ကြောင်း သိရသည်။

“ဒီလူကလက်ထဲမှာ ဓားရှည်တစ်လက်နဲ့ ပုဆိန်တစ်လက်ကိုင်ပြီး သူငယ်တန်း ကျောင်းသားလေးရဲ့ ဦးခေါင်းကို ဓားနဲ့ခုတ် လိုက်တာ ဦးခေါင်းအထက်ပိုင်း ပြတ်ရှဒဏ်ရာရရှိပြီး သေဆုံးသွားခဲ့တယ်။အဲဒါကို အနားမှာ ဈေးရောင်းနေတဲ့ မနှင်းနှင်းဝေက ဝင်ရောက်ဖြန်ဖြေတာ။ မနှင်းနှင်းဝေလည်း ဦးခေါင်းမှာ ဓားဒဏ်ရာတွေ၊ ပုဆိန်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။ နောက်ထပ်က လေးတစ်ဦးက ခြေနှင့်ကိုယ်ခန္ဓာတွေမှာ ဓားဒဏ်ရာရခဲ့ပါတယ်”ဟု မြိတ်တောင်နယ်မြေ အတွင်းနေထိုင်သူတစ်ဦးက ပြောကြားသည်။

သေဆုံးခဲ့ရသူများမှာ မောင်ဟိန်းမင်းအောင်၊ သူငယ်တန်း၊ အသက် (၇)နှစ်နှင့် မနှင်းနှင်းဝေ (၃ဝ)နှစ်ဆိုသူတို့ ဖြစ်ပြီး ဒဏ်ရာရခဲ့သည့် မောင်ဖြိုးဝေယံ ဒုတိယတန်း၊ အသက်(၈)နှစ်အား ဆေးရုံတွင် အထူးကြပ်မတ် ကုသပေးနေကြောင်း သိရသည်။

“ မူးယစ်ဆေးစွဲပြီး စိတ်ဖောက်ပြန်နေတဲ့ ပုံစံရှိပါတယ်။ အခုတရားခံကို ဖမ်းဆီးရမိထားပြီး ဆေးရုံတင်ထားပါတယ်”ဟု မြိတ် မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ပြစ်မှုကျူးလွန်ခဲ့သူ ဦးကျော်နိုင် အသက်(၄၁)နှစ်အား မြိတ်မြို့နယ် မြို့မရဲစခန်းမှ ပြစ်မှုအမှတ် ၆၅ /၂ဝ၁၄၊ ပြစ်မှု ပုဒ်မ ၃ဝ၂ အရ အမှုဖွင့်အရေးယူနေကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment