Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 9, 2014

အိန္ဒိယ နိုင်ငံက ကမ္ဘာ့အစိုစွတ်ဆုံးနေရာ


အိန္ဒိယနိုင်ငံ အရှေ့ မြောက်ပိုင်းမှာ တည်ရှိပြီး ကမ္ဘာ့ အစိုစွတ်ဆုံးနေရာ အဖြစ် ဂင်းနစ် စံချိန်တင်ထားတဲ့ ရွာ တစ်ခု ဖြစ်ပါတယ်။

ဘင်္ဂလားပင်လယ်အော်နဲ့ နီးတာကြောင့်လည်း ပါဝင်ပါတယ်။ သူ့ရဲ့  မိုးရေရှိန်က ၄၆၇ လက်မ ရှိပါတယ်။ မိုးရေစိုစွတ်ထိုင်းမှိုင်းတဲ့ဒေသမို့လို့ စိုက်ပျိုးရေး အဓိက လုပ်ကိုင်တဲ့ဒေသ ဖြစ်ပါတယ်။ အိမ်တွေရဲ့  ခေါင်မိုးတွေ ပေါ် ကိုလည်း မိုးရေကျသံ မကြားရအောင် မြက်တွေ တင်ထား ရပါတယ်။ ရွာသူ၊ရွာသား အားလုံးဟာ အပြင်ပဲထွက်ထွက် အလုပ်ပဲလုပ်လုပ် ပုံမှာ မြင်တွေ့ရတဲ့ တစ်ကိုယ်လုံးခြုံ ခမောက်ကို  အသုံးပြုကြ ပါတယ်။ တစ်နှစ်ပတ်လုံး မိုးရွာပြီး မိုးရာသီမှာ ခပ်များများရွာ တာနဲ့ အခြားရာသီမှာ ခပ်ပါးပါး ရွာတာပဲ ကွာခြားတာ ဖြစ်ပါ တယ်။ နေခဏ ပူရုံနဲ့တင် အဝတ် ထုတ်လှမ်း ကြပြီး အများစုက အိမ်ထဲမှာပဲ အဝတ်ခြောက်အောင်ထား ပါတယ်။

ဘင်္ဂလားပင်လယ်အော်နဲ့ နီးတဲ့အချက်တစ်ခုတည်းကြောင့် မဟုတ် ပါဘူး။ နွေရာသီအချိန်ခါမှာ အိန္ဒိယကနေ တိဘက်ကို သွားမယ့် Raincloud - စိုစွတ်မိုးတိမ် အချို့ ဟာ ဟိမဝန္တာ တောနဲ့ တောင်တန်းကို မကျော်နိုင်ပဲ ယင်းဒေသမှာ ကျန်ခဲ့ ပါတယ်။

ဒါကြောင့်မို့ ရာသီဘယ်လောက်ပြောင်းပြောင်း မိုးရေစိုစွတ်တဲ့ Mawsynram ( မော်ဆရန်) ရွာကို ကမ္ဘာ့ အစိုစွတ်ထိုင်းမှိုင်းဆုံး နေရာဒေသ တစ်ခုအဖြစ် ဂင်းနစ်စံချိန်တင်ခဲ့ကြောင်း သိရ ပါတယ်။

Credit  : innewsmyanmar.com


Mawsynram–Reportedly the wettest place on Earth, Mawsynram lies in the Khasi hills of Meghalaya in northeast India. Even for people staying here and close to this place can have the most uncomfortable time, especially during the monsoon months when the rain is above 2000mm. Though, recent events of global warming have led to a situation of little rain here.  Meghalaya is currently suffering a rain deficit of 60% this monsoon.
http://mobile.skymetweather.com/content/tag/mawsynram/ 

No comments:

Post a Comment