Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 26, 2014

ပြည်တွင်းရွှေဈေး အတက်ဘက်သို့ ဆက်လက်ဦးတည်နိုင်ဟုဆို

သီဟကိုကို|ဇန်န၀ါရီ ၂၇၊ တနင်္လာနေ့၊ ၂၀၁၄ ခုနှစ်

ကမ္ဘာ့ရွှေဈေးမြင့်တက်ခြင်းကြောင့် ယခုလအတွင်းအမြင့်ဆုံးသို့ရောက်ရှိလာသည့် ပြည်တွင်းရွှေဈေးနှုန်း သည် အမြင့်ဈေးသို့ ဆက်လက်ဦးတည်နေမည်ဟု ခန့်မှန်းကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များက ပြော သည်။

ပြီးခဲ့သည့် ၂၀၁၃ နှစ်ကုန်ပိုင်းတွင် အနိမ့်ဆုံးဈေးအဖြစ် ပြည်တွင်းရွှေ တစ်ကျပ်သားလျှင် ကျပ် ၆၄၉, ၀၀၀ အထိ ထိုးဆင်းခဲ့ရာမှ ယခုနှစ်ဆန်းတွင် ကမ္ဘာ့ရွှေဈေးများ ဦးမော်လာခြင်းအပေါ် အခြေခံကာ ယခုလအတွင်း အမြင့်ဆုံးဈေးနှုန်းအဖြစ် ကျပ် ၆၆၅,၀၀၀ သို့ ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်ဟု ယင်းတို့က ဆိုသည်။

တိတ်စိန်ရတနာရွှေဆိုင်လုပ်ငန်းရှင်ဦးဇော်အောင်က “ပြည်တွင်းရွှေဈေးက တဖြည်းဖြည်း မြင့်တက်နေ တယ်။ ပြီးခဲ့တဲ့လကုန်ပိုင်းက ကမ္ဘာ့ရွှေဈေး ၁,၂၀၀ (ဒေါ်လာ) လောက်ရှိတယ်။ အခု ဒီလမှာတော့ ၁,၂၇၀ (ဒေါ်လာ) ထိကို ပြန်တက်လာတယ်။ အဲဒါကြောင့် ပြည်တွင်းဈေးပါ ပြန်တက်နေတာပါ။ ပြည် တွင်းရွှေဈေး အလားအလာကပြန်ကျဖို့တော့ မရှိသေးဘူးလို့ မှန်းထားကြတယ်” ဟု ပြောသည်။

ဇန်န၀ါရီ ၂၄ ရက်တွင် ပြည်တွင်းရွှေဈေးသည် တစ်ကျပ်သားလျှင် ၆၆၁,၅၀၀ ကျပ်ဈေးရှိရာမှ ဇန်န၀ါရီ ၂၆ ရက်တွင် ၆၆၅,၀၀၀ ကျပ်ဈေးပေါက်လျက်ရှိပြီး ၃ ရက်အတွင်း ၃၅၀၀ ကျပ်ထိ ဈေးတက်လာခြင်း ဖြစ်သည်။

အောင်သမာဓိ ရတနာရွှေဆိုင်၏တာဝန်ခံ ဦးမော်က “ကမ္ဘာ့ရွှေဈေးက သောကြာနေ့(ဇန်န၀ါရီ ၂၄) က ၁,၂၇၀ (ဒေါ်လာ) လောက်နဲ့ ဈေးပိတ်ထားတယ်။ ကမ္ဘာ့ဈေးက အမြင့်ဈေးနဲ့ ပိတ်ထားတယ်။ ပြီးခဲ့တဲ့ လက ၁၂၀၀ ကျော်လောက်အနိမ့်ဆုံးဈေးတန်းတစ်ခုကို ရောက်သွားတော့ တဖြည်းဖြည်းပြန်တက်လာ တဲ့သဘောပါ။ ဇန်န၀ါရီလဆန်းကတည်းက ပြည်တွင်းရွှေဈေးက တဖြည်းဖြည်းတက်လာရာကနေ ရက် ၂၀ လောက်မှာ နည်းနည်းပြန်ကျသွားတယ်။ အခုကတော့ဈေးပြန်တက်လာနေပြီးတော့ အတက်ဘက် ကိုပဲ ဦးတည်ဖို့များတယ်” ဟု ပြောသည်။

ကမ္ဘာ့ရွှေအ၀ယ်ဆုံးနိုင်ငံဖြစ်သည့် အိနိ္ဒယနိုင်ငံသည် ၂၀၁၃ ခုနှစ်အတွင်းက တိုးမြှင့်ထားခဲ့သည့် ရွှေဝယ် ယူမှုအခွန်နှုန်းထား ပြန်လည်လျှော့ချသွားမည်ဟု နိုင်ငံတကာသတင်းများတွင် ဖော်ပြထားပြီး ယင်း အပေါ်အခြေခံကာ အိနိ္ဒယနိုင်ငံ၏ ရွှေဝယ်လိုအားမြင့်တက်လာရန်ရှိနေသဖြင့် ကမ္ဘာ့ရွှေဈေးနှုန်းမြင့် တက်နေခြင်းဖြစ်သည်” ဟု ဦးမော်က ထပ်မံပြောသည်။

ကမ္ဘာ့ရွှေဈေးသည် အမေရိကန်နိုင်ငံ၊ နယူးယောက်ဈေးကွက်အပေါ်မူတည်ကာ ဈေးနှုန်းအတက်အကျ ဖြစ်နေသည်။

No comments:

Post a Comment